bap-logo
Politics

နိုင်ငံစီးပွား ဆက်လက်တိုးတက်ဦးမည်ဟု စစ်ခေါင်းဆောင် ထပ်ပြောပြန်

mfmOIKLn4r7zl_lt1ICrx-image

လွန်ခဲ့သော တစ်နှစ် က

ဇူလိုင် ၂၇။

နိုင်ငံစီးပွားရေးသည် ပြီးခဲ့သည့် ကာလများအတွင်း အထိုက်အလျောက် တိုးတက်မှုရှိခဲ့ပြီး ဆက်လက် တိုးတက်ရန် ခန့်မှန်းထားသည်ဟု စစ်ကောင်စီ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းလောင်လှိုင်က ထပ်မံပြောဆို လိုက်သည်။

 

ယမန်နေ့က နေပြည်တော်တွင် ပြုလုပ်သည့် စီးပွားရေးရာကော်မတီ အစည်းအဝေးတွင် ယင်းက ထိုသို့ ထပ်ပြောလာခြင်းဖြစ်သည်။

 

မြန်မာနိုင်ငံအနေဖြင့် ၂၀၂၂-၂၀၂၃ ခုနှစ် ဘဏ္ဍာရေးနှစ်တွင် ဒသမ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ရာခိုင်နှုန်း တိုးတက်ရန် ခန့်မှန်းထားသည်ဟု စစ်ခေါင်းဆောင်က ဆိုသည်။

 

ထိုသို့ တိုးတက်လာခြင်းသည် ၂၀၂၀-၂၀၂၁ ခုနှစ် စီးပွားရေးကျဆင်းခဲ့သည့် အခြေအနေမှ ပြန်လည် ရုန်းထွက်နိုင်ခဲ့ခြင်းဟုလည်း လေလုံးထွားခဲ့သည်။

 

ထို့အပြင် လာမည့် ၂၀၂၅ ခုနှစ်မှ စ၍ ပြည်တွင်းစားသုံးဆီ ဖူလုံမှုရှိမည်ဟု လည်း စစ်ခေါင်းဆောင်က ဆိုသည်။

 

စစ်ခေါင်းဆောင်က မြန်မာ့စီးပွားရေးတိုးတက်လာနေသည်ဟု မကြာခဏ ထုတ်ပြောနေသော်လည်း ကမ္ဘာ့ဘဏ် ကမူ ယခုနှစ် ၂၀၂၃-၂၄ ဘဏ္ဍာနှစ် အတွက် မြန်မာနိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးမှုနှုန်း ဆိုးဆိုးရွားရွား ဆုတ်ယုတ်နိုင်ဖွယ် ရှိနေသည်ဟု ပြောဆိုထားသည်။

 

ယခုဘဏ္ဍာနှစ်အစ ဧပြီလ ရက်မှ စက်တင်ဘာလအထိ လာမည့် အတွင်း ပြည်တွင်းစုစုပေါင်း ထုတ်လုပ်မှုနှုန်း (GDP) ရာခိုင်နှုန်း ခန့်သာ တိုးနိုင်သည်ဟု ကမ္ဘာဘဏ်က ခန့်မှန်းထားသည်။

 

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီး နှစ်ကြာလာသည်အထိ ပြည်တွင်း ပဋိပက္ခများ ဆက်လက် ဖြစ်ပေါ်နေသည့်အတွက် တိုင်းပြည်စီးပွားရေး ဆုတ်ယုတ်နိုင်သည့်ကြောင်းကို ယခုနှစ် မတ်လ ၃၁ ရက်တွင် ထုတ်ပြန်သည့် ကမ္ဘာ့ဘဏ်၏ အရှေ့အာရှနှင့် ပစိဖိတ်ဒေသ စီးပွားရေး သုံးသပ် ခန့်မှန်းချက် အစီရင်ခံစာမှာ ဖော်ပြထားခြင်းဖြစ်သည်။

 

အကြမ်းဖက်မှုများ ကျယ်ကျယ်ပြန့်ပြန် ဖြစ်ပေါ်နေခြင်း၊ လျှပ်စစ်မီး ပြတ် တောက်မှု အခြေအနေ ပိုမို ဆိုးရွားလာခြင်းနှင့် အလုပ်မဖြစ်သည့် ပေါ်လစီများက နိုင်ငံရေးနှင့် လူမှုပြဿနာများ ရှိနေပြီးဖြစ်သည့် တိုင်းပြည် စီးပွားရေး ကို ပိုမို ဆိုးရွားသွားစေမည်ဟု ကမ္ဘာ့ဘဏ် အစီရင်ခံစာတွင် ဖော်ပြထားသည်။

 

လျှပ်စစ်မီးပြတ်တောက်မှု၊ သယ်ယူပို့ဆောင်ရေးခက်ခဲမှု၊ ကုန်သွယ်ရေးနှင့် နိုင်ငံခြားငွေ လဲလှယ်မှုတွေအပေါ် ကန့်သတ် ထိန်းချုပ်မှု၊ မသေချာ မရေရာ သည့် ပြဌာန်းချက်များကြောင့် စီးပွားလုပ်ငန်း လုပ်ကိုင်သည့် အခြေအနေများ တိုးတက် ကောင်းမွန်လာမှာ မဟုတ်ဟု အစီရင်ခံစာက ဆိုသည်။

 

ပုံစာ - စစ်ကောင်စီလက်ထက် ရန်ကုန်တွင် စားသုံးဆီဝယ်ယူရန် တန်းစီနေသည့် မြင်ကွင်း

 

Burma Associated Press

မြန်မာ
စစ်ကောင်စီ
မင်းအောင်လှိုင်

Share With
bap-logo