Politics
လက်နက်ကြီးကျလို့ လားရှိုးမှာ မိသားစုဝင် ၅ ဦး သေဆုံး
လွန်ခဲ့သော ၇ လ က
ဇူလိုင် ၃။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့မှာ ဒီနေ့ ဇူလိုင်လ ၃ ရက် မနက် ၄ နာရီ အချိန်က မြို့တွင်း လက်နက်ကြီး ကျည်ကျရောက်ပေါက်ကွဲတာကြောင့် မိသားစုဝင် ၅ ဦး သေဆုံးခဲ့တယ်လို့ မြို့ခံအချို့ဆီက သိရပါတယ်။
ဒီနေ့မနက်ပိုင်းက လားရှိုးတက္ကသိုလ်အနီး ရပ်ကွက်(၁)က လူ နေအိမ်တစ်လုံးထဲကို လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့တာကြောင့်မိသားစု ၅ ဦးသေဆုံးခဲ့တာလို့ ဒေသခံအချို့က အသိပေးပြောကြားကြပါတယ်။
“တမိသားစုလုံး ၆ ယောက်စလုံး သေတယ်လည်းပြောကြတယ်၊ အပြင်မထွက်ရကြသေးဘူး၊ ညကထဲက တအားပစ်နေကြတာ၊ ဒီမနက်လည်း သံတွေကြားနေရတယ်၊ ဒီမနက်စစ်ရှောင်နေသူ အများကြီးဖြစ်နေတယ်"လို့ မြို့ခံတဦးက ပြောပါတယ်။
လားရှိုးမြို့နယ်က စဉ့်အင်ဖောင်ဆိပ်မှာ ကားတွေတန်းစီစောင့်ဆိုင်းနေကြရပြီး လားရှိုး-စဉ့်အင်ကြား နောင်မွန်ရွာ ဘက်မှာပစ်ခတ်မှုတွေရှိနေတယ်လို့သိရပါတယ်။
လားရှိုးမြို့အနီး မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့တွေ ဇူလိုင်လ ၂ ရက် ညပိုင်းက စတင်တိုက်ခိုက်ရာ တိုက်ပွဲ ပြင်းထန်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
လတ်တလောမှာ လားရှိုး-နမ့်ပေါင်ဘက်လမ်းပိုင်းတွေ ပိတ်ထားသလို လားရှိုးမြို့အဝင်အထွက် ယာယီပိတ်ထားတယ်လို့ သိရပါတယ်။
စစ်ဆင်ရေးအမှတ် - ၁၀၂၇ ရဲ့ ဒုတိယအကြိမ် တိုက်ပွဲတွေဟာ ရှမ်းပြည်နယ်မြောက်ပိုင်းက လားရှိုး၊ နောင်ချို၊ ကျောက်မဲနဲ့ မန္တလေးတိုင်းထဲက မိုးကုတ်၊ မတ္တရာမြို့နယ်တွေမှာ ဖြစ်နေတာပါ။
ဓာတ်ပုံ - လူမှုကွန်ရက်
Burma Associated Press
Related Articles
- နယူးယောက်ရဲအရာရှိက သေနတ်ဖြင့်ပစ်ခတ်၍ ၁၃ နှစ်အရွယ် မြန်မာဒုက္ခသည် ကလေးတစ်ဦးသေဆုံး
- ထိုင်းဘဏ်များက မြန်မာစစ်တပ်အတွက် လက်နက်နှင့် ငွေကြေး စီးဆင်းနိုင်ရန် ထိပ်တန်းထောက်ပံ့ ကူညီသူများဖြစ်သည်ဟု ကုလကျွမ်းကျင်သူပြော
- ပုသိမ်ကြီးမြို့နယ်ထဲက ရွာတွေတစ်ရွာ သုံးယောက် စစ်မှုထမ်းဖို့ဆင့်ခေါ်
- မတ္တရာလေကြောင်းရန်ကာကွယ်ရေးအပါအဝင် စစ်ကောင်စီ အခြေစိုက်စခန်း ၉ ခုထက်မနည်းကို တော်လှန်ရေးတပ်ဖွဲ့များ သိမ်းပိုက်ထား
Top News
လွန်ခဲ့သော ၇ နာရီ က
လွန်ခဲ့သော ၅ ရက် က