bap-logo
Politics

ရိုဟင်ဂျာကိုယ်စားလှယ်တစ်ဖွဲ့ မောင်တော သို့ရောက်ရှိ

dXKcpB-7hhuH3rngglbf4-image

လွန်ခဲ့သော တစ်နှစ် က

မေ ၅။

ရိုဟင်ဂျာလူမျိုးများ ၎င်းတို့ရဲ့နေရပ်ကိုပြန်လာနိုင်ဖို့ရာ လိုအပ်တဲ့ဆောင်ရွက်မှုတွေကို ပြုလုပ်နိုင်ဖို့ ရိုဟင်ဂျာ ဒုက္ခသည် ကိုယ်စားလှယ်တစ်ဖွဲ့ဟာ ယနေ့ (မေ ) မှာ မြန်မာပြည်ရှိ မောင်တောသို့ ရောက်ရှိလာခဲ့ပါတယ်။

 

ကုလသမဂ္ဂမှာ လူမျိုးသုဥ်းသတ်ဖြတ်မှုအရေးနဲ့ တရားစွဲဆိုခံထားရတဲ့ ၂၀၁၇ ခုနှစ်က မြန်မာစစ်တပ်ရဲ့ စစ်ဆင်ရေးတွေကြောင့် ထွက်ပြေးလာခဲ့ရတဲ့ ရိုဟင်ဂျာအများစုအပါအဝင် ရိုဟင်ဂျာ တစ်သန်းခန့်ဟာ ဘင်္ဂလား ဒေ့ရှ်နိုင်ငံမှာ ရှိနေပါတယ်။

 

ရိုဟင်ဂျာတွေ ပြည်တော်ပြန်နိုင်ဖို့အတွက် မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအကြား သဘောတူလက်မှတ် ထိုးထားတာရှိပေမယ့် အခြေအနေတွေ တိုးတက်မှုမရှိသလောက်ဖြစ်နေပြီး ကုလကလည်း ရိုဟင်ဂျာတွေ နေရပ် ပြန်ဖို့အတွက် အခြေအနေတွေမကောင်းသေးကြောင်း ထပ်တလဲလဲ သတိပေးပြောကြားခဲ့ပါတယ်။

 

နယ်စပ်အရာရှိတစ်ဦးအပါအဝင် ရိုဟင်ဂျာ အယောက် ၂၀၊ အရာရှိ ယောက်တို့က ယနေ့ (မေ ) မှာ ရိုဟင်ဂျာများ ပြန်လည်လက်ခံရေးရှေ့ပြေးစီမံကိန်းအတွက် တည်ထောင်ထားတဲ့ စံပြရွာ နှစ်ရွာကို သွားရောက် ကြကြောင်း ဘင်္ဂလားဒေ့ရှ် အရာရှိများက ဆိုခဲ့ကြပါတယ်။

 

Teknaf ဆိပ်ကမ်းကနေ အမျိုးသမီး ဦးအပါအဝင် ရိုဟင်ဂျာ ၂၀ ဦး တို့နဲ့ ကျွန်တော်တို့ မောင်တောမြို့က ဆိပ်ကမ်းတစ်ခုကို ထွက်ခွာလာခဲ့ကြပါတယ်။ သူတို့က ရိုဟင်ဂျာတွေကို ပြန်လည်လက်ခံဖို့ပြင်ဆင်ထားတဲ့ ရွာတွေနဲ့ ပစ္စည်းပစ္စယ၊ အဆောက်အအုံတွေကို ကြည့်ရူ့ကြမှာပါလို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ဒုက္ခသည်ရေးရာ ဒု ကော်မရှင်နာဖြစ်တဲ့ မိုဟာမတ် ခါလစ် ဟူစိန် (Mohammed Khalid Hossain) က AFP ကို ပြောခဲ့ပါတယ်။

 

မြန်မာဖက်ကပြင်ဆင်ပေးထားတဲ့အရာတွေမှာ ဈေးတစ်ဈေး၊ ဆေးရုံတစ်ခုနဲ့ ဒုက္ခသည်များကို လက်ခံ ဆောင် ရွက်ပေးမယ့် စင်တာတစ်ခုတို့ပါဝင်ပါတယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ဒုက္ခသည်ရေးရာ မင်းကြီးဖြစ်တဲ့ မစ်ဇန်းနာ ရက်မန် (Mizanur Rahman) က AFP ကို ပြောခဲ့ပါတယ်။

 

ရိုဟင်ဂျာတွေကို ပြန်လည်လက်ခံမယ့်လုပ်ငန်းစဥ်က မုတ်သုန်ရာသီမစမီ မေလကုန်ပိုင်းလောက်မှာ စတင် နိုင်မယ်လို့ မျှော်လင့်ကြောင်း အရာရှိတွေက AFP ကို ပြောခဲ့ပါတယ်။

 

ဘင်္ဂလားဒေ့ရှ်ရှိ ပေရေစုတ်ချာနေတဲ့ ဒုက္ခသည်စခန်းများမှာ နှစ်ကျော်ကြာ ကျပ်ကျပ်တည်းတည်း နေလာခဲ့ကြတဲ့ ရိုဟင်ဂျာဒုက္ခသည်များက ၎င်းတို့နေရပ်ပြန်မယ့် အစီအစဥ်ကို မတ်လမှာ လူသိရှင်ကြား ထုတ်ပြောကတည်းက ဒီအစီအစဥ်ကို တကယ်ဖြစ်လာဖို့ရန် မထင်ထားခဲ့ကြပါဘူး။

 

၎င်းတို့ရဲ့မြန်မာနိုင်ငံသားအဖြစ် အသိအမှတ်ပြုခွင့် (သို့) လုံခြုံခွင့်နဲ့ပတ်သက်တဲ့ မေးမြန်းမှုတွေအတွက် အဖြေတွေ မရသေးကြောင်း ရိုဟင်ဂျာတွေက ဆိုခဲ့ပါတယ်။

 

နိုင်ငံသားဖြစ်ခွင့်မရဘဲ ကျွန်တော်တို့က မြန်မာကိုဘာလို့ စေလွှတ်ခံရမလဲလို့ မြန်မာကိုလာတဲ့ ရိုဟင်ဂျာ ကိုယ်စားလှယ်တွေထဲကတစ်ဦးက AFP ကို ယခုအပတ်အစောပိုင်းက ပြောခဲ့ပါတယ်။

 

နိုင်ငံသားဖြစ်ခွင့်မရဘဲ ကျွန်တော်တို့က မြန်မာကိုဘာလို့ စေလွှတ်ခံရမလဲလို့ မြန်မာကိုလာတဲ့ ရိုဟင်ဂျာ ကိုယ်စားလှယ်တွေထဲက တစ်ဦးက AFP ကို ယခုအပတ်အစောပိုင်းက ပြောခဲ့ပါတယ်။

 

 

 

မြန်မာတွေကတော့ ရိုဟင်ဂျာတွေက တိုင်းပြည်ထဲ ရာစုနှစ်ပေါင်းများစွာရှိနေခဲ့ပေမယ့်လည်း ဘင်္ဂလားဒေ့ရှ် နိုင်ငံသား အပြင်လူတွေသာဖြစ်တယ်လို့ ကျယ်ကျယ်ပြန့်ပြန့် လက်ခံထားကြပါတယ်။

 

မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်အကြား နှစ်ဖက်သဘောတူညီချက်နဲ့ပြုလုပ်တဲ့ ယခုခရီးစဥ်ကို ကုလဒုက္ခသည် အေဂျင်စီက ဂရုတစိုက်နဲ့စောင့်ကြည့်နေကြောင်းဆိုခဲ့ပါတယ်။

 

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) ကတော့ ဒီခရီးစဥ်မှာ မပါဝင်ပါဘူး။ သို့ပေမယ့် လည်း ဒုက္ခသည်တိုင်းက ၎င်းတို့ရဲ့နေရင်းတိုင်းပြည်ကို ပြန်သွားနိုင်ဖို့ဆိုတာ ထာဝရအခွင့်အရေးတစ်ရပ်ပဲ ဖြစ်ပါတယ်။ ဒုက္ခသည်တွေက သူ့နေရင်းအရပ်ကို ပြန်တယ်ဆိုတာကလည်း သူ့ဆန္ဒအလျောက်သာဖြစ်ရပါမယ်။ ဘေးရန်ကင်းကင်းနဲ့ လူ့ဂုဏ်သိက္ခာနဲ့အညီဖြစ်ရပါမယ်။ ဘယ်ဒုက္ခသည်ကိုမှ ဒီလိုပဲလုပ်ရမယ်ဆိုပြီး အတင်း အကျပ်လုပ်လို့မရပါဘူးလို့ UNHCR ရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ်ဖြစ်တဲ့ ရီဂီနာ ဒီ လာ ပေါ့ထီလာ (Regina De La Portilla) က AFP ကို ပြောခဲ့ပါတယ်။

 

၂၀၁၇ ခုနှစ်က စစ်တပ်ရဲ့ ရိုဟင်ဂျာလူမျိူးတွေအပေါ် ဆင်နွှဲခဲ့တဲ့စစ်ဆင်ရေးခေါင်းဆောင်က မင်းအောင်လှိုင် ဖြစ်ပြီး ကုလရဲ့ နိုင်ငံတကာတရားရုံးတော်ကလည်း မြန်မာစစ်တပ်ရဲ့ ရိုဟင်ဂျာရွာတွေကို မီးရှို့မှု၊ လူသတ်မှု၊ မုဒိမ်းမှုတွေကို အမှုဖွင့်ဆို စစ်ဆေးလျက်ရှိနေပါတယ်။

 

၂၀၁၇ က သဘောတူခဲ့တဲ့ ရိုဟင်ဂျာများ နေရပ်ပြန်‌ရေးအစီအစဥ်က ရိုဟင်ဂျာတွေ မြန်မာပြည်ပြန်ရောက်လည်း ဘေးကင်းမှာမဟုတ်ဘူးဆိုတဲ့ အချက်တချိုနဲ့ ဘာတိုးတက်မှုမှ ရှိမလာခဲ့ပါဘူး။

 

ပုံစာ - ‌မေ တွင် မြန်မာနိုင်ငံ မောင်တောသို့ထွက်ခွာလာရန် ဘင်္ဂလားဒေ့ရှ်နိုင်ငံ Tenah ဆိပ်ကမ်းရှိ ရိုဟင်ဂျာ ကိုယ်စားလှယ်များ

ပုံ - AFP

Burma Associated Press

 

မြန်မာ
ရိုဟင်ဂျာ
ဒုက္ခသည်

Share With
bap-logo