Data
K.N.L.A တပ်ရင်း (၂၇) နှင့် လေးရက်တာ တိုက်ပွဲအတွင်း စစ်ကောင်စီ ၁၀ ဦး သေ
လွန်ခဲ့သော တစ်နှစ် က
ဇူလိုင် ၂၄။
ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (K.N.L.A)၊ တပ်မဟာ -၆၊ တပ်ရင်း (၂၇) နှင့် စစ်ကောင်စီတို့အကြား ဇူလိုင်လ ၁၇ ရက် မှ ၂၁ ရက်နေ့ အထိ လေးရက်တာ တိုက်ပွဲတွင် စစ်ကောင်စီဘက်က ၁၀ ဦး သေဆုံးခဲ့ပြီး ၁၁ ဦး ဒဏ်ရာရခဲ့သည်ဟု ကေအဲန်ယူ- ဗဟိုက ဆိုသည်။
စစ်ကောင်စီ၏ စကခ(၈) လက်အောက်ခံ ခမရ−၄၀၇ တပ်ရင်း၊ တပ်မ(၄၄) လက်အောက်ခံ ခမရ−၁၀၄ တပ်ရင်းနှင့် KNLA တို့အကြား နှစ်ဖက် ထိတွေ့ ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။
အဆိုပါ တိုက်ပွဲအတွင်း ကရင် အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) ဘက်မှ ၄ ဦး ဒဏ်ရာရခဲ့ပြီး ၁ ဦး ကျဆုံးခဲ့သည်ဟုလည်း ဖော်ပြထားသည်။
ဓါတ်ပုံ-ကေအဲန်ယူ (ဗဟို)
ကေအဲန်ယူ
KNU/KNLA
စစ်တပ်
Related Articles
- အာဏာသိမ်းပြီး ၂ နှစ်အတွင်း သတ္တုနှင့် ကျောက်မျက် တင်ပို့မှု ကန်ဒေါ်လာ ၉ ဒသမ ၆ ဘီလီယံကျော် တန်ဖိုးရှိခဲ့
- “မမများနဲ့ပွဲကမယ်” ဘဏ္ဍာငွေ ရှာဖွေရေးအစီအစဉ်မှ ကန်ဒေါ်လာ ၁.၉၈ သန်း ရရှိ
- S.O.F အနေဖြင့် ၂ နှစ်အတွင်း စခန်းသိမ်းပွဲ ၄ ခုနှင့် စစ်ဆင်ရေး တစ်ရာကျော် ဖော်ဆောင်ခဲ့ဟု ဆို
- ပြည်တွင်းနေရပ်စွန့်ခွာသူ ၁ ဒသမ ၉ သန်း ရှိလာပြီ
Share With