bap-logo
Politics

မြန်မာနှင့် လွတ်လပ်စွာ သွားလာခွင့် ဆိုင်းငံ့ရေး အိန္ဒိယပြည်ထဲရေးဝန်ကြီးဌာန အကြံပြု

zzKjPLafNCLoY2hLuCGW0-image

လွန်ခဲ့သော တစ်နှစ် က

မြန်မာနှင့် လွတ်လပ်စွာ သွားလာခွင့် ချက်ချင်း ဆိုင်းငံ့ရန်အိန္ဒိယပြည်ထဲရေးဝန်ကြီးဌာနက အကြံပြုလိုက်သည်ဟု ပြည်ထဲရေးဝန်ကြီး Amit Shah က ကြာသပတေးနေ့တွင် ပြောသည်။

 

လွတ်လပ်စွာသွားလာခွင့်မှာ နှစ်နိုင်ငံလုံးမှ လူများကို ဗီဇာမလိုဘဲ ကီလိုမီတာ အနည်းငယ်အထိ နယ်စပ်ဖြတ်ကျော်ခွင့်ပြုထားခြင်းဖြစ်သည်။

 

၂၀၂၁ ခုနှစ် မြန်မာနိုင်ငံတွင် အာဏာသိမ်းပြီးနောက် အရပ်သားနှင့် တပ်ဖွဲ့ ရာပေါင်းများစွာ လူမျိုးစုနှင့် မိသားစုချင်း ဆက်နွယ်ကြသည့် အိန္ဒိယနိုင်ငံ ပြည်နယ်များသို့ ထွက်ပြေးခဲ့ကြသည်။ ထို့ကြောင့် အိန္ဒိယသို့ တင်းမာမှုများ ပျံ့နှံ့လာမည်ကို အန္ဒိယအစိုးရက စိုးရိမ်လာခဲ့သည်။

 

စစ်တပ်အုပ်ချုပ်နိုင်မှုကို အပြင်းအထန် စမ်းသပ်နေသည့် ဒီမိုကရေစီလိုလားသည့် တော်လှန်ရေးတပ်ဖွဲ့များနှင့် ဖြစ်ပွားနေသော တိုက်ပွဲများကို ထိန်းချုပ်ရန် ကြိုးပမ်းနေစဉ် မြန်မာစစ်တပ်အုပ်ချုပ်ရေးမှ ပြီးခဲ့သည့်အပတ်တွင် အာဏာသိမ်းမှုနောက်ပိုင်း နိုင်ငံအရေးပေါ်အခြေအနေကို ထပ်မံသက်တန်းတိုးမြှင့်ခဲ့သည်။

 

ကိုးကား - Reuters

ပုံစာ - ၂၀၂၁ ခုနှစ် မတ်လ ၁၂ ရက် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် Champhai ခရိုင်၊ Zokhawthar ရွာရှိ မြန်မာနှင့် အိန္ဒိယကို ဆက်သွယ်ထားသော နယ်စပ်ဖြတ်ကျော်ရာ တံတား။ (Photo:REUTERS/Rupak De Chowdhuri)

 

မြန်မာ
အိန္ဒိယ
နယ်စပ်

Share With
bap-logo