bap-logo
Article

မဒါဂတ်စကာ အိမ်ဆောက်လုပ်ရေးတွင် ထိုးဖောက်အောင်မြင်လာသည့် မြန်မာ့ဝါး

xDhenqnRM2U7h6EbzHOrS-image

လွန်ခဲ့သော တစ်နှစ် က

မြန်မာနိုင်ငံမှ ဝါးအသုံးပြု၍ အပိုင်းလိုက် အိမ်တည်ဆောက်နိုင်သော နည်းစနစ်များကို မဒါဂတ်စကာတွင် အင်ဂျင်နီယာများနှင့် ဗိသုကာများက ပိုမိုကြီးမားသော အဆောက်အအုံများတည်ဆောက်ရာတွင် အသုံးပြု နေကြပြီဖြစ်သည်။

 

ရန်ကုန်အခြေစိုက် ဗိသုကာဒီဇိုင်းစတူဒီယိုဖြစ်သော Blue Temple ကို တည်ထောင်သူ Raphaël Ascoli က ၎င်းသည် မြန်မာသို့ လွန်ခဲ့သော ၇ နှစ်က ပြောင်းရွှေ့မလာမီတွင် ဂျပန်နိုင်ငံ၌ ကော်ပိုရိတ်ဒီဇိုင်းလုပ်ငန်းတစ်ခုအတွက် ဗိသုကာအဖြစ် လုပ်ကိုင်ခဲ့ကြောင်း၊ မြန်မာနိုင်ငံတွင် လုံးပတ်ငယ် ဝါးအသုံးပြု အဆောက်အအုံကို အထူးပြု လေ့လာခဲ့ပြီး နိုင်ငံတွင်း ပြောင်းရွှေ့ရသူများ internally displace people (IDP) နှင့် အတည်တကျမဟုတ်သည့် အခြေချနေထိုင်သူများအတွက် ဝါးအသုံးပြု အပိုင်းလိုက်တည်ဆောက်နိုင်သည့် စားရိတ်နည်း အိမ်များ ပိုမို ကြီးမားစွာ ဆောက်လုပ်နိုင်ရေး အထူးပြုလေ့လာခဲ့ကြောင်း ရှင်းပြသည်။

 

လုံးပတ်ငယ် ဝါးတွေက ဒေသတွင်း ဈေးကွက်တွေမှာ အများအပြား တွေ့ရတယ်။ ဒီဝါးမျိုးကို ပါးလျတဲ့အတွက် ဆောက်လုပ်ရေးမှာ မသုံးကြဘူး။ ဒါပေမယ့် သူ့ကို အစုလိုက်အများကြီး စည်းထားလိုက်ရင်တော့ ခိုင်မာတဲ့ အဆောက်အအုံ အစိတ်အပိုင်းဖြစ်လာတယ်။ဟု ၎င်းက ပြောသည်။

 

Ascoli က ၎င်း၏ နည်းလမ်းကို နှစ်အတန်ကြာ စမ်းသပ်မှုများ ပြုလုပ်ပြီးနောက် ၎င်း၏ အဖွဲ့သည် စမတ်ဖုန်းတစ်လုံး၏ ဈေးနှုန်းဖြစ်သော ဒေါ်လာ ၁,၀၀၀ ခန့်ဖြင့် အိမ်များ ဆောက်လုပ်နိုင်ခဲ့သည်။

 

ဒီနေ့အထိ မိဘမဲ့ဂေဟာ၊ မူကြို၊ လူမှုအသိုင်းအဝိုင်းစင်တာနဲ့ အိမ်တွေအပါအဝင် ပြည်တွင်းရွှေ့ပြောင်းသူတွေနဲ့ အတည်တကျမဟုတ်တဲ့ အခြေချနေထိုင်သူတွေအတွက် ကျွန်တော်တို့ အိမ်ယာ ၁၁ ခု ဆောက်ပေးခဲ့ပြီးပါပြီ။ ဝါးက ဆောက်လုပ်ရေးလုပ်ငန်းတွေမှာ ကာဗွန်ထုတ်လွှတ်မှုကိုလည်း ပြောင်းလဲစေနိုင်ပါတယ်။ဟု ၎င်းက ပြောသည်။

 

ယခုအခါ Ascoli သည် ကိုလံဘီယာ မြို့ပြ၊ ဖွဲ့စည်းတည်ဆောက်မှုအင်ဂျင်နီယာ၊ Bamboo Engineers အဖွဲ့ တည်ထောင်သူ Esteban Morales နှင့် မဒါဂတ်စကာ၊ Tamatave မြို့တွင် ၅၅၀ စတုရန်းမီတာရှိ အဆောက်အအုံတစ်ခုကို ၎င်းဝါးနည်းပညာဖြင့် ဆောက်လုပ်ရန် အတူတကွ လုပ်ကိုင်နေသည်။

ဒီစုပေါင်းအားထုတ်မှုက ဝါးတည်ဆောက်ဖွဲ့စည်းမှုက မြေငလျင်၊ ဆိုင်ကလုန်းနဲ့ အခြားအရာတွေ ကြုံတွေ့လာရင် သင့်တော်တယ်ဆိုတာ သေချာစေဖို့ပါပဲ။”

 

ကျွန်တော်တို့ လက်ရှိ မဒါဂတ်စကာမှာ အကြီးစား မဏ္ဍပ် အဆောက်အအုံတစ်ခုအတွက် ဖွဲ့စည်းပုံဒီဇိုင်း ပြီးစီးခါ နီးပါပြီ။ ဆောက်လုပ်ရေးအတွက် မြန်မာနိုင်ငံက ဝါးတွေ အဓိက အသုံးပြုထားပါတယ်။ ဆိုင်ကလုန်း အမျိုး အစား ၅ နဲ့ သက်ဆိုင်တဲ့ လေတိုက်အားကို ခံနိုင်အောင် ဒီဇိုင်းဆွဲထားပြီး လေပြွန်ပုံစံကိုလည်း အသုံးပြုထားပါ တယ်။ဟု ပြောသည်။

 

ဒီစုပေါင်းအားထုတ်မှုက ဝါးတည်ဆောက်ဖွဲ့စည်းမှုက မြေငလျင်၊ ဆိုင်ကလုန်းနဲ့ အခြားအရာတွေ ကြုံတွေ့လာရင် သင့်တော်တယ်ဆိုတာ သေချာစေဖို့ပါပဲ။”

 

Blue Temple မှ ဦးဆောင်သည့် Housing NOW မြန်မာ အိမ်ယာစီမံကိန်းသည် ယခုအခါ MIT Solve မှ ၎င်းတို့၏ ဂေဟစနစ်များနှင့် အိမ်ယာကဏ္ဍတွင် အသိအမှတ်ပြုခြင်း ခံခဲ့ရသည်။

 

မြန်မာမှ မဒါဂတ်စကာသို့

 

Ascoli က မဒါဂတ်စကာ၌ ၂၀၂၄ ခုနှစ် ဧပြီလတွင် ဆောက်လုပ်ရေးများ စတင်ရန် စီစဉ်ထားသည်။

 

မြန်မာနိုင်ငံက ဆန်းသစ်တီထွင်မှုက မဒါဂတ်စကာလို ကမ္ဘာ့တစ်ခြားနေရာမှာ ချက်ချင်း အသုံးချနိုင်တယ်ဆိုတာ တွေ့မြင်ရတာ အရမ်းစိတ်လှုပ်ရှားဖို့ ကောင်းပါတယ်။ ဒီလို ပတ်ဝန်းကျင်မှာ ဈေးကွက်လှုံ့ဆော်တဲ့ နည်းပညာနိမ့် ဆန်းသစ်တီထွင်မှုက နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို ပုံဖော်တဲ့နေရာမှာ ကြီးမားတဲ့ သက်ရောက်မှု ရှိနိုင်ပါတယ်။

 

ကမ္ဘာ့တောင်ဘက်ပိုင်းတွင် ကြီးပြင်းလာကြသူများသည် ၎င်းနိုင်ငံသားများ၏ လိုအပ်ချက်အတွက် ကိုယ်ပိုင် အတွေ့အကြုံမှ ရရှိသည့် အသိပညာများ ရှိကြသည်ဟု Morales က ရှင်းပြသည်။

 

မိသားစု သန်းပေါင်းများစွာကို ထိခိုက်စေတဲ့ အိမ်ယာနဲ့ ပတ်သတ်တဲ့ ငွေကြေးမဖူလုံမှုဆိုတဲ့ လူသားမဆန်တဲ့ ပြဿနာကို ဘယ်လိုဖြေရှင်းရမယ်ဆိုတာ သိပ္ပံပညာ၊ နည်းပညာနဲ့ အင်ဂျင်နီယာပညာရပ်နယ်ပယ်တွေက ကျွန်တော်တို့ သိရှိပြီးဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ သုတေသနတွေကို ဆက်လုပ်ကြရမယ်။ ဒါပေမယ့် ကျွန်တော်တို့ သိရှိထားပြီးဖြစ်တဲ့ အသိပညာတွေနဲ့လည်း အရေးပေါ် လုပ်ဆောင်ကြရမယ်။ အခုကို လုပ်ရမယ့်အချိန်ရောက်နေပြီ။”

 

ကိုးကား - Forbes

ပုံစာ - ဝါးဆောက်လုပ်ရေး (Photo: Bule Temple)

 

Burma Associated Press

မဒါဂတ်စကာ
ဝါး
မြန်မာ

Share With
bap-logo