bap-logo
Politics

စစ်မှုထမ်းဆင့်​ခေါ်ထားသူ​တွေ သင်တန်းမပြီးခင် တိုက်ပွဲမှာ အသုံးပြု​ခံ​နေရ

wxL9FaJD_JOYbLQdtmjNV-image

လွန်ခဲ့သော ၂ လ က

ဇူလိုင် ၄။

 

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်အတွင်းလက်ရှိတိုက်ပွဲဖြစ်ပွားနေတဲ့နေရာတွေမှာ စစ်မှုထမ်းဖို့ခေါ်ယူထားတဲ့ ကျေးရွာပြည်သူတွေကို ထည့်သွင်းအသုံးပြုနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

 

ဆီဆိုင်မြို့နယ်ထဲက နောင်မွန်၊ဘန်းယဥ်မြို့အပြင် အခြားကျေးရွာက ပြည်သူ့စစ်တွေနဲ့ တအိမ်တယောက်စစ်မှုထမ်းဖို့ခေါ်ယူထားသူတွေကို ထည့်သွင်းအသုံးပြုထားတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

 

"ဟိုရက်ပိုင်းက ဆီဆိုင်ဘုရားဖြူရွာမှာ သင်တန်းပေးနေတယ်၊ သေနတ်ပစ်ဖောက်သံတွေလဲ ကြားနေရတယ်၊ ခုတိုက်ပွဲဖြစ်နေတဲ့ရွာတွေမှာလည်း ပြည်သူတွေကိုထည့်သွင်းထားတယ်၊ သင်တန်းပြီးအောင်တောင် မတက်ရသေးသူတွေပါ ထည့်နေတော့ မိဘတွေ စိတ်ပူနေရတယ်"လို့ ဒေသခံတဦးက ပြောပါတယ်။

 

ဆီဆိုင်မြို့နယ်အတွင်း တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး တိုက်ပွဲအတွင်း စစ်ကောင်စီက လက်နက်ကြီးနဲ့ ရမ်းသမ်း ပစ်ခတ်မူကြောင့် ပြည်သူတွေရဲ့နေအိမ်အချို့ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

 

ဆီဆိုင်မြို့နောင်မွန်မြို့နယ်ထဲမှာလဲ ပြည့်သူ့စစ် အဖြစ်ခေါ်ယူထားတဲ့သူတွေကို မြို့နယ်အတွက်လုံခြုံရေးအတွက်သာ အသုံးပြုမယ်လို့ အသိပေးထားပေမယ့် လက်ရှိတိုက်ပွဲဖြစ်ရာနေရာတွေမှာ ထည့်တာမျိုးရှိနေတယ်လို့ ဒေသခံအချို့က ပြောပါတယ်။

 

"စစ်ထဲမဝင်ချင်ရင်ပြည်သူစစ်ထဲဝင်ရမယ်၊ မဝင်ချင်ရင် စစ်မှုထမ်းစားရိတ် တလတသိန်းနီးပါး ပေးရတော့ ငွေမတတ်နိုင်သူတွေက ပြည်သူ့စစ်အဖြစ်ပါ နေကြတယ်၊ မြို့ဝင်မြို့ထွက်နေရာတွေနဲ့စျေးတွေမှာ စောင့်ရတယ် ညဆိုကင်းပတ်နေရတယ် နောင်မွန်မှာတိုက်ပွဲဖြစ်ရင်တော့ သူတို့ပါ ဝင်တိုက်ရမယ်လို့ ပအိုဝ်းပြည်သူ့စစ်က သတိပေးထားတယ်"လို့ နောင်မွန်ဒေသခံတဦးက ပြောပါတယ်။

 

ဇူလိုင်လ ရက်ကလည်း စစ်ကောင်စီနဲ့ စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်က ဆီဆိုင်မြို့နယ် ပင်လောင်းမြို့နယ်တို့က ကျေးရွာအတွင်းစစ်ကြောင်းထိုးကာ ကျေးရွာများကို ဖျက်ဆီးခြင်းများ ပြုလုပ်နေတယ်လို့ သိရပါတယ်။

 

Burma Associated Press

ရှမ်းပြည်တောင်ပိုင်း
ဆီဆိုင်မြို့
လူငယ်
စစ်မှုထမ်းဥပဒေ

Share With
bap-logo