bap-logo
Politics

စစ်ကောင်စီ၏ NCA နှစ်ပတ်လည် တက်ခဲ့သူ သုံးဦးကို ABSDF က တာဝန်မှ ရုပ်သိမ်း

7XmTlDPMYjfZDm02q69rs-image

လွန်ခဲ့သော တစ်နှစ် က

အောက်တိုဘာ ၁၆။

ယမန်နေ့က နေပြည်တော်တွင် စစ်ကောင်စီက ကျင်းပသည့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် ချုပ်ဆိုသည့် နှစ်မြောက် အခမ်းအနားသို့ တက်ခဲ့သည့် တပ်ဖွဲ့ဝင် သုံးဦးကို နိုင်ငံရေးနှင့် စစ်ဘက်ဆိုင်ရာ တာဝန်များမှ ရုပ်သိမ်းလိုက်သည်ဟု ABSDF က ယနေ့ အောက်တိုဘာလ ၁၆ ရက် ညပိုင်းတွင် သတင်းထုတ်ပြန်သည်။

 

ယနေ့ ပြုလုပ်သည့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး- ABSDF အရေးပေါ် ဗဟိုအစည်းအဝေးတွင် ထိုသို့ ဆုံးဖြတ်လိုက် သည်ဟုဆိုသည်။

 

ထို့အပြင် ABSDF သထေားရပ်တည်ချက်များနှင့် ဆန့်ကျင်သည်များ ဆက်လက်မဆောင်ရွက်ရန်လည်း သတိပေးထားသည်ဟု ဆိုသည်။

 

ထုတ်ပြန်ချက်တွင် မည်သူမည်ဝါဖြစ်ကြောင်း နာမည်များ ဖော်ပြမထားသော်လည်း စစ်ကောင်စီကျင်းပသည့် NCA နှစ်ပတ်လည်အခမ်းအနားကို ABSDF ဒုတိယ ဥက္ကဌဖြစ်သူ ရဲဘော်မျိုးဝင်းက တက်ရောက်ခဲ့ခြင်း ဖြစ်သည်။

 

ပုံစာ - နေပြည်တော်ခရီးစဉ်တွင်တွေ့ရသည့် ABSDF ဒုဥက္ကဌ ရဲဘော်မျိုးဝင်း (ဓာတ်ပုံ - လူမှုကွန်ရက်)

 

Burma Associated Press

 

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး
တစ်နိုင်ငံလုံးအပစ်ခတ်ရပ်စဲရေးစာချုပ်

Share With
bap-logo