bap-logo
Local News

ပြည်ကြီးတံခွန် သပိတ်ဆရာတော် ဖမ်းဆီးခံရပြီးနောက် အဆက်အသွယ် ပြတ်တောက်နေ

l6kD7rFpoGH9d0Duqth2c-image

လွန်ခဲ့သော ၂ နှစ် က

 မတ် - ၁၀

 

မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ် သပိတ်အင်အားစု ဦးဆောင်ဆရာတော် ဦးအဂ္ဂဝံသကို စစ်တပ်က ဖမ်းဆီးခဲ့ ပြီးနောက် အဆက်အသွယ်ပြတ်တောက်နေကြောင်း ဆရာတော်နှင့် နီးစပ်သည့် သပိတ်အဖွဲ့ဝင်များက ပြောသည်။

 

စစ်ကောင်စီတပ်က မတ်လ ရက်တွင် ဆရာတော် ယာယီရောက်ရှိနေသည့် စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ် အတွင်းရှိ လက္ကပင်ရွာကို ဝင်ရောက်ခဲ့ပြီးနောက် ဆရာတော်ကို ဖမ်းဆီးခဲ့ကြောင်း၊ ဆရာတော် ဖမ်းဆီးခံရပြီး နောက် လက်ရှိအချိန်အထိ ဆရာတော် သတင်းကို မကြားရသေးကြောင်း ၎င်းက ပြောသည်။

 

" ဖမ်းခံလိုက်ရတယ်ဆိုတာတော့ အတည်ပြုလို့ရသေးတယ်။ ကျန်တာမသိရသေးဘူးပေါ့။ အဲဒီရွာကို ဆရာတော် ခဏရှောင်ရင်း ရောက်နေတာပါ။ ရွာမှာဆရာတော်က စစ်ရှောင်တွေကို ကူညီကယ်ဆယ်ရေးတွေ လုပ်ပေးနေ တယ် "ဟု ဆရာတော်နှင့် နီးစပ်သူ တစ်ဦးကပြောသည်။

 

ဆရာတော်ရောက်ရှိနေသည့် လက္ကပင်ရွာကို စစ်ကောင်စီတပ်များက ဝိုင်းဝန်းပိတ်ဆို့ပြီး ဆရာတော်အား ဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း၊ ဆရာတော်ကို ဝင်ရောက်ဖမ်းဆီးစဉ် စစ်တပ်က ဒေသခံအချို့ကိုလည်း ဖမ်းဆီးမှုများ လုပ်ခဲ့ကြောင်း သိရသည်။

 

ပြီးခဲ့သည့်ကာလများတွင် စစ်တပ်ကိုဆန့်ကျင်ဆန္ဒပြသည့် ပြည်ကြီးတံခွန် သပိတ်ဆရာတော်ကို စစ်တပ်က ၎င်းယာယီရောက်ရှိနေသည်ဟု သတင်းရသည့် ဘုန်းကြီးကျောင်းမှန်သမျှကို ဝင်ရောက် စီးနင်းခဲ့သေးသည်။

Burma Associated Press

စစ်ကိုင်း
အဖမ်းခံရ
စစ်တပ်
ဘုန်းကြီး

Share With
bap-logo