bap-logo
Data

Wednesday facts

nd5wgogwO-n33CwRJ1wvb-image

လွန်ခဲ့သော တစ်နှစ် က

စက်တင်ဘာ ၁၃။

 

BAP ရဲ့ ယခုတစ်ပတ် Wednesday facts အစီအစဉ်မှာတော့ စက်တင်ဘာ ၆ ရက်ကနေ ၁၂ ရက်အထိ သတင်းဖြစ်စဉ်တွေထဲကနေ ထင်ရှားခဲ့တဲ့ ကိန်းဂဏန်းတွေကို တင်ဆက်ထားပါတယ်။

 

၆၀.၆၆

 

 

မြန်မာနိုင်ငံမှာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ပထမငါးလအတွင်း အရင်နှစ်ကာလတူကထက် နိုင်ငံခြား တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု ၆၀.၆၆ ရာခိုင်နှုန်း ကျဆင်းသွားတယ်လို့ DICA က ထုတ်ပြန်ပါတယ်။

 

၄၀၀

 

 

ဘက်ပြောင်းလာတဲ့ တပ်မတော်သား သုံးထောင်ကျော်အနက် ၄၀၀ ကျော်က စစ်ကောင်စီကို ပြန်လည် တွန်းလှန်နေတယ်လို့ MOD ရဲ့ စက်တင်ဘာ ၇ ရက်ထုတ် ပြည်သူ့ ခုခံတွန်းလှန်စစ် နှစ်နှစ်ပြည့် အစီရင်ခံစာမှာ ဖော်ပြပါတယ်။

 

၆၃

 

 

အခုနှစ် ဇန်နဝါရီလကနေ ဩဂုတ်လအတွင်း ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးမှာ ယာဉ်မတော်တဆ မှုကြောင့် ၆၃ ဦး သေဆုံးခဲ့တယ်လို့ အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှူးရုံး၊ ဒုရဲမှူးက ဆင်ဟွာသတင်းဌာနကို စက်တင်ဘာ ၁၁ ရက်မှာ ပြောပါတယ်။

 

၅၀

 

 

စက်တင်ဘာ ၁၂ ရက်အထိ နောက်ဆုံးရသတင်းတွေအရ မုံရွာအကျဉ်းထောင်မှာ အစာငတ်ခံ ဆန္ဒပြနေတဲ့ နိုင်ငံရေးအကျဉ်းသား ၅၀ အထိ တိုးလာနေတယ်လို့ သိရပါတယ်။

 

၁,၆၂၄

 

 

အခုနှစ် ဇန်နဝါရီကနေ ဩဂုတ်အတွင်း ကဏ္ဍစုံက CDM ပေါင်း ၁,၆၂၄ ဦးကို ထောက်ပံ့နိုင်ခဲ့တယ်လို့ CRPH၊ ပြည်သူ့ရေးရာကော်မတီက စက်တင်ဘာ ၁၂ ရက်မှာ ထုတ်ပြန်ပါတယ်။

 

Burma Associated Press

Wednesday Facts

Share With
bap-logo