bap-logo
War

အစ္စရေးတပ်ဖွဲ့များ ဂါဇာသို့ မြေပြင်မှ ဝင်ရောက်စီးနင်း

gZMbHz32sYwd1gQnVNIUD-image

လွန်ခဲ့သော တစ်နှစ် က

 

အင်္ဂါနေ့တွင် "စစ်မြေပြင် ပြင်ဆင်ရေး" အတွက် ဂါဇာမြောက်ပိုင်းသို့ အစ္စရေးတပ်ဖွဲ့များနှင့် တင့်ကားများ မြေပြင်မှ နာရီများစွာကြာမြင့်သည့် မြေပြင်စီးနင်းမှု စတင်ခဲ့သည်ဟု စစ်တပ်က ပြောကြားသည်။

 

ဂါဇာတွင် ကြာသပတေးနေ့အထိ သေဆုံးသူ ၇,၀၀၀ ကျော်ပြီဟု ပါလက်စတိုင်းအရာရှိများ၏ အဆိုအရ သိရသည်။ ဟားမက်စ်တို့ကို ချေမှုန်းရန် အစ္စရေး မြေပြင်ထိုးစစ် စတင်လျှင် ပိုမိုဆုံးရှုံးရမှုများ ဖြစ်ပေါ်လာနိုင်သည်။ ဟားမက်စ်တို့သည် ၂၀၀၇ ခုနှစ်ကပင် ဂါဇာကို အုပ်ချုပ်နေ ခြင်းဖြစ်ပြီး အစ္စရေးနှင့် စစ်ပွဲလေးကြိမ် ဖြစ်ပွားခဲ့သည်။

 

တစ်ညတာ စီးနင်းမှုအတွင်း စစ်သားများက တိုက်ခိုက်ရေးသမားများကို သတ်ဖြတ်ခဲ့ကြောင်း၊ စစ်သွေးကြွတို့၏ အခြေခံအဆောက်အအုံများနှင့် တင့်ဖျက် ဒုံးပစ်စင်နေရာများကို ဖျက်ဆီးခဲ့ ကြောင်း စစ်တပ်က ပြောကြားသည်။ အစ္စရေးတစ်ဦးမျှ ထိခိုက်မှုမရှိဟုလည်း ပြောကြားသည်။

 

စစ်တပ်ပြောခွင့်ရ ဗိုလ်ချုပ် Daniel Hagari က အကန့်အသတ်ဖြင့် ဝင်ရောက်တိုက်ခိုက်ခြင်းသည် "စစ်ပွဲ နောက်တစ်ဆင့်အတွက် ကြိုတင်ပြင်ဆင်ခြင်း၏ တစ်စိတ်တစ်ဒေသ ဖြစ်သည်ဟု ပြောကြားသည်။

 

ပြီးခဲ့သည့် ၂၄ နာရီအတွင်း ဥမင်လှိုဏ်ခေါင်းများ၊ ဒုံးပစ်စင်များနှင့် အခြား စစ်ရေးအခြေခံ အဆောက်အအုံများကို ပစ်မှတ်ထားသည့် လေကြောင်းတိုက်ခိုက်မှု အကြိမ် ၂၅၀ ပြုလုပ်ခဲ့သည် ဟုလည်း အစ္စရေးက ပြောကြားသည်။

 

အငြင်းပွားနေကြသည့် ဆေးရုံပေါက်ကွဲမှုမှ သေဆုံးမှုများအပါအဝင် ပါလက်စတိုင်း ၇,၀၀၀ ကျော် သေဆုံးခဲ့သည်ဟု ဂါဇာကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။ ၎င်းပမာဏမှာ ၂၀၁၄ ခုနှစ်က ဖြစ်ပွားခဲ့သော ခြောက်ပတ်ကြာ ဂါဇာစစ်ပွဲတွင် သေဆုံးခဲ့သည်ထက် သုံးဆ ပိုမိုများပြားသည်။ ၎င်းဝန်ကြီးဌာန၏ သေဆုံးသူဦးရေ ပြောကြားမှုတွင် ကလေးသူငယ် ၂,၉၀၀ ကျော်နှင့် အမျိုးသမီး ၁,၅၀၀ ကျော် ပါဝင်သည်။

 

အစ္စရေးအစိုးရ၏ ပြောကြားချက်အရ အစ္စရေး လူဦးရေ ၁,၄၀၀ ကျော် သေဆုံးခဲ့ပြီး အများစုမှာ ကနဦး ဟားမက်စ်တို့၏ တိုက်ခိုက်မှုတွင် သေဆုံးခဲ့ကြသည့် အရပ်သားများဖြစ်ကြသည်။ ဟားမက်စ်တို့က ဓားစာခံ ၂၂၄ ဦးကို ဂါဇာတွင် ထိန်းသိမ်းထားသည်။

 

ဂါဇာလူထုမှာ လောင်စာဆီ၊ အစားအသောက်၊ ရေနှင့် ဆေးဝါးများ ပြတ်တောက်နေပြီ ဖြစ်သည်။ ဂါဇာ လူဦးရေ . သန်းမှ . သန်းခန့်မှာ နေအိမ်များကို စွန့်ခွာ၍ ၎င်းတို့၏ တစ်ဝက်ခန့်မှာ ကုလ သမဂ္ဂ၏ ခိုလှုံရေးနေရာများတွင် စုပြုံရောက်ရှိနေကြသည်။ အစ္စရေးက တောင်ပိုင်းသို့ ထွက်ခွာရန် အမိန့် ပေးထားသော်လည်း ဂါဇာမြောက်ပိုင်းတွင် လူဦးရေ သိန်းချီ၍ ကျန်ရှိနေသေးသည်။ ကျန်ရှိနေသူများကို ဟားမက်စ်တို့နှင့် "ကြံရာပါများ သတ်မှတ်နိုင်သည်ဟုလည်း ပြောကြားထား သည်။

 

မကြာသေးမီ ရက်များအတွင်း အစ္စရေးက ထောက်ပံ့ရေးထရပ်ကား ၆၀ ကို အီဂျစ်နိုင်ငံမှ ဝင်ရောက်ရန် ခွင့်ပြုခဲ့ပြီး ထောက်ပံ့ရေးလုပ်ဆောင်သူများက မလုံလောက်ကြောင်း၊ ၎င်းပမာဏမှာ စစ်မဖြစ်ခင်က တင်သွင်းမှုပမာဏ၏ အနည်းငယ်များသာ ရှိသည်ဟု ဆိုသည်။ အစ္စရေးက မီးစက်များအတွက် လိုအပ်သော လောင်စာဆီ သယ်ယူမှုကိုမူ ဟားမက်စ်တို့ ယူငင်မည်ဟု ယုံကြည် ရသည်ဆိုကာ ပိတ်ဆို့ထားဆဲဖြစ်သည်။

 

ဂါဇာ၏ အဓိက ကျန်းမာရေးစောင့်ရှောက်မှုအဆောက်အအုံများ၏ တစ်ဝက်နှင့် ဆေးရုံ သုံးပုံ တစ်ပုံမှာ ဝန်ဆောင်မှုများ ရပ်တန့်သွားပြီဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပြောကြားသည်။

 

ပဋိပက္ခမှာ ဒေသတွင်း ပျံ့နှံ့ရန်လည်း ခြိမ်းခြောက်နေသည်။ ဒုံးကျည်ပစ်လွှတ်မှုကို တုံ့ပြန်သည့် အနေဖြင့် ဆီးရီးယားနိုင်ငံမှ စစ်စခန်းများကို တိုက်ခိုက်ခဲ့သည်ဟု အစ္စရေးစစ်တပ်က ပြောသည်။ ဆီးရီးယားနိုင်ငံပိုင်မီဒီယာက စစ်သား ဦး သေဆုံးကြောင်းနှင့် အခြား ဦး ဒဏ်ရာ ရရှိကြောင်း ဖော်ပြခဲ့သည်။

 

အစ္စရေးသည် လက်ဘနွန်နယ်စပ်တွင်လည်း အီရန်နိုင်ငံကျောထောက်နောက်ခံပြုထားသည့် ဟစ်ဇ်ဘိုလာများနှင့် နေ့စဉ် အပြန်အလှန် ပစ်ခတ်မှုများ ရှိနေသည်။

 

ကြာသပတေးနေ့ အစောပိုင်းက အစ္စရေး လေကြောင်းတိုက်ခိုက်မှုကြောင့် လက်ဘနွန်တောင်ပိုင်း နယ်စပ်မြို့ Aita al Shaab တွင် ကွင်းပြင်ကျယ်အတွင်း မီးလောင်မှု ဖြစ်ပွားခဲ့ပြီး တိုက်ခိုက်မှုများ ပိုမိုပြင်းထန်လာကြောင်း လက်ဘနွန်နိုင်ငံပိုင်သတင်းအေဂျင်စီက ပြောကြားသည်။ Tyre ခရိုင် အတွင်းမှ မြို့များကို ဗုဒ္ဓဟူးနေ့ နှောင်းပိုင်း တိုက်ခိုက်မှုတွင် မွေ့ရာစက်ရုံတစ်ခုကို ထိမှန်ခဲ့သည်ဟု ၎င်းအေဂျင်စီက တင်ပြထားသည်။

 

အောက်တိုဘာ ရက်နေ့တွင် အစ္စရေးတောင်ပိုင်းကို ဟားမက်စ်တို့က ရုတ်တရက် တိုက်ခိုက် ခဲ့သည့်အတွက် ၎င်းတိုက်ခိုက်မှု၏ ရက်စက်မှု၊ မကြုံစဖူး ထိခိုက်သေဆုံးမှု၊ ထောက်လှမ်းရေး အဖွဲ့ အစည်းများ၏ ကြိုတင်မသိရှိမှုတို့က အစ္စရေးနိုင်ငံကို ထိတ်လန့်အံ့အားသင့်စေခဲ့သည်။ အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ရာဟုက ၎င်းတာဝန်ခံမည်ဖြစ်ကြောင်း၊ သို့သော် ဟားမက်စ်တို့ ရှုံးနိမ့်ပြီးမှသာ ဖြစ်ကြောင်း ဗုဒ္ဓဟူးနေ့ မိန့်ခွန်းတွင် ပြောကြားခဲ့သည်။

 

ကျွန်တော်တို့ ဖြစ်ပျက်ခဲ့တဲ့ အမှန်တရားကို သိအောင်လုပ်မယ်။ ရုတ်တရက်ဆိုးဆိုးရွားရွား ရှုံးနိမ့်ခဲ့ရမှုကို စုံစမ်းစစ်ဆေးမယ်။ ကျွန်တော်အပါအဝင် လူတိုင်းဖြေရှင်းချက်ပေးရမယ်။ ဟု ၎င်းက ပြောကြားသည်။

 

ကိုးကား - AP

 

ပုံစာ - အောက်တိုဘာ ၂၅ ရက် ၂၀၂၃ ခုနှစ် ဂါဇာမြို့သို့ အစ္စရေးလေကြောင်းတိုက်ခိုက်မှုအပြီး ထိခိုက်ဒဏ်ရာရသည့် ကလေးနှစ်ဦးကို ကယ်ထုတ်လာသည့် ပါလက်စတိုင်းများ။ (Photo: AP Photo/Abed Khaled)

 

Burma Associated Press

တိုက်ခိုက်ခံရ
အစ္စရေး
ပါလက်စတိုင်း
ဂါဇာ
စစ်ရာဇဝတ်မှု

Share With
bap-logo