bap-logo
Politics

ကော့ကရိတ်အနီးတဝိုက်က ရွာတွေကို စစ်ကောင်စီက စစ်ကြောင်းထိုးနေ

nmhU-iAaK1utQAVz7UvV6-image

လွန်ခဲ့သော တစ်နှစ် က

စက်တင်ဘာ ၁၀။

 

စစ်ကောင်စီတပ်ဟာ ကော့ကရိတ်မြို့အနီးတဝိုက် တောင်ကြာအင်းကျေးရွာနဲ့ ပါတ်ဝန်းကျင်က ရွာတွေကို ဒီနေ့ စက်တင်ဘာလ ၁၀ရက် မနက်ပိုင်းက စစ်ကြောင်းထိုးလာနေတယ်လို့ ဒေသခံတွေက BAPကို ပြောပါတယ်။

 

အဲ့ဒီလို စစ်ကြောင်းထိုးလာတဲ့အတွက် တောင်ကြာအင်းနဲ့ အနီးအနားပတ်ဝန်းကျင်ကျေးရွာက ဒေသခံတစ်ချို့ တိမ်းရှောင်နေကြရပါတယ်။

 

စစ်ကြောင်းထိုးလာနေတဲ့ တစ်ချိန်ထဲမှာပဲ အဲဒီကျေးရွာတွေကို စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်နေပါတယ်။

 

“စစ်ကောင်စီတပ်တွေက တောင်ကြာအင်းမှာ ရှိတဲ့ တိုက်နယ်ဆေးရုံနဲ့ ဆင်နှစ်ကောင်ဘုန်းကြီး ကျောင်းမှာ တပ်စွဲနေပြီး ဒီဘက်ကအဖွဲ့တွေနဲ့ စစ်ရေးတင်းမာနေတယ်“လို့လည်း မြေပြင်သတင်း အရင်းအမြစ်ကနေ သိရပါတယ်။

 

စစ်ကောင်စီဟာ စက်တင်ဘာလ (၈) ရက်ကတည်းက တောင်ကြာအင်းနဲ့ အနီးအနားကရွာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တဲ့အပြင် အင်အားတိုးပြီး စစ်ကြောင်းထိုးလာနေတာလို့လည်း သူက ပြောပါတယ်။

 

လက်ရှိမှာတော့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီနဲ့ တော်လှန်ရေးအင်အားစုပူးပေါင်းတပ်တွေ တိုက်ပွဲ ဖြစ်ပွားနေပါတယ်။

 

တိုက်ပွဲအခြေအနေနဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးမှု အခြေအနေကိုတော့ BAPအနေနဲ့ မသိရှိရသေးဘဲ ဆက်လက် မေးမြန်းနေဆဲပါ။

 

Burma Associated Press

ကေအဲန်ယူ

Share With
bap-logo