bap-logo
Data

ကန်ပက်လက်ရှိ စစ်ကောင်စီ ကင်းစခန်း တိုက်ခိုက်ခံရ၊ နှစ်ဦး သေဆုံး

Iy8xN-DrXf6p2C6Ml1u0W-image

လွန်ခဲ့သော တစ်နှစ် က

ဇူလိုင် ၂၄။

ချင်းပြည်နယ်၊ မင်းတပ်ခရိုင်၊ကန်ပက်လက်မြို့ရှိ စစ်ကောင်စီ ကင်းစခန်းကို CDF ပူးပေါင်းတပ်ဖွဲ့က ဇူလိုင် ၂၂ ရက်တွင် သွားရောက်ပစ်ခတ်ခဲ့သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန- MODက ထုတ်ပြန်သည်။

 

စစ်ကောင်စီဘက်က နှစ်ဦး သေဆုံးခဲ့ပြီး မဟာမိတ် ပူးပေါင်းတပ်များက အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ သည်ဟုလည်း MOD က ဆိုသည်။

 

ကန်ပက်လက်မြို့ ဒေသခေါ် ရန်အောင်စေတီကုန်းအနီးရှိ ကင်းစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (ဂန့်ဂေါခရိုင်) အမှတ် (၁၃)တပ်ရင်းနှင့် CDF မင်းတပ်၊ CDF ကန်ပက်လက် ပူးပေါင်းတပ်ဖွဲ့များက သွားရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

 

စစ်ကောင်စီတပ်က မကွေးတိုင်းအနောက်ခြမ်းနှင့် ချင်းပြည်နယ်လမ်းပိုင်းများကို ထိန်းချုပ်ရန် ကြိုးစားနေပြီး တော်လှန်ရေး ပူးပေါင်းတပ်များက ရင်ဆိုင်တိုက်ခိုက်လျက်ရှိနေသည်ဟု MOD က အသိပေးသည်။

 

Burma Associated Press

ချင်း
ချင်းကာကွယ်ရေးတပ်ဖွဲ့
စစ်တပ်

Share With
bap-logo