bap-logo
Intrenational Crime

အရှေ့တောင်အာရှ လူကုန်ကူးမှု ကမ္ဘာ့အကျပ်အတည်းဖြစ်လာဟု အင်တာပိုလ်ပြော

jBaU96ukdwbYYXzPvkrQj-image

လွန်ခဲ့သော ၇ လ က

ကပ်ရောဂါဘေးကာလအတွင်း လူကုန်ကူးမှုနှင့် ဆိုင်ဘာလိမ်ညာမှုလုပ်ငန်းများ "ပေါက်ကွဲပျံ့နှံ့ခြင်း” ကို အားဖြည့်ပေးနေသော စုဖွဲ့ကျူးလွန်သည့် ရာဇဝတ်ဂိုဏ်း စက်ဝန်းများသည် အရှေ့တောင်အာရှမှ ကမ္ဘာ့ကွန်ရက်အထိ တိုးချဲ့ပြန့်နှံ့လာပြီး တစ်နှစ်လျှင် ဝင်ငွေ အမေရိကန်ဒေါ်လာ ၂ ထရီလီယံအထိ ရရှိနေကြသည်ဟု အပြည်ပြည်ဆိုင်ရာ ရဲတပ်ဖွဲ့ အကြီးအကဲက ဗုဒ္ဓဟူးနေ့တွင် ပြောသည်။

 

အွန်လိုင်းအမည်ဝှက် မောင်းနှင်မှု၊ စီးပွားရေးပုံစံသစ်ရဲ့ စေ့ဆော်မှု၊ ကိုဗစ်ရဲ့ အရှိန်မြှင့်တင်ပေးမှု တို့ကြောင့် ဒီ စုဖွဲ့ကျူးလွန်တဲ့ ရာဇဝတ်အုပ်စုတွေဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုမှာ ပုံဖော်ကြည့်လို့ မရနိုင်ခဲ့တဲ့ ကျယ်ပြန့်မှုနဲ့ လုပ်ကိုင်နေကြပါပြီ။ဟု အင်တာပိုလ် အထွေထွေအတွင်းရေးမှူး Jurgen Stock က ကမ္ဘာ့ရဲတပ်ဖွဲ့များ ညှိနှိုင်းဆောင်ရွက်ရေးလုပ်ငန်း စင်ကာပူရုံး ရှင်းလင်းပွဲတွင် ပြောသည်။

 

အရှေ့တောင်အာရှမှာ ဒေသတွင်း ရာဇဝတ်မှုအန္တရာယ်အဖြစ် စတင်ခဲ့ပြီး ကျူးလွန်ခံရသူ ဆိုင်ဘာအလိမ်အညာလုပ်ငန်းတွေနဲ့ ပစ်မှတ်တွေအဖြစ် သန်းပေါင်းများစွာ ရှိလာတဲ့နောက် ကမ္ဘာ့လူကုန်ကူးမှုအကျပ်အတည်း ဖြစ်လာပါတယ်။”

 

တရားဝင်အလုပ်အကိုင်ရမည်ဟု ကတိပေး လိမ်လည်ကာ ဆိုင်ဘာလိမ်လည်မှုလုပ်ငန်းအသစ်များတွင် ဆန္ဒမပါဘဲ ခိုင်းစေခံရသည့် အလုပ်သမားများနှင့် လည်ပတ်လေ့ရှိသော စုဖွဲ့ကျူးလွန်သည့် ရာဇဝတ်အဖွဲ့များမှာ မူးယစ်ဆေးဝါးကုန်ကူးခြင်းမှလည်း အကျိုးအမြတ်များ ရရှိကြသည်ဟု Stock က ပြောသည်။

 

မူးယစ်ဆေးဝါးကုန်သွယ်မှုသည် ရာဇဝတ်အုပ်စုများ၏ ဝင်ငွေ ၄၀% မှ ၇၀% အထိ ပါဝင်နေသေးသည်ဟု ၎င်းက ပြောသည်။

 

ဒါပေမယ့် ဒီအဖွဲ့တွေဟာ သူတို့ရဲ့ ရာဇဝတ်လုပ်ငန်းတွေအသုံးပြုတဲ့ မူးယစ်ဆေးဝါးကုန်သွယ်မှု လမ်းကြောင်းတွေကို လူကုန်ကူးမှု၊ လက်နက်ကုန်သွယ်မှု၊ ဉာဏပစ္စည်းဆိုင်ရာ၊ ခိုးရာပါကုန်၊ ကားခိုးမှုတွေအတွက်လည်း အသုံးပြုနေတယ်ဆိုတာ ကျွန်တော်တို့ တွေ့ရပါတယ်။” ဟု Stock က ပြောသည်။

 

ကမ္ဘာ့ဘဏ္ဍာရေးစနစ်မှတဆင့် ဒေါ်လာ ၂ ထရီလီယံ မှ ၃ ထရီလီယံအထိ တရားမဝင်လုပ်ဆောင်မှုများ နှစ်စဉ် ရှိနေကြောင်း၊ စုဖွဲ့ကျူးလွန်သည့် ရာဇဝတ်အဖွဲ့တစ်ခုသည် တစ်နှစ်လျှင် ဝင်ငွေ ဒေါ်လာ ၅၀ ဘီလီယံအထိ ရရှိနိုင်ကြောင်း ၎င်းက ပြောသည်။

 

ပြီးခဲ့သည့်နှစ်တွင် လူပေါင်း ၁၀၀၀၀၀ ကျော် ကမ္ဘောဒီးယားနိုင်ငံရှိ အွန်လိုင်းအလိမ်အညာလုပ်ငန်းများသို့ ကုန်ကူးခံခဲ့ရသည်ဟု ကုလသမဂ္ဂက ပြောသည်။ နိုဝင်ဘာလတွင် ဆက်သွယ်ရေး လိမ်ညာလုပ်ကိုင်မှုဖြင့် သံသယရှိသူ တရုတ်လူမျိုး ထောင်ပေါင်းများစွာကို မြန်မာနိုင်ငံက တရုတ်နိုင်ငံသို့ လွှဲပြောင်းပေးခဲ့သည်။

 

ထိုင်းနိုင်ငံတွင် ပေါ်ထွက်လာနေသော ဆိုင်ဘာရာဇဝတ်မှု လုပ်ငန်းခွဲတစ်ခုအကြောင်းနှင့် ၎င်းတို့၏ ဘဏ္ဍာရေးအကြောင်းကို Reuters စုံစမ်းစစ်ဆေးမှုက ပြီးခဲ့သည့်နှစ်တွင် အသေးစိတ်ဖော်ပြခဲ့သည်။

 

ပြီးခဲ့သည့်နှစ်တွင် စင်ကာပူဒေါ်လာ ၃ ဘီလီယံ (အမေရိကန်ဒေါ်လာ .၂၃ ဘီလီယံ) အထိ ပိုင်ဆိုင်မှုများ သိမ်းဆည်းနိုင်ခဲ့သော ငွေကြေးခဝါချမှုကို ဖော်ထုတ်နိုင်ခဲ့သည့်အတွက် စင်ကာပူကို Stock က ချီးကျူးဂုဏ်ပြုခဲ့သည်။

 

ကိုးကား - Reuters

 

ပုံစာ - နိုဝင်ဘာလ ၂၁ ရက် ၂၀၁၈ ခုနှစ် အာရပ်စော်ဘွားများ ပြည်ထောင်စု ဒူဘိုင်းမြို့ သတင်းစာရှင်းလင်းပွဲတစ်ခုမှ အင်တာပို အထွေထွေအတွင်းရေးမှူး Jurgen Stock (REUTERS/Satish Kumar/ File photo)

 

လူကုန်ကူးမှု
အင်တာပိုလ်
အရှေ့တောင်အာရှ

Share With
bap-logo