bap-logo
Data

အာဏာသိမ်းမှုအလွန် တစ်လကို နေအိမ် အဆောက်အအုံ သုံးထောင်နီးပါးနှုန်း မီးရှို့ခံနေရ

66ZHXjkeYCZN1nGZWOIkU-image

လွန်ခဲ့သော တစ်နှစ် က

စက်တင်ဘာ ၃၀။

 

အာဏာသိမ်းမှုနှစ်နှစ်ခွဲကျော်ကာလအတွင်း စစ်တပ်က တစ်လကို နေအိမ်အဆောက်အုံ သုံးထောင်နီးပါး (၂,၇၇၈ လုံးထက်မနည်း) နှုန်းနဲ့ မီးရှို့နေတယ်လို့ ISP- Myanmar ရဲ့ စက်တင်ဘာ ၂၉ ရက်ထုတ် အစီရင်ခံစာအရ သိရပါတယ်။

 

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကနေ ၂၀၂၃ ခုနှစ် ဩဂုတ်လအထိ ၃၁ လကြာ အတောအတွင်းမှာ စစ်ကောင်စီက နေအိမ်အဆောက်အအုံ (ဘာသာရေးအဆောက်အအုံအပါအဝင်) ၈၆,၁၃၄ လုံးထက်မနည်းကို မီးရှို့ခဲ့တာ ဖြစ်ပါတယ်။

 

အဲဒီထဲက ၆၄ ရာခိုင်နှုန်းကျော် (၅၅,၇၀၇ လုံးထက်မနည်း) ဟာ ၂၀၂၂ ခုနှစ်အတွင်း မီးရှို့ခံရတာဖြစ်တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

 

နှစ်နှစ်ကျော်အတွင်း နိုင်ငံအနှံ့ မီးရှို့ခံရမှုတွေရဲ့ ၇၂ ရာခိုင်နှုန်းကျော်ဟာ စစ်ကိုင်းတိုင်းမှာ ဖြစ်ခဲ့ပြီး တစ်နိုင်ငံလုံးအများဆုံး (၆၂,၂၉၄ လုံးထက်မနည်း) မီးရှို့ခံခဲ့ရပါတယ်။

 

နှစ်နှစ်ခွဲကျော်အတွင်း မြို့နယ်ပေါင်း ၁၁၀ ထက်မနည်းမှာ နေအိမ်အဆောက်အအုံတွေ မီးရှို့ခံရတာ ဖြစ်တယ်လို့လည်း ISP- Myanmar က ဆိုပါတယ်။

 

ဒုတိယအများဆုံးက မကွေးတိုင်းဖြစ်ပြီး ၁၃,၀၃၄ လုံးထက်မနည်းရှိပြီး ကချင်ပြည်နယ်နဲ့ ကရင်ပြည်နယ်က တတိယနဲ့ စတုတ္ထအများဆုံး အရေအတွက်အားဖြင့် နေအိမ် နှစ်ထောင်ကျော်စီ မီးရှို့ခံခဲ့ရပါတယ်။

 

အစီရင်ခံစာအရ ချင်းပြည်နယ်မှာ ၁,၅၄၄ လုံး၊ မန္တလေးတိုင်းမှာ ၁,၃၈၈ လုံး၊ ပဲခူးတိုင်းမှာ ၁,၃၃၇ လုံး၊ တနင်္သာရီတိုင်းမှာ ၈၄၆ လုံး၊ ကယားပြည်နယ်မှာ ၆၆၀ လုံး၊ ရှမ်းပြည်နယ်မှာ ၃၈၀ လုံး၊ မွန်ပြည်နယ်မှာ ၂၄၄ လုံး၊ ရခိုင်ပြည်နယ်မှာ ၁၄ လုံး ထက်မနည်း အသီးသီး မီးရှို့ခံခဲ့ရတယ်လို့ ဖော်ပြပါတယ်။

 

ပုံစာ- ၂၀၂၁ ခုနှစ်က ချင်းပြည်နယ်၊ ထန်တလန်မြို့ မီးရှို့ခံရမှုမြင်ကွင်း(ပုံဟောင်း)

 

Burma Associated Press

အာဏာသိမ်းမှု
မီးရှို့ခံရ
စစ်ကောင်စီ
နေအိမ်များ

Share With
bap-logo