Politics
ဆိုက်ခေါင်-ဆီဆိုင် ပြည်ထောင်စုလမ်းမကြီးအပါအဝင် လမ်းအချို့ သွားလာခွင့်ယာယီပိတ်
လွန်ခဲ့သော တစ်နှစ် က
ဖေဖော်ဝါရီ ၁၀
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့ရဲ့စစ်ရေးအခြေအနေ အလွန်ရှုပ်ထွေးနေတဲ့ တိုက်ပွဲကာလဖြစ်လို့ ဆိုက်ခေါင်-ဆီဆိုင်ပြည်ထောင်စုလမ်းမကြီးအပါအဝင် သွားလာခွင့်ယာယီပိတ်ထားတဲ့လမ်းတွေကို ပအိုဝ်း အမျိုးသား လွတ်မြောက်ရေးတပ်မတော်(PNLA)အသိပေးထုတ်ပြန်လာပါတယ်။
ဆိုက်ခေါင်ကနေ ဆီဆိုင်မြို့ကို ဆက်သွယ်ထားတဲ့ ပြည်ထောင်စု ကားလမ်းမကြီး၊ ဆိုက်ခေါင်အနီးတဝိုက်ကနေ ဆီဆိုင်မြို့ပြည်ထောင်စုလမ်းမကြီးရဲ့အရှေ့ဘက်ခြမ်း၊ အနောက်ဘက်ခြမ်းဆက်သွယ်ထားတဲ့ ကျေးရွာလမ်းငယ် တွေနဲ့ နမ်းတဘက်ချောင်းအနောက်ဘက် ကက္ကူကနေ ဆီဆိုင်မြို့ အနောက်ဘက်ရှိ နမ်းတဘက်ချောင်း အနောက်ဘက်ဒေသတွေကို ဆက်သွယ်ထားတဲ့ တောလမ်းတွေကို သွားခွင့်မပြုဘူးလို့ ဒီကနေ့ ဖေဖော်ဝါရီ ၁၀ ရက်မှာ အသိပေးထားပါတယ်။
စစ်ကောင်စီဟာ ဆီဆိုင်မြို့ကိုနေ့စဥ်လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာ၊ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာတွေ ဆက်လက်ပြုလုပ်နေတာကြောင့် မြို့တွင်းကပြည်သူတွေအားလုံးနီးပါး ရှောင်ပြေးနေကြရပြီး၊ ဖုန်းလိုင်း အင်တာနက်လိုင်းတွေ ပြတ်တောက်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။
"ခုဆိုဘာအဆက်သွယ်မှမရကြတော့ဘူး၊ ဆီဆိုင်မှာကျန်ခဲ့သူမရှိသလောက်ပဲ၊ ရွာတွေဘက်ကပါ ရှောင်လာကြတော့ မြို့တွင်းပစ္စည်းတော်တော်များများပြန်မသယ်ကြတော့ဘူး၊ အဆက်ပြတ်နေပြီ"လို့ ဆီဆိုင်မြို့ခံတဦးက ပြောပါတယ်။
သွားလာလို့ရတဲ့ အခြေအနေရောက် ရှိပါက ပြန်လည်ထုတ်ပြန်အသိပေးသွားမယ်လို့ ပအိုဝ်း အမျိုးသား လွတ်မြောက်ရေး တပ်မတော်(PNLA)က ထုတ်ပြန်ထားပါတယ်။
ဆီဆိုင်မြို့နယ်မှာ စစ်တပ်နဲ့ PNO ကတဖက်၊ PNLA မဟာ မိတ်တပ်တွေကတဖက် ယခုနှစ် ဇန်နဝါရီ ၂၂ ရက်ကစတင်ပြီး တိုက်ပွဲ ဖြစ်ပွားနေတာကြောင့် ဆီဆိုင်မြို့ခံတစ်သိန်း နီးပါး တောင်ကြီးမြို့နဲ့အနီးအနား မြို့တွေကို ရှောင်ပြေးနေရတာဖြစ်ပါတယ်။
Burma Associated Press
Related Articles
- မြန်မာသို့ လူသားချင်းစာနာမှုဆိုင်ရာအကူအညီများ မကြာမီ ပေးပို့နိုင်ရန် ထိုင်းမျှော်လင့်
- အိုးဖိုထောင်မှ နိုင်ကျဥ်းတစ်ဦး ဆေးဝါးစောင့်ရှောက်မှု မလုံလောက်တာကြောင့် သေဆုံး
- လေကြောင်းရန်ကြောင့် ထန်းတပင်၊ ဇရပ်ကြီးက ပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေရ
- မြန်မာနှင့် လွတ်လပ်စွာ သွားလာခွင့် ဆိုင်းငံ့ရေး အိန္ဒိယပြည်ထဲရေးဝန်ကြီးဌာန အကြံပြု
Top News
လွန်ခဲ့သော တစ်ရက် က
လွန်ခဲ့သော ၃ ရက် က
လွန်ခဲ့သော ၇ ရက် က