bap-logo
Politics

ကျိုက်မရောထောင်က အစာငတ်ခံဆန္ဒပြအကျဉ်းသား ၈ ဦး ဆေးရုံတက်ရပြီးနောက် တောင်းဆိုချက်များ သဘောတူညီမှုရ

lUwwj4T21CTloG20YE5ld-image

လွန်ခဲ့သော တစ်နှစ် က

ဖေဖော်ဝါရီ ၁၀။

 

မွန်ပြည်နယ်၊ ကျိုက်မရော အကျဉ်းထောင်အတွင်း၊ အစာငတ်ခံဆန္ဒပြတောင်းဆိုနေတဲ့ နိုင်ငံရေး အကျဉ်းသား တွေထဲက ဦး ဆေးရုံတက်ကုသခဲ့ရပြီးနောက် တောင်းဆိုထားတဲ့အချက်တွေကို ထောင်အာဏာပိုင်တွေက ဒီနေ့မှာခွင့်ပြုပေးခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများ ကွန်ရက်(PPNM)က ပြောရေးဆ်ိုခွင့်ရှိသူတဦးက ပြောပါတယ်။

 

"ကျွန်တော်တို့တောင်းဆိုထားတဲ့အချက်တွေက စနစ်တကျထုတ်ဖော်လို့ သမာသမတ်ရှိတဲ့တောင်းဆိုချက်တွေမို့ ခွင့်ပြုပေးခဲ့တာပါ၊ အခြားထောင်တွေမှာလည်း လူ့အခွင့်အရေးချိုးဖောက်တာတွေ ရှိမရှိ စုံစမ်း ဖော်ထုတ်သွားမှာပါလို (PPNM)က ပြောရေးဆ်ိုခွင့်ရှိသူတဦးက ပြောပါတယ်။

 

အကျဥ်းသား ၄၇ ဦးက အစာငတ်ခံဆန္ဒဖော်ထုတ်ခဲ့ပြီးနောက် ဖေဖော်ဝါရီလ ရက် နေ့လယ်ပိုင်းမှာ ကိုယ်ခံအားနည်းလို့ ဆေးရုံတက်ခဲ့ရသူ ဦးရှိနေတာ လို့ ပြောပါတယ်။

 

ဖေဖော်ဝါရီလ ရက်က စတင်ကာ တောင်းဆိုချက် ချက်ရရှိရေး အစာငတ်ခံ ဆန္ဒပြ တောင်းဆို နေကြတာဖြစ်ပြီး ဒီနေ့မှာတော့ တောင်းဆိုထားတဲ့အချက်တွေကို ထောင်အာဏာပိုင်တွေက ခွင့်ပြုလိုက်တယ်လို့ သိရပါတယ်။

 

တောင်းဆိုထားတဲ့အချက်တွေကတော့ ကျိုက် မရော အကျဉ်းထောင်က အကျဉ်းသူ/သားတွေနဲ့ ပတ်သက်ပြီး ခေါ်ယူထိန်းသိမ်းစဉ်ကာလ စုံစမ်းမေးမြန်းစဉ်ကာလ အပြစ်ပေးအရေးယူခြင်းကာလတို့မှာ လုပ်ငန်း ဆောင်ရွက် ရာမှာ တရားလက်လွန် ဆောင်ရွက်ခြင်းတွေ မဖြစ်ပေါ်စေရေး၊ လူ့အခွင့်အရေးနဲ့အညီ ဆောင်ရွက်ရေးနဲ့ ကျန်းမာရေး ဆိုင်ရာ အလွယ်တကူရရှိနိုင်ရေးအတွက် ဆိုတဲ့ () ချက်ကို တောင်းဆိုထားတာပါ။

 

နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)က နိုင်ငံတဝှမ်း အကျဉ်းထောင် ၃၈ ထောင်ရှိ နိုင်ငံရေး အကျဉ်းသား၊အကျဉ်းသူတွေကိုလည်း ပါဆယ်ပို့တာ ဈေးဘားပို့‌တာ၊ မိသားစုဝင်တွေကတဆင့် ငွေကြေးထောက်ပံ့တာ သုတ ရသစာအုပ်တွေ ပို့ဆောင်တာ၊ ၊ဆေးဝါးတွေပို့ဆောင်တာတွေကို ပြုလုပ်နေတဲ့ အဖွဲ့အစည်းတခုဖြစ်ပါတယ်။

 

ဓာတ်ပုံ- လူမှုကွန်ရက်

 

Burma Associated Press

မွန်
ကျိုက်မရော အကျဉ်းထောင်
နိုင်ငံရေးအကျဉ်းသား

Share With
bap-logo