bap-logo
Politics

မန္တလေးထောင်ကို ပြောင်းခံရတဲ့ နိုင်ကျဥ်း ၁၀၀ ကျော် နှိပ်စက်ခံရပြီး ဆေးဝါးကုသ ခွင့်မရ

QwNQKxo-KvD1lUYUN4Jbz-image

လွန်ခဲ့သော တစ်နှစ် က

စစ်ကိုင်းတိုင်း၊ မုံရွာမြို့အကျဥ်းထောင်ကနေ မန္တလေး(အိုးဘို)အကျဉ်းထောင်ကို ရွှေ့ပြောင်းခံလိုက် ရတဲ့ နိုင်ငံရေး အကျဥ်းသားတွေဟာ ထောင်အာဏာပိုင်တွေရဲ့ ဝိုင်းဝန်းရိုက်နှက်တဲ့ ဒဏ်ရာတွေရရှိခဲ့ပြီး ဆေးဝါးကုသမှု ခံယူခွင့်မရဘူးလို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် ထံက သိရပါတယ်။

 

ဆေးဝါးကုသမှုက သီးသန့်ရရှိတာမရှိဘူး။ ထောင်တွင်းက နိုင်ငံရေးအကျဉ်းသားဆရာဝန် (အကျဉ်းကျဆရာဝန်)တွေ လာချိန်မှာတော့ သူတို့တွေအတွက်ပြသခွင့်ရှိတယ်။ အကျဉ်းသားတွေကို စောင့်ရှောက်ပေးနေတဲ့ နိုင်ငံရေးအကျဉ်းသား ဆရာဝန်တွေကပဲ ကုသမှုပေးနေတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေး အကျဉ်းသားများကွန်ရက်မှ ကိုသိုက်ထွန်းဦးက ပြောပါတယ်။

 

ပြီးခဲ့တဲ့ သြဂုတ် ၁၅ ရက်က မုံရွာထောင်ကနေ နိုင်ငံရေးအကျဥ်းသား ၉၀ ဦးနဲ့ အကျဥ်းသူ ၁၁ ဦး စုစုပေါင်း ၁၀၁ ဦးကို မန္တလေးအိုးဘိုထောင်ကို ရွှေ့ပြောင်းခဲ့ပြီး သြဂုတ် ၁၆ ရက် မနက် နာရီအချိန်က အိုးဘိုထောင်တွင်းမှာ ရိုက်နှက်ခံခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။

 

အကျဉ်းသားတွေကိုရိုက်နှက်တာက အဓိက အကြောင်းပြချက်မရှိဘူး။ သူတို့ (စစ်ကောင်စီ လက်အောက်ခံ အကျဉ်းဝန်ထမ်း)က ရိုက်ချင်လို့ကိုရိုက်တာလို့ ဖြေတတ်တဲ့အကျင့်ရှိတယ်။ နိုင်ငံရေး ဂုဏ်သိက္ခာကို ရိုက်ချိုးလိုက်တာ။ ထောင်ထဲမှာသူတို့ကို ပြန်မပြောရဲအောင် သူတို့ကိုပြန်ပြီးတော့ မေးခွန်းမထုတ်ရဲအောင် ပုံစံပေးတဲ့သဘောနဲ့ တွင်တွင်ကျယ်ကျယ် ဖိနှိပ်ရိုက်နှက်တာတွေကို လုပ်လာတယ်"လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်မှ ကိုသိုက်ထွန်းဦးက ပြောပါတယ်။

 

ထောင်အာဏာပိုင်တွေက အခုလိုဝိုင်းဝန်း ရိုက်နှက်ခဲ့တာကြောင့် နိုင်ငံရေးအကျဥ်းသား ၅၀ ဦး ပေါက်ပြဲဒဏ်ရာ၊ ပွန်းပဲ့ဒဏ်ရာတွေရရှိခဲ့ပြီး အဲ့ဒီထဲကမှ ဦးဟာ ဒဏ်ရာပြင်းထန် ရရှိခဲ့ကြတယ်လို့ လည်းသိရပါတယ်။

 

အဲ့ဒီဖြစ်စဉ်နဲ့ပတ်သတ်ပြီး မန္တလေးအိုးဘိုထောင်ကို ပြောင်းရွှေ့ခံရသူတွေထဲမှာပါဝင်တဲ့ နိုင်ငံရေး အကျဉ်းသားတစ်ဦးရဲ့ မိခင်က ထောင်အာဏာပိုင်တွေဆီကို ဆက်သွယ်စုံစမ်းမေးမြန်းခဲ့ပေမယ့် ရိုက်နှက်တာတွေမရှိဘူးလို့ ငြင်းဆိုခဲ့တယ်လို့မိသားစုဝင်တွေရဲ့ ပြန်လည်ပြောပြချက်အရ သိရပါတယ်။

 

မုံရွာက နိုင်/ကျဥ်းတွေကို စစ်ကောင်စီတပ်သားတွေက ပြီးခဲ့တဲ့ သြဂုတ် ၁၅ ရက် ညနေ နာရီကျော်မှာ အချုပ်ကားနဲ့မပြောင်းဘဲ မိုးကာတွေအုပ်မိုးထားတဲ့ ၁၂ ဘီးကုန်တင်ကားနဲ့ စစ်ကား စီးကိုအသုံးပြုကာ ပြောင်းရွှေ့ခဲ့ချိန်မှာ မုံရွာ-မန္တလေးကားလမ်းဘေးကမြေနဲကျေးရွာ အရောက်မှာ မိုင်း ကြိမ် ဆွဲခံလိုက်ရတာကြောင့် နိုင်ငံရေးအကျဥ်းသား CDM ဆရာဝန် ဒေါက်တာ ဇော်ထွယ်အောင် သေဆုံးပြီး ၂၀ ဦးကျော် ဒဏ်ရာရရှိခဲ့ပါတယ်။

 

အဲ့ဒီလိုထောင်ပြောင်းရွှေ့ချိန်မှာလည်း နိုင်ငံရေးအကျဉ်းသားတွေကို ၂ ယောက်တွဲစီ ခြေလက်တွေကို သံထောက်တွေခတ်ပြီး ခေါ်သွားခဲ့တယ်လို့လည်း မိသားစုဝင်တွေရဲ့ ပြန်လည်ပြောပြချက်အရ သိရပါတယ်။

 

၂၀၂၃ ခုနှစ် မေလ နောက်ပိုင်းကစလို့ မြန်မာနိုင်ငံတဝန်းကအကျဉ်းထောင်တွေမှာ နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူတွေကို ထောင်အာဏာပိုင်တွေက ဥပဒေမဲ့ ညှင်းပန်းနှိပ်စက်တာ၊ ထောင်ပြောင်း ရွှေ့တယ်လို့ဆိုကာ လမ်းမှာပစ်ခတ်သတ်ဖြတ်တာတွေကို စစ်ကောင်စီဘက်က လုပ်ဆောင်လာနေ တာလည်း ဖြစ်ပါတယ်။

 

Burma Associated Press

နိုင်ငံရေးအကျဉ်းသား
မန္တလေး

Share With
bap-logo