bap-logo
Politics

သဲကုန်းတွင် ပြည်ခိုင်ဖြိုးအမတ်ဟောင်း ဦးစိုးအောင် ပစ်ခတ်ခံရပြီးသေဆုံး

gzm9G_UHekPDHNPRUim2S-image

လွန်ခဲ့သော တစ်နှစ် က

အောက်တိုဘာ ၁၂။

 

ပဲခူးတိုင်းအနောက်ပိုင်း၊ သဲကုန်းမြို့နယ်၊ သဲကုန်းဈေးမှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ အမတ်ဟောင်း တစ်ဦးဖြစ်တဲ့ ဦးစိုးအောင် သေနတ်နဲ့ပစ်ခတ်ခံရပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေက BAP ကိုပြောပါတယ်။

 

ဒီနေ့မနက် နာရီကျော်လောက်က ကားဂိတ်မှာ ထိုင်နေတဲ့အချိန် အပစ်ခံပြီး ဆုံးသွားတာလို့ မျက်မြင်တွေ့တဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

 

ပြည်ခိုင်ဖြိုးအမတ်ဦးစိုးအောင်ဟာ သမ္မတဦးသိန်းစိန်လက်ထက် လွှတ်တော် ကိုယ်စားလှယ်တစ်ဦးဖြစ်ပြီး လက်ရှိ သဲကုန်းဈေးမှာ စတိုးဆိုင်နဲ့ ကားဂိတ် တစ်ခုဖွင့်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

 

"မြို့လယ်ခေါင်တည့်တည့်မှာ ပစ်ခံရတာ၊ နယ်မှာက မနက် ၆ နာရီဆိုရင် အဲဒီနေရာမှာ လူများတယ်၊ ခရီးသည် တွေ အများကြီးရှိနေချိန် ဝင်ပစ်သွားတာ၊ ပွဲချင်းပြီးသေတယ် အနီးနားမှာ ထွေအုပ်ရုံးရှိတယ်" လို့ သဲကုန်း မြို့ခံတစ်ဦးက ပြောပါတယ်။

 

လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးစိုးအောင်ကို ဘယ်အဖွဲ့က ပစ်ခတ်သွားတယ်ဆိုတာ မသိရသေးဘူးလို့ ဆိုပါတယ်။

 

ပြီးခဲ့တဲ့ ဇွန်လတုန်းကလည်း သဲကုန်းမြို့နယ်ထဲမှာ ရဲ နှစ်ယောက် အပစ်ခံရပြီး တစ်ဦး သေဆုံးခဲ့ပါသေးတယ်။

 

အာဏာသိမ်းပြီးနောက်ပိုင်း ပြည်ခိုင်ဖြိုးပါတီဝင် ၂၅၀ ထက်မနည်း သေဆုံးခဲ့တယ်လို့ ပါတီဘက်က ပြောထားတာရှိပါတယ်။

 

ပုံစာ - ၂၀၂၂ ခုနှစ် မေလအတွင်းက သဲကုန်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးရှေ့ ပြည်ထောင်စုငြိမ်းချမ်းရေးပိုစတာ စိုက်ထူစဉ် ( ဓာတ်ပုံ - ပြည်ခိုင်ဖြိုး )

 

Burma Associated Press

ပြည်ခိုင်ဖြိုး ပါတီ
ပါတီ
သတ်ဖြတ်ခဲ့

Share With
bap-logo