bap-logo
Politics

ကန့်ဘလူတွင် စစ်ရှောင်ပြည်သူ နှစ်ဦးမြွေကိုက်ခံရ၊ တစ်ဦးသေဆုံး

ajtaB0CHxrKcmqebHunS_-image

လွန်ခဲ့သော တစ်နှစ် က

 

 

ကန့်ဘလူ၊ စက်တင်ဘာ ၈။

 

 

စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်တွင် စစ်ဘေးရှောင်ပြည်သူနှစ်ဦး ယခု စက်တင်ဘာ ၄ ရက်က မြွေကိုက်ခံရပြီး တစ်ဦးမှာအချိန်မှီဆေးကုသခွင့်မရရှိဘဲ သေဆုံးခဲ့သည်ဟု ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က ဆိုသည်။

 

ကိုးတောင်ဘို့တိုက်နယ်၊ အလယ်ခုံရွာမှ အသက် ၂၅ နှစ်အရွယ် အမျိုးသားတစ်ဦး၊ အင်းလယ်ကြီးရွာမှ အသက် ၃၈ နှစ်အရွယ် မမာရီဆိုသူ အမျိုးသမီးတစ်ဦး မြွေဆိုးကိုက်ခံခဲ့ရခြင်းဖြစ်သည်။

 

ထိုသို့ မြွေဆိုးကိုက်ခံရသော်လည်း စစ်ကောင်စီတပ်မှ စစ်ကြောင်းနှစ်ကြောင်းဖြင့် ပစ်ခတ် စစ်ကြောင်း ထိုးနေခြင်းကြောင့် အချိန်မှီဆေးကုသခွင့်မရရှိဘဲ မမာရီဆိုသူအမျိုးသမီးမှာ အသက်ဆုံးရှုံးခဲ့ရကြောင်း စစ်ဘေးရှောင်ပြည်သူများထံမှသိရသည်။

 

စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်တွင် မြွေဆိုးကိုက်ခံရမှု မြင့်တက်နေပြီး ‌ဖြေဆေးရရှိမှု မလောက်ငှဘဲ ကွာဟချက်များရှိနေသည်ဟု ကျွန်းလှ-ကန့်ဘလူ တက်ကြွ လှုပ်ရှားသူများ အဖွဲ့ တာဝန်ရှိသူက BAP ကို မကြာသေးမီက ပြောထားသည်။

 

ပြီးခဲ့သည့် ဩဂုတ်လ တစ်လအတွင်းမှာပင် ကန့်ဘလူခရိုင်တွင် မြွေကိုက်ခံရသူ ၁၁ ဦး အထိ ရှိနေပြီး နှစ်ဦး အသက်ဆုံးရှုံးခဲ့ရသည်။

 

မြွေဆိုးကိုက်ခံရသူ ၁၁ ဦးမှာ အမျိုးသား ကိုးဦးနှင့် အမျိုးသမီး နှစ်ဦး ပါဝင်ပြီး သေဆုံးသူများတွင် အသက်မပြည့်သေးသည့် ကလေးတစ်ဦး ပါဝင်သည်။

 

လက်ရှိ ကန့်ဘလူခရိုင်ထဲတွင် ထန်းကုန်းတိုက်နယ်နှင့် ဇီးကုန်းတိုက်နယ်ရှိ ကျေးရွာ ၁၄ ရွာမှ ပြည်သူနှစ်သောင်း ခန့်သည် စစ်ကောင်စီ စစ်ကြောင်းများကြောင့် တိမ်းရှောင် နေရသည်ဟု ဒေသခံများက BAP ကိုပြောသည်။

 

ဓာတ်ပုံ - ကျွန်းလှ တက်ကြွလှုပ်ရှားသူများ

 

Burma Associated Press

 

 

 

 

စစ်ကိုင်း
ကန့်ဘလူ
မြွေဆိုးကိုက်ခံရ

Share With
bap-logo