bap-logo
Politics

ရန်ကုန်တွင် မျက်စိနာရောဂါအဖြစ်များနေပြီး မျက်စဉ်းဆေးရည် ပြတ်လပ်မှု ရှိနေ

d8E2AsELjm_GxAPr2iplP-image

လွန်ခဲ့သော တစ်နှစ် က

အောက်တိုဘာ ၁၆။

ရန်ကုန်မှာ အခုရက်ပိုင်း မျက်စိနာသူတွေများလာပြီး ဆေးဆိုင်တစ်ချို့မှာ မျက်စဥ်းဆေးရည်တွေ ပစ္စည်း ပြတ်လပ်နေတယ်လို့ ဆိုင်တစ်ချို့က BAP ကိုပြောပါတယ်။

 

ရပ်ကွက်အချို့က ဆိုင်တွေမှာ အရင်ကဝယ်ယူသူနည်းပါးတဲ့ မျက်စဥ်းဆေးတွေပါ ပစ္စည်းကုန်တဲ့ထိ ရောင်းနေ ရပြီး လက်ကားဆိုင်အချို့မှာပါ ပြတ်လပ်နေတယ်လို့ ဆိုပါတယ်။

 

အမေက မျက်စိနာနေလို့ သူ့အတွက် မျက်စဥ်းဆေး သွား၀ယ်တာ ဆေးဆိုင်မှာ မျက်စိနဲ့ ပတ်သက်တဲ့ မျက်စဥ်း ဆေး အကုန်ကုန်နေလို့ ဘာမှမ၀ယ်ခဲ့ရဘူးအသက် ၃၅ နှစ် အရွယ် အမျိုးသမီးတစ်ဦးက ပြောပါတယ်။

 

အခုနှစ် အောက်တိုဘာလဆန်းပိုင်းက စတင်ပြီး ရန်ကုန်မြို့တွင်း နေထိုင်သူ အချို့ မျက်စိနာ‌ရောဂါ ဖြစ်ပွားနေကာ စာသင်ကျောင်း၊ စက်ရုံအလုပ်ရုံ စတဲ့လူအများစု‌ဝေးရာနေရာတွေကနေ တစ်ဦးနဲ့တစ်ဦး ကူးစက်လာတာကြောင့် အိမ်ထောင်စု တော်တော်များများမျက်စိနာနေကြတာလို့ ကိုယ်တိုင်ကြုံတွေ့နေသူတွေက ပြောပါတယ်။

 

ဒါကြောင့် မြို့နယ်အချို့ကဆေးဆိုင်များမှာ မျက်လုံးနဲ့ပတ်သက်တဲ့ ဆေးတွေ အရောင်းသွက်နေတာ ဖြစ်တယ်လို့ သိရပါတယ်။

 

ကျောင်းတက်နေတဲ့ မြေးအကြီးမလေးကနေ မျက်စိနာတာစတာ။ အခု တစ်အိမ်လုံး မျက်စိနာကုန်ကြပြီလို့ ဒဂုံမြို့သစ်မြောက်ပိုင်းမှာနေထိုင်တဲ့ မျက်စိနာဝေဒနာခံစားနေရတဲ့ အသက် ၆၀ အရွယ် အမျိုးသမီးတစ်ဦးက ပြောပါတယ်။

 

မျက်စိနာဝေဒနာ‌‌ကြောင့် အခြေခံ လက်လုပ်လက်စား အချို့ စျေး‌ရောင်း မထွက်နိုင်၊ အလုပ်မဆင်းနိုင်ဖြစ်ကာ စား၀တ်နေရေးကြပ်တည်းနေကြတယ်လို့ ပြောပါတယ်။

 

ဒါ့အပြင်စျေးကွက်အတွင်း ဆေး၀ါးများစျေးကြီးမြင့်ခြင်း အလွယ်တကူ ၀ယ်မရခြင်းတို့ကြောင့် ဆေးမြီးတိုများနဲ့ ကုသနေကြောင်း ရန်ကုန်မြို့ ကျူးကျော်ရပ်ကွက်မှာနေထိုင်တဲ့ အခြေခံလူတန်းစားတွေဆီက သိရပါတယ်။

 

မျက်စဉ်းဆေးပြတ်လပ်မှုဟာ ရန်ကုန်ရဲ့ ဆင်ခြေဖုံးတွေတင်မက မြို့ပေါ်က ဆိုင်အချို့မှာလည်းဖြစ်နေတယ်လို့ သိရပါတယ်။

 

Burma Associated Press

ရန်ကုန်
မျက်စိနာ
မျက်စဉ်းဆေး

Share With
bap-logo