Politics
PNO ပြည်သူ့စစ်က အမျိုးသားတစ်ဦးကို လူမြင်ကွင်းမှာ ပစ်သတ်ခဲ့
လွန်ခဲ့သော ၇ လ က
ဇူလိုင် ၄။
စစ်ကောင်စီလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ်- PNO က ဆီဆိုင်မြို့နယ် ထမ်းယံတိုင်ကျေးရွာက အမျိုးသားတဦးကို လူမြင်ကွင်းဖြစ်တဲ့ ရွာလယ်ခေါင်တွင် ပစ်သတ်ခဲ့တယ်လို့ သိရပါတယ်။
အသတ်ခံရသူဟာ ခွန်တငွေဆိုသူဟာ ရပ်ရွာထဲရှိ နာရေးအိမ်မှာ အသုဘစောင့်အိပ်ပေးရာကနေ ဇူလိုင်လ ၃ ရက် မနက် ၇ နာရီခန့်မှာ ၎င်းနေထိုင်ရာနေအိမ်ကို ပြန်လာစဉ် ကျေးရွာအတွင်းတပ်စွဲထားတဲ့ PNO ပြည်သူ့စစ်က ပစ်သတ်ခဲ့တယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်က အသိပေးထုတ်ပြန်ပါတယ်။
PNO ပြည်သူ့စစ်က ပစ်သတ်ပြီးနောက် မိသားစုဝင်တွေကို အလောင်းသယ်ယူခွင့်မပြုဘဲ ရွာလယ်ခေါင် ပစ်သတ်ခံရတဲ့နေရာမှာ အချိန်အတော်ကြာထားရှိပြီး ညနေပိုင်းမှသာ သယ်ယူခွင့်ပြုခဲ့တယ်လို့ သိရပါတယ်။
"သူတို့ကပစ်သတ်ခွင့် လိုင်စင်ရထားသလိုပဲ၊ လမ်းတလျောက်လည်း စစ်ဆေးဂိတ်တွေက စစ်တယ်၊ မှန်ချထားတဲ့ ကားတွေဆို ရမ်းပစ်တတ်လို့ မိုးရွာချိန်လည်း တလမ်းလုံးဖွင့်ထားရတယ်၊ အသက်ကြီးတဲ့သူတွေက မကြားလို့ မောင်းသွားရင်တောင် ပစ်သတ်ခံရမှာစိုးလို့ ဘေးကလူတယောက်ကလိုက်ပြီး သတိပေးနေရတဲ့ အနေအထား"လို့ ဆီဆိုင်မြို့နေထိုင်သူတဦးက ပြောပါတယ်။
စစ်ကောင်စီနဲ့လက်ပါးစေပြည်သူ့စစ်တွေက ထမ်းယံတိုင်ကျေးရွာအတွင်း တပ်စွဲထားပြီး ဒေသခံပြည်သူတွေ ရွာပြင်ထွက်ခွင့်ပိတ်ပင်ထားတယ်လို့ သိရပါတယ်။
ဓာတ်ပုံ- လူမှုကွန်ရက်
Burma Associated Press
Related Articles
- ပုသိမ်ကြီးမြို့နယ်ထဲက ရွာတွေတစ်ရွာ သုံးယောက် စစ်မှုထမ်းဖို့ဆင့်ခေါ်
- လက်နက်ကြီးကျလို့ လားရှိုးမှာ မိသားစုဝင် ၅ ဦး သေဆုံး
- စစ်မှုထမ်းဆင့်ခေါ်ထားသူတွေ သင်တန်းမပြီးခင် တိုက်ပွဲမှာ အသုံးပြုခံနေရ
- မတ္တရာလေကြောင်းရန်ကာကွယ်ရေးအပါအဝင် စစ်ကောင်စီ အခြေစိုက်စခန်း ၉ ခုထက်မနည်းကို တော်လှန်ရေးတပ်ဖွဲ့များ သိမ်းပိုက်ထား
Top News
လွန်ခဲ့သော ၅ နာရီ က
လွန်ခဲ့သော ၄ ရက် က