bap-logo
War

ဟားမက်စ်တို့ ဒုံးကျည်ထောင်ချီဖြင့် ရုတ်တရက်တိုက်ခိုက်၊ အစ္စရေး ၂၂ ဦး အနည်းဆုံး သေဆုံး

k2jmle7OOdBZMsc0iALze-image

လွန်ခဲ့သော တစ်နှစ် က

ဂါဇာကမ်းမြှောင်တွင် အုပ်စိုးထားသည့် ဟားမက်စ်စစ်သွေးကြွအုပ်စုများက စနေနေ့မနက်အစောပိုင်း အစ္စရေးကို မထင်မှတ်သော တိုက်ခိုက်မှုပြုလုပ်ခဲ့ပြီး ထောင်ချီသော ဒုံးကျည်များ ပစ်ခတ်ခြင်း၊ တိုက်ခိုက်ရေး သမားများက အခိုင်အမာကာကွယ်ထားသည့် နယ်စပ်ကို နေရာများစွာမှ လေကြောင်း၊ ကုန်းကြောင်း၊ ပင်လယ်တို့မှ ထိုးဖောက်ခြင်း၊ အစောင့်အကြပ်မရှိသည့်နေရာများကို သိမ်းယူခြင်းတို့ ပြုလုပ်ခဲ့သည်။

 

ကျူးကျော်ဝင်ရောက်မှုအပြီး နာရီများစွာအကြာတွင် ဟားမက်စ်စစ်သွေးကြွများက အစ္စရေး လူမှု အသိုင်း အဝိုင်း အများအပြားအတွင်းတွင် သေနတ်ဖြင့် တိုက်ခိုက်မှုများ ဆက်လက်ပြုလုပ်နေဆဲဖြစ်ပြီး အစ္စရေးကို အံ့အားသင့်ထိတ်လန့်စေသည့် စွမ်းအင်ကို ပြသခဲ့သည်။ အစ္စရေးအမျိုးသား ကယ်ဆယ်ရေး ဝန်ဆောင်မှုက အနည်းဆုံး ၂၂ ဦး သေဆုံးခဲ့ပြီး ရာပေါင်းများစွာ ထိခိုက်ဒဏ်ရာရခဲ့သည်ဟု ပြောကြားခဲ့သည့် အတွက် အစ္စရေးတွင် နှစ်ပေါင်းများစွာအတွင်း အသေအပျောက်အများဆုံး တိုက်ခိုက်မှု ဖြစ်သည်။

 

အစ္စရေး တောင်ပိုင်း Beersheba မြို့Soroka ဆေးကုသရေးစင်တာမှ ထိခိုက်ဒဏ်ရာရသူ အနည်းဆုံး ၂၈၀ ကို ကုသပေးနေရပြီး ၆၀ မှာ ဒဏ်ရာပြင်းထန်သည်ဟု ပြောကြားသည်။

 

ဂါဇာတွင် ထိခိုက်မှုကို တရားဝင် မထုတ်ပြန်သော်လည်း Associated Press သတင်းထောက်က နာရေး ၁၅ ခု မျက်မြင်တွေ့ခဲ့ရပြီး နောက်ထပ် သေဆုံးသူ ၈ ဦး ဒေသတွင်း ဆေးရုံတစ်ခုသို့ ရောက်ရှိလာသည်ကို တွေ့ခဲ့ရသည်။ ၎င်းတို့သည့် တိုက်ခိုက်ရေးသမားများ သို့မဟုတ် အရပ်သားများဖြစ်သည်ကို ချက်ချင်း ရှင်းလင်းစွာ မသိရသေးပါ။

 

ဟားမက်စ်တိုက်ခိုက်ရေးသမားများက ခိုးယူထားခြင်း ဖြစ်ဖွယ်ရှိသည့် အစ္စရေးစစ်တပ်သုံးယာဉ်များနှင့် လမ်းများပေါ်တွင် ချီတက်လာပြီး သေဆုံးနေသည့် အနည်းဆုံး အစ္စရေးစစ်သားတစ်ဦးကို တရွတ်တိုက် ဆွဲယူလာကာ ဂါဇာဒေသတွင် ဒေါသထွက်နေသည့် ပါလက်စတိုင်းလူအုပ်က နင်းခြေ၍ "အကြီးမြတ်ဆုံးသော ဘုရားသခင်” ဟု အော်ဟစ်နေကြသည့် ဗီဒီယိုများ လူမှုမီဒီယာများတွင် ပြည့်နှက်နေသည်။

 

ဟားမက်စ်က ထုတ်ပြန်သည့် ဗီဒီယိုများတွင် အစ္စရေး သုံးဦးအနည်းဆုံး အသက်ရှင်လျက် ဖမ်းဆီးခံရသည်ကို တွေ့မြင်ရသည်။ စစ်တပ်က ထိုးထောက်ဝင်ရောက်လာသူများနှင့် တိုက်ခိုက်နေဆဲဖြစ်သည့်အတွက် သေဆုံး ဒဏ်ရာရမှုများ၊ ပြန်ပေးဆွဲဖမ်းဆီးခံရမှုများအကြောင်း အသေးစိတ် ထုတ်ပြန်ရန် ငြင်းဆိုခဲ့သည်။

 

ကျွန်တော်တို့ စစ်ဖြစ်နေပြီ။” ဟု အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ရာဟု က ရုပ်မြင်သံကြား အစီအစဉ်မှတဆင့် ပြောကြားသည်။ စစ်တပ်အမြောက်အများ နေရာရွှေ့ပြောင်းခြင်းကိုလည်း ကြေငြာခဲ့သည်။"စစ်ဆင်ရေးမဟုတ်၊ တစ်ပွဲတစ်လမ်းမဟုတ်၊ စစ်ဖြစ်နေပြီ။”

 

ရန်သူဟာ မကြုံစဖူး ပေးဆပ်ရလိမ့်မယ်။ အစ္စရေးက ရန်သူမကြုံဖူးတဲ့ ပမာဏနဲ့ ပြန်လည် တိုက်ခိုက်မှာ ဖြစ်တယ်

 

ရန်သူဟာ မကြုံစဖူး ပေးဆပ်ရလိမ့်မယ်။ အစ္စရေးက ရန်သူမကြုံဖူးတဲ့ ပမာဏနဲ့ ပြန်လည် တိုက်ခိုက်မှာ ဖြစ်တယ်။” ဟုလည်း ၎င်းက ပြောသည်။

 

ဂျူးလူမျိုးတို့၏ နှစ်ပတ်လည် သမ္မာကျမ်းငါးကျမ်း ဖတ်ရှုပြီးစီးသည့် သာမန်အားဖြင့် ပျော်ရွှင်ဖွယ် Simchat Torah နေ့တွင် ပြင်းထန်စွာ ကျူးကျော်ခဲ့ခြင်းဖြစ်သည်။ ယခုတိုက်ခိုက်မှုသည် လွန်ခဲ့သည့် နှစ်ပေါင်း ၅၀ တိတိက ဂျူးပြက္ခဒိန်၏ သန့်ရှင်းသော နေ့ထူးနေ့မြတ်ဖြစ်သော ၎င်းနေ့တွင်ပင် အစ္စရေး၏ ရန်သူတို့က Yom Kippur တွင် ရုတ်တရက်တိုက်ခိုက်ခဲ့သည့် နာကျင်အောက်မေ့ဖွယ် ၁၉၇၃ အရှေ့အလယ်ပိုင်း စစ်ပွဲကို ပြန်လည် အသက်သွင်းလိုက်ခြင်းဖြစ်သည်။

 

အစ္စရေးနိုင်ငံသမိုင်းမှ စိတ်ထိခိုက်ဖွယ်ရာ အပြင်းထန်ဆုံး အခိုက်အတန့်တစ်ခုနှင့် နှိုင်းယှဉ်ပြီး နေတန်ရာဟုနှင့် ၎င်း၏ လက်ယာစွန်း မဟာမိတ်များအား ဂါဇာမှ ခြိမ်းခြောက်မှုများကို ပိုမို ပြင်းထန်သည့် အရေးယူမှုများပြုလုပ်ရန် စည်းရုံးလှုံ့ဆော်ခဲ့သူများက ပိုမို ပြင်းထန်စွာ ဝေဖန်ခဲ့ကြသည်။ ဟားမက်စ်တို့၏ ယခုအဆင့်အထိ စီမံပြီး ပူးပေါင်းတိုက်ခိုက်နိုင်မှုအပေါ် ကြိုတင်မခန့်မှန်းနိုင်သည့်အတွက် နိုင်ငံရေးလေ့လာဆန်းစစ်သူများက အစိုးရအပေါ် ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ကြသည်။

 

နှစ်ဘက်လုံးတွင် ပိုမိုများပြားသော သေဆုံးဒဏ်ရာရမှုများ ရှိသည်ဟု သတင်းများထွက်ပေါ်နေသော်လည်း အာဏာပိုင်များက အသေးစိတ် ထုတ်ပြန်ခြင်း မရှိသေးပါ။ အစ္စရေးမီဒီယာများက အစ္စရေးတောင်ပိုင်းတွင် ဒါဇင်နှင့်ချီ၍ ဆေးရုံများတွင် ကုသနေရသည်ဟု ဖော်ပြကြသည်။ ဂါဇာရှိ ပါလက်စတိုင်း ကျန်းမာရေးဝန်ကြီးဌာနမှ အရေအတွက် မဖော်ပြဘဲ "နိုင်ငံသားများစွာ” ဒဏ်ရာရသည်ဟု ဖော်ပြခဲ့ပြီး ဗလီများ၏ အသံချဲ့များက သေဆုံးခဲ့သည့် စစ်သွေးကြွများအတွက် ဆုတောင်းသံများ ထုတ်လွှင့်နေသည်။

 

တဲလ်အဗစ် နှင့် ဂျေရုဆလင်မြို့များအထိ လေကြောင်းရန်သတိပေးဥဩသံများ ဆက်တိုက် ထုတ်လွှင့်ရသည် အထိ ဒုံးကျည်ပေါင်း ၂၅၀၀ ဖြင့် တိုက်ခိုက်ခံရမှုကို အစ္စရေးစစ်တပ်က ဂါဇာရှိ ပစ်မှတ်များကို တိုက်ခိုက်ခြင်းဖြင့် တုံ့ပြန်ခဲ့သည်။ အစ္စရေးကို နေရာဒေသ အနည်းဆုံး ခုနှစ်နေရာတွင် ထိုးဖောက်ဝင်ရောက်လာသည့် ဟားမက်စ်များနှင့် သေနစ်ပစ်ခတ် တိုက်ခိုက်နေသည်ဟု အစ္စရေးစစ်တပ်က ပြောသည်။ တိုက်ခိုက်ရေးသမားများသည် အစ္စရေးနိုင်ငံတွင်းသို့ ပိုင်းခြားထားသည့် စည်းရိုးများမှ တိတ်တဆိတ် ဖြတ်ကျော်ဝင်ရောက်လာကြပြီး စက်မဲ့လေထီးများဖြင့်လည်း လေကြောင်းမှ ဝင်ရောက်လာကြသည်ဟု ပြောသည်။

 

အစ္စရေးရုပ်သံများက ဂါဇာ-အစ္စရေး နယ်စပ်စည်းရိုးများကို ဖောက်ခွဲပျက်စီးခံရမှုများ ပြသခဲ့ပြီး ပါလက်စတိုင်း သေနတ်သမားများက မော်တော်ဆိုင်ကယ်များ၊ ထရပ်ကားများ စီးနင်း၍ ဝင်ရောက်လာသည်ဟု ယူဆရသော ပုံရိပ်များလည်း ပြသခဲ့သည်။

 

ဟားမက်စ်တို့က လများစွာ စီစဉ်ရန်လိုအပ်သော တိုက်ခိုက်မှုများ မည်သည့်အတွက်ကြောင့် ပြုလုပ်ရသည်ကို ရှင်းလင်းစွာ မသိရသေးပါ။

 

သို့သော် ပြီးခဲ့သည့်နှစ်များတွင် အစ္စရေး၏ လက်ယာစွန်းအစိုးရက သိမ်းယူထားသော အနောက်ဘက်ကမ်းတွင် အခြေချမှုများ တိုးချဲ့လာခဲ့ပြီး ၎င်းနေရာများတွင် အစ္စရေးအခြေချသူများ၏ အကြမ်းဖက်မှုကြောင့် ပါလက်စတိုင်းရာပေါင်းများစွာ ရွှေ့ပြောင်းခဲ့ရကာ မြင့်မြတ်သော နယ်မြေအနီး တင်းမာမှုများ ပွင့်ထွက်လာခဲ့သည်။

 

ဟားမက်စ်စစ်ဘက်ပိုင်းတွင် နောက်ကွယ်မှ ဦးဆောင်သူ Mohammed Deif ကAl-Aqsa မုန်တိုင်း စစ်ဆင်ရေး" စတင်ပြီဟု ကြေငြာခဲ့သည်။

 

ဟားမက်စ်စစ်ဘက်ပိုင်းတွင် နောက်ကွယ်မှ ဦးဆောင်သူ Mohammed Deif ကAl-Aqsa မုန်တိုင်း စစ်ဆင်ရေး" စတင်ပြီဟု ကြေငြာခဲ့သည်။ Al-Aqsa ဗလီသည် ဂျေရုဆလင်ရှိ အစ္စလမ်တို့၏ တတိယအမြင့်မြတ်ဆုံးနယ်မြေဖြစ်ကာ အစ္စရေးတို့က Temple Mount ဟု ခေါ်တွင်သည့် ဂျူးတို့၏ အမြင့်မြတ်ဆုံးနယ်မြေတွင် တည်ရှိသည်။

 

ဆက်လက်သည်းမခံတော့” ဟု လူအများရှေ့တွင် မဟုတ်ဘဲ မှတ်တမ်းယူထားသည့် သတင်းစကားဖြင့် Deif က ပြောကြားခဲ့ပြီး ဂျေရုဆလင်အရှေ့ပိုင်းမှသည် မြောက်ပိုင်းအစ္စရေးအထိ ပါလက်စတိုင်းများကို တိုက်ခိုက်မှုတွင် ပါဝင်ရန် တောင်းဆိုခဲ့သည်။ "ဒီနေ့ လူထုက သူတို့ရဲ့ တော်လှန်ရေးကို ပြန်ရပြီ။”

 

အစ္စရေးကာကွယ်ရေးဝန်ကြီး Yoav Gallant က ရုပ်သံတွင် ဟားမက်စ်တို့ "အမှားကြီး တစ်ခု” ပြုလုပ်လိုက်ခြင်းဖြစ်ကြောင်းနှင့် "အစ္စရေးနိုင်ငံသည် ဤစစ်ပွဲကို နိုင်ရမည်” ဟု ကတိပေးလိုက်သည်။

 

နေတန်ရာဟု၏ တရားစီရင်ရေးကို ပြုပြင်ပြောင်းလဲရန် အဆိုပြုခြင်းကြောင်း အစ္စရေးနိုင်ငံအတွင်း သမိုင်းဝင် ကွဲလွဲမှုများဖြစ်ပေါ်နေချိန် တိုက်ခိုက်မှုများ ဖြစ်ပေါ်လာခြင်းဖြစ်သည်။ ၎င်းအစီအစဉ်ကို ဆန့်ကျင်သည့် ဆန္ဒပြပွဲများ အကြီးအကျယ် ဖြစ်ပေါ်ကာ သိန်းချီသော အစ္စရေး ဆန္ဒပြသူများ လမ်းပေါ်ထွက်လာခဲ့ပြီး ရာပေါင်းများစွာသော ဆန္ဒအလျောက် အရန်တပ်ဖွဲ့ဝင်ရောက်မှုများ မပြုလုပ်ရန် တောင်းဆိုခဲ့ကြသည်။၎င်းကမောက်ကမဖြစ်စဉ်များက စစ်တပ်၏ တိုက်ပွဲတွင်းအရန်သင့် ဖြစ်မှုအပေါ် စိုးရိမ်မှုများ မြင့်တက်လာစေခဲ့ကာ ရန်သူအပေါ် အဟန့်အတားမပြုလုပ်နိုင်မည်ကို စိုးရိမ်ခဲ့ကြသည်။

 

အစ္စရေးတောင်ပိုင်းသို့ တိုက်ခိုက်ရေးသမားများ ထိုးဖောက်ဝင်ရောက်ခြင်းသည် အစ္စရေးများ သန်းချီ၍ လုံခြုံရေးအခန်းများသို့ ဝင်ရောက်ပုန်းအောင်းစေရန် ပြုလုပ်နိုင်ခဲ့သည့်အတွက် ဟားမက်စ်တို့အတွက် ကြီးမား သော တိုးတက်မှုတစ်ခုဖြစ်သည်။ စစ်တပ်က ဂါဇာအနီး လမ်းများပိတ်ထားပြီး မြို့များမှာ လူသူကင်းမဲ့သွားသည်။ အစ္စရေးကယ်ဆယ်ရေးဝန်ဆောင်မှုနှင့် ဂါဇာရှိ ပါလက်စတိုင်း ကျန်းမာရေး ဝန်ကြီးဌာနတို့က လူထုကို သွေးလှူကြရန် မေတ္တာခံထားသည်။

 

ဒါက ကြီးမားတဲ့ ဖြစ်ရပ်ဆိုတာ ကျွန်တော်တို့ နားလည်ပါတယ်။” အစ္စရေးစစ်တပ်မှ ပြောခွင့်ရ ဒု-ဗိုလ်မှူးကြီး Richard Hecht က ပြောကြားခဲ့ပြီး အရန်တပ်ဖွဲ့များကို ခေါ်ယူထားကြောင်းလည်း ပြောသည်။

 

ဟားမက်စ်များက အစ္စရေးစစ်တပ် အငိုက်မိအောင် မည်သို့ စီစဉ်ခဲ့သလဲဟု မေးမြန်းမှုအပေါ် Hecht က မှတ်ချက်ပေးရန် ငြင်းပယ်ခဲ့ပြီး "ဒါ မေးခွန်းကောင်းတစ်ခုပဲ” ဟု ဖြေခဲ့သည်။

 

ဟားမက်စ်ခေါင်းဆောင်ဟောင်း Ismail Haniyeh က ဂျေရုဆလင်မှ Al-Aqsa ဗလီနှင့် အစ္စရေးတို့ ဖမ်းဆီးထားသည့် ထောင်ပေါင်းများစွာသော ပါလက်စတိုင်းအကျဉ်းသားများကို ခုခံကာကွယ်ရန် ပါလက်စတိုင်းတိုက်ခိုက်ရေးသမားများသည်သမိုင်းဝင်အခိုက်အတန့်အတွင်း သူရဲကောင်းဆန်သည့် စစ်ဆင်ရေး” တွင် ပါဝင်ဆင်နွှဲနေကြောင်း ပြောကြားခဲ့သည်။

 

ဂါဇာကမ်းမြှောင်မှ ၄ ကီလိုမီတာသာ(. မိုင်) ကွာဝေးသည့် Nahal Oz ရှိ kibbutz (စိုက်ပျိုးရေး လူမှုအသိုင်းအဝန်း) မှ ထိတ်လန့်နေကြသည့် ဒေသခံမျာသည် အိမ်တွင်းတွင် စုဝေးနေကြပြီး ကနဦး တိုက်ခိုက်မှုများ အပြီး နာရီများစွာကြာမြင့်ပြီ ဖြစ်သော်လည်း အဆောက်အအုံများထံမှ ပဲ့တင်ထွက်လာသည့် သေနတ်ပစ်ခတ်မှုများ အဆက်မပြတ် ကြားနေရကြောင်း ပြောကြားကြသည်။

 

ကျွန်မတို့မှာ Iron Dome(ဒုံးပျံကာကွယ်ရေးစနစ်) ရှိတဲ့အတွက် ပြီးတော့ လုံခြုံတဲ့ အခန်းထဲမှာ ရှိတဲ့အတွက် ဒုံးကျည်တွေနဲ့တိုက်ခိုက်နေကြရင် တနည်းအားဖြင့် လုံခြုံတယ်လို့ ခံစားရတယ်။ ဒါပေမယ့် အကြမ်းဖက် သမားတွေက လူမှုအသိုင်းအဝိုင်းတွေအကြား လမ်းလျှောက်သွားနေကြတာကို သိရတော့ နောက်ထပ် ကြောက်စရာတစ်ခုပဲ။ဟု Nahal Oz မှ အသက် ၄၂ နှစ် အရွယ်ရှိ ကလေးသုံးဦးအမေ စေတနာ့ဝန်ထမ်း မီးသတ်သမ Mirjam Reijen က ပြောကြားသည်။

 

အစ္စရေးသည် ဂါဇာနယ်စပ်တစ်လျှောက် ထိုးဖောက်ဝင်ရောက်မှုမှ ကာကွယ်ရန် စည်းရိုးအခိုင်အမာ တည်ဆောက်ထားခဲ့သည်။ ၎င်းစည်းရိုးသည် မြေအောက်အထိနက်ရှိုင်းစွာ တည်ဆောက်ထားပြီး ကင်မရာများ၊ နည်းပညာမြင့် အာရုံခံကိရိယာများနှင့် အားကောင်းသည့် အသံနားထောင်နိုင်သည့် နည်းပညာများ အသုံးပြုထားသည်။

 

ကိုးကား - AP

 

ဟားမက်စ်
တိုက်ခိုက်ခံရ
အစ္စရေး
ဒုံးကျည်

Share With
bap-logo