Editorial
မြန်မာစစ်တပ်ပြိုလဲလာစဉ် အမေရိကန်နှင့် အခြားနိုင်ငံများ မည်သို့ ပြင်ဆင်ထားသင့်သနည်း
လွန်ခဲ့သော ၂ နှစ် က
လတ်တလော ရက်သတ္တပတ်များတွင် မြန်မာစစ်တပ်သည် တိုင်းရင်းသားလက်နက်ကိုင်တပ်များနှင့် ပြည်သူ့ ကာကွယ်ရေးတပ်များ၏ တိုက်ခိုက်မှုကြောင့် နယ်မြေဆုံးရှုံးမှုများ အများအပြား ကြုံတွေ့နေရသည်။ "ညီနောင် မဟာမိတ်သုံးဖွဲ့သည် စစ်တပ်စခန်းများစွာကို သိမ်းပိုက်နိုင်ခဲ့ပြီး တရုတ်နယ်စပ်ကုန်သွယ်ရေးဒေသများကိုလည်း ထိန်းသိမ်းနိုင်ခဲ့သည်။ ၎င်းစစ်တပ်၏ ဆုံးရှုံးမှုများမှာ ဖေဖော်ဝါရီလ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း အပြင်းထန်ဆုံး ထိခိုက်ဆုံးရှုံးမှုများဖြစ်သည်။ အာဏာသိမ်းမှုကို ဆန့်ကျင်သည့် လက်နက်ကိုင်တော်လှန်မှု များနှင့် အုံကြွမှုများ ၂ နှစ်ခွဲခန့်ကြာမြင့်လာသည့်အချိန်တွင် စစ်တပ်သည် အားနည်းလာပြီး ရှုံးနိမ့်ချေ တွေ့လာရသည်" ဟုလည်း BBC တွင် ဖော်ပြသည်။
စစ်တပ်သည် ငွေကြေးလည်း ပြတ်လပ်လာကာ ရုရှားကိုလည်း လေယာဉ်များအတွက် မှီခိုခြင်း မပြုနိုင်တော့ပေ။ နိုင်ငံ၏ အရေးပါသော ဒေသများကို ကာကွယ်ရန် ကြိုးပမ်းရမည်ဖြစ်သော်လည်း လူအင်အားလည်း မလုံလောက်ပေ။ ဖြစ်နိုင်ချေမှာ တိုင်းရင်းသားစစ်တပ်များ၏ ပေါင်းစည်းမှု၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် အမျိုးသားညီညွတ်ရေးအစိုးရတို့သည် မြန်မာနိုင်ငံအလယ်ပိုင်းသို့ ဆက်လက်ဝင်ရောက်လာကြပြီး စစ်တပ်ကို အနိုင်ယူချေမှုန်းနေခြင်းဖြစ်သည် သို့မဟုတ် စစ်တပ်သည် ဖေဖော်ဝါရီ ၂၀၂၁ အာဏာသိမ်းပြီးနောက်ပိုင်း အကြီးအကျယ် ပြိုကွဲနေခြင်းဖြစ်သည်။
အမေရိကန်အစိုးရနှင့် ဥရောပနှင့် အာရှမှ မဟာမိတ်အစိုးရများကမူ ဖြစ်တန်ချေရှိသော ပြိုကွဲမှုနှင့် ပြိုကွဲပြီးနောက်ပိုင်း ဖြစ်နိုင်ချေရှိသော ပရမ်းပတာဖြစ်စဉ်များအတွက် ပြင်ဆင်ထားခြင်း မရှိသေးပေ။ ထိုင်းနိုင်ငံသည် ခြွင်းချက်အဖြစ် စစ်တပ်ပြိုလဲပြီးနောက် ဖြစ်ပျက်နိုင်ချေရှိသည်တို့ကို စဉ်းစားထားဖွယ်ရှိပြီး တရုတ်နိုင်ငံသည်လည်း ဖြစ်နိုင်ချေကို အနီးကပ် လေ့လာနေသည်ဟု ယူဆရသည်။) မြန်မာနိုင်ငံသည် အစာရေစာ မလုံလောက်မှု၊ ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးသွားရသူ သန်းချီသည့် ရိုဟင်ဂျာများကဲ့သို့ပင် ပြည်တွင်းပြောင်းရွှေ့သူ အလွန်များပြားမှုတို့နှင့် ရင်ဆိုင်နေရသည်။ မြန်မာ့စီးပွားရေးမှာ ပြိုလဲပျက်စီးနေပြီး မည်သည့်အစိုးရသစ်မဆို နိုင်ငံ၏ ရုပ်ဝတ္ထုပိုင်းဆိုင်ရာနှင့် အီလက်ထရောနစ်အခြေခံအဆောက်အအုံများ၊ လူသားအရင်းအနှီးတို့ကို ပြန်လည်တည်ဆောက်ရမည်ဖြစ်သည်။ စီးပွားရေးပြန်လည်တည်ဆောက်မှုသည် ဂျပန်၊ တောင်ကိုရီးယား၊ ဥရောပသမဂ္ဂ၊ အမေရိကန်နိုင်ငံနှင့် အခြားအလှူရှင်များ၏ ရန်ပုံငွေလှူဒါန်းမှုများ လိုအပ်လာနိုင်သည်။
မြန်မာနိုင်ငံသည် အစာရေစာ မလုံလောက်မှု၊ ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးသွားရသူ သန်းချီသည့် ရိုဟင်ဂျာများကဲ့သို့ပင် ပြည်တွင်း ပြောင်းရွှေ့သူ အလွန်များပြားမှုတို့နှင့် ရင်ဆိုင်နေရသည်။
USIP မှ Billy Ford ပြောသကဲ့သို့ပင် အမေရိကန်အစိုးရသည် "နောက်ပိုင်း” ဖြစ်စဉ်ဖြစ်ရပ်များကို အလေးအနက် စဉ်းစားပြီး ဆီးရီးယားနှင့် ဗင်နီဇွဲလားတို့ကဲ့သို့ စစ်အာဏာရှင်ပြိုကွဲနိုင်ခြေနည်းပါးသော နိုင်ငံများအတွက် အစီအစဉ်များ မြန်မာနိုင်ငံအတွက် စနစ်တကျရေးဆွဲထားခြင်းမရှိသေးပေ။ အခြားနိုင်ငံများဖြစ်သော အဓိက ဥရောပမဟာမိတ်နိုင်ငံများ၊ ဂျပန် သို့မဟုတ် အရှေ့တောင်အာရှမှ အဓိကလုပ်ဆောင်သူ အင်ဒိုနီးရှားတို့လည်း ထို့အတူပင်ဖြစ်သည်။
အစဦးစွာ အမေရိကန်နိုင်ငံနှင့် အဓိက အာရှနိုင်ငံများဖြစ်သော ဂျပန်၊ တောင်ကိုရီးယားနှင့် အင်ဒိုနီးရှားတို့သည် မြန်မာစစ်တပ်မရှုံးနိမ့်နိုင်ဟူသော တွေးခေါ်စဉ်းစားမှုကို လက်လွှတ်ရမည်ဖြစ်သည်။ ၎င်းတို့ မရှုံးနိမ့်နိုင်ဟူသော အချက် မဟုတ်မှန်ကြောင်း မြန်မြန်ဆန်ဆန်ပင် မြင်တွေ့နေရသည်။ ၎င်းတွေးခေါ်စဉ်းစားမှုကို ပယ်ချလိုက်လျှင် ကြားဝင် ညှိနှိုင်းမှု အကူးအပြောင်းတချို့ ပြုလုပ်၍ စစ်တပ်က အတိုက်အခံများနှင့် တွေ့ဆုံဆွေးနွေးပြီး စစ်တပ်က အဓိက နိုင်ငံရေးလှုပ်ရှားသူအဖြစ် ဆက်လက်တည်ရှိနေသော်လည်း ၎င်း၏ အာဏာကို ဖြည်းညင်းစွာ လျော့ချသွားမည်ဟူသည့် ဖြစ်စဉ်ဖြစ်ရပ်မှန်သမျှ အဆုံးသတ်သွားမည်ဖြစ်သည်။ ၎င်းကြားဝင် ညှိနှိုင်းမှု အကူးအပြောင်းသည် နိုင်ငံများစွာမှ တာဝန်ရှိသူများအကြား ကျယ်ပြန့်စွာ ဆွေးနွေးနေခဲ့ကြခြင်းဖြစ်ပြီး အတိုက်အခံများက လက်ခံခဲ့ခြင်း မရှိပေ။ စစ်တပ်က ၂၀၁၁ ခုနှစ်နှင့် ၂၀၁၆ ခုနှစ်အကြား သိန်းစိန် လက်ထက်တွင် ၎င်းသဘောတူညီမှုမျိုး ပြုလုပ်ခဲ့ပြီး အာဏာပိုင်တို့အတွက် စိန်ခေါ်မှုများ ခံစားလာရသည့်အခါ အာဏာသိမ်းခဲ့ပြီး တိုင်းပြည်ကို ဖျက်ဆီးခဲ့သည်။
၎င်းဖြစ်စဉ်ဖြစ်ရပ်များအစား မြန်မာ့အရေးလုပ်ဆောင်သူများအနေဖြင့် စစ်တပ်ပြိုလဲပြီးနောက်ပိုင်းအတွက် စီမံကိန်းများ စတင်ရေးဆွဲရန် လိုအပ်သည်။ အခြေအနေများမှာ စီးပွားရေးအရ၊ အခြေခံအဆောက်အအုံပိုင်းအရ၊ ဘဏ္ဍာရေးအရ၊ နိုင်ငံရေးအရ မတည်ငြိမ်သောကြောင့်ဖြစ်သည်။ စစ်တပ်ပြိုလဲပြီးနောက်ပိုင်း မည်ကဲ့သို့ ဖြစ်လာမည်ကို မည်သူမျှ မခန့်မှန်းနိုင်ပေ။ သို့မဟုတ် သိသာထင်ရှားသော ပြင်ပအင်အားကြီး တရုတ်တို့က မည်သို့ တုန့်ပြန်မည်ကို မခန့်မှန်းနိုင်ပါ။ ထို့ကြောင့် စစ်မှန်သည့် အရပ်သားထိန်းချုပ်မှုအောက်တွင်သာ ငယ်ရွယ်သည့် စစ်တပ်ကို ထားရှိရမည့်အစား အနာဂတ်မြန်မာနိုင်ငံတွင် စစ်တပ်အခန်းကဏ္ဍ ဆက်လက်ရှိနေ မည်ဟု မယူဆနိုင်ပေ။ နောက်ပိုင်းဖြစ်စဉ်ဖြစ်ရပ်များအတွက် စီမံကိန်းများတွင် ဖက်ဒရယ်နှင့် ဒီမိုကရက်တစ် အစိုးရတစ်ခုအတွက် မူဘောင်တစ်ခု လျင်မြန်စွာ ဖန်တီးရေး မြန်မာလူထုကို မည်သို့ အကူအညီပေးရမည် ဆိုသည်ကို စီစဉ်ထည့်သွင်းသင့်သည်။
အတိုက်အခံတို့နှင့် ချစ်ကြည်ရင်းနှီးသော အမေရိကန်အစိုးရနှင့် အခြားအစိုးရများသည်လည်း NUG ကို ထောက်ပံ့မှု တိုးမြှင့်သင့်ပြီး NUG အဖွဲ့ဝင်များနှင့် ပုံမှန် တွေ့ဆုံသင့်သည်။ ထပ်မံ၍ ၎င်းအထောက်အပံ့များသည် လက်နက်ထောက်ပံ့ရန်မဟုတ်ဟု အမေရိကန် ဘားမား အက်ဥပဒေတွင် ပြဌာန်းထားသော်လည်း အတိုက်အခံ တို့ကို ဖြစ်နိုင်သမျှ ကူညီပေးသင့်သည်။ ပမာဏငယ်ရွယ်သည့် စွမ်းရည်တည်ဆောက်ရေးများ သာမက ဂြိုဟ်တုဖုန်းများ၊ ဒရုန်းတားဆီးရေးစနစ်များနှင့် အခြား အလားတူပစ္စည်းများလည်း ကူညီပေးသင့်သည်။
ကိုးကား - Council on Foreign Relations
ပုံစာ - အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်။ (Photo: Kevin Lamarque/Pool via Reuters)