Politics
တရုတ် တစ်နိုင်ငံတည်း မူဝါဒကို ဆက်ထောက်ခံသွားမယ်လို့ NUG ဆို
လွန်ခဲ့သော တစ်နှစ် က
ဇန်နဝါရီ ၂။
မြန်မာနိုင်ငံဟာ တရုတ်နိုင်ငံအတွက် အိမ်နီးချင်းကောင်း ဖြစ်ရေး အမြဲ ကြိုးပမ်းနေမှာ ဖြစ်ပြီး ‘တရုတ် တစ်နိုင်ငံတည်း မူဝါဒ’ကို ဆက်လက် ထောက်ခံကျင့်သုံးသွားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ-NUG၊ နိုင်ငံခြားရေးဝန်ကြီးဌာနက မနေ့က ထုတ်ပြန်ပါတယ်။
ဒါ့အပြင် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုမတိုင်ခင် နှစ်နိုင်ငံ နယ်နိမိတ် သတ်မှတ်မှု စာချုပ်တွေနဲ့ နှစ်နိုင်ငံကြား သဘောတူချုပ်ဆိုခဲ့တဲ့ စာချုပ် အားလုံးကို မြန်မာက တာဝန်ယူ ဆက်ခံမယ်လို့ NUG က ဆိုပါတယ်။
နှစ်နိုင်ငံ နယ်စပ်တည်ငြိမ်ရေးနှင့် လုံခြုံရေးကိုပါ ထိခိုက်စေတဲ့ ကျားဖြန့် အွန်လိုင်း လိမ်လည်မှု၊ လောင်းကစားလုပ်ငန်း၊ လူကုန်ကူးမှုလုပ်ငန်း၊ မူးယစ် ဆေးဝါးလုပ်ငန်းအပါအဝင် နယ်စပ်ဖြတ်ကျော် ရာဇဝတ် မှုခင်းများကို တရုတ် နိုင်ငံ အပါအဝင် ဒေသတွင်းနိုင်ငံတွေနဲ့ ပူးပေါင်းတိုက်ဖျက်သွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံတွင်းက တရုတ်ရဲ့ စီးပွားရေးအရ ရင်းနှီးမြှုပ်နှံမှုတွေနဲ့ အခြား လူမှုစီးပွားလုပ်ငန်းတွေရဲ့ လုံခြုံရေးကို ထိန်းသိမ်းကာကွယ်ပေးမှာ ဖြစ်ပြီး အိမ်နီးချင်းနိုင်ငံတွေရဲ့ နိုင်ငံတော်လုံခြုံရေးကို ခြိမ်းခြောက်နေတဲ့ ဘယ်အဖွဲ့ အစည်းကိုမဆို မြန်မာ့ပိုင်နက်အတွင်း အခြေချခွင့်မပြုဘူးလို့လည်း NUG က ထုတ်ပြန်ချက်မှာ ထည့်သွင်းထားပါတယ်။
တစ်ဖက်မှာလည်း တရုတ်သမ္မတ ရှီကျင့်ပင်က ၁၉၄၉ ခုနှစ်မှာ တရုတ် ပြည်မကြီးကနေ ခွဲထွက်သွားတဲ့ ထိုင်ဝမ်ကို ‘သေချာပေါက် ပြန်လည် ပေါင်းစည်းရမယ်’လို့ နှစ်ကုန်မိန့်ခွန်းမှာ ထည့်သွင်း သတိပေး ပြောကြား ခဲ့ပါတယ်။
ပုံစာ - ထိုင်ဝမ်နိုင်ငံမြို့တော်၊ ထိုင်ပေမြို့ရှိ သမ္မတရုံးပြင်ပ ထိုင်ပေ ၁၀၁ အဆောက်အအုံ မြင်ကွင်း။ (Photo: Tommy Walker/NurPhoto via Getty Images
Related Articles
- မှတ်ပုံမတင်ဘဲ အွန်လိုင်းဈေးရောင်းနေသူတွေကို ၂၀၂၄ နှစ်စကစပြီး အရေးယူမယ်လို့ သိရ
- လွိုင်ကော်မှာ စစ်တပ်က အမေးအမြန်းမရှိ ပစ်ခတ်မှုများရှိနေပြီး အလောင်းပင် မကောက်ရဲတဲ့ အခြေအနေ ရှိနေ
- လွိုင်ကော်က စစ်ရှောင်လာတဲ့ စစ်ကောင်စီဝန်ထမ်းတွေ လစာရဖို့ မျှော်လင့်နေ
- လောက်ကိုင်မှ တရုတ်နိုင်ငံသားများ အမြန်ဆုံးထွက်ခွာရန် တရုတ်သံရုံး တိုက်တွန်း
Top News
လွန်ခဲ့သော ၅ ရက် က
လွန်ခဲ့သော ၆ ရက် က
လွန်ခဲ့သော ၁၀ ရက် က