bap-logo
Article

မြန်မာ၌ ကိုးကွယ်မှုဆိုင်ရာလွတ်လပ်ခွင့်ကျဆင်းလာပြီး ဘိုင်ဒင်အစိုးရက NUG နဲ့ စေ့စပ်မှုလုပ်သင့်ဟု USCIRF ဖေါ်ပြ

960__NvPR44CvxHQD-Nrt-image

လွန်ခဲ့သော တစ်နှစ် က

ဗုဒ္ဓဘာသာဝင်အများစုရှိတဲ့ မြန်မာနိုင်ငံရဲ့ စစ်အုပ်ချုပ်ရေးလက်ထက်မှာ ဘာသာရေးလွတ်လပ်ခွင့်ဟာ ကျဆင်း လာလျှက်ရှိပြီး အထူးသဖြင့် လူနည်းစုခရစ်ယာန်တွေအကြားမှာ ဖြစ်ပေါ်နေကြောင်း အမေရိကန် နိုင်ငံတကာ ဘာသာရေးဆိုင်ရာလွတ်လပ်ခွင့်ကော်မရှင် (USCIRF) က အလေးပေးဆိုခဲ့ပါတယ်။

 

သို့အတွက်ကြောင့် နိုင်ငံတကာကိုးကွယ်မှုဆိုင်ရာ လွတ်လပ်ခွင့်အက်ဥပဒေအရ မြန်မာကို ကိုးကွယ်မှု ဘာသာရေးအရ စိုးရိမ်ရတဲ့နိုင်ငံအဖြစ် ပြန်လည်သတ်မှတ်ပေးဖို့ USCIRF က ဘိုင်ဒင်အစိုးရကို မေလ ရက်နေ့က တိုက်တွန်းခဲ့ပါတယ်။

 

၂၀၂၂ ခုနှစ်မှာဆိုရင် မြန်မာမှာ ဘာသာရေးလွတ်လပ်ခွင့်ဟာ သိသိသာသာ ကျဆင်းခဲ့ပါတယ်။ စစ်တပ်က ထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာဆိုရင် ၎င်းကိုဆန့်ကျင်သူတွေအားလုံးနဲ့ လွတ်လပ်ပိုင်ခွင့်အားလုံးကိုပါ စစ်တပ် က သိသိသာသာကို ဖြိုခွင်းနှိမ်နင်းခဲ့ပါတယ်လို့ ကော်မရှင်က ၎င်းရဲ့နှစ်စဥ်အစီရင်ခံစာမှာ ရေးသား ထားခဲ့ပါတယ်။

 

စစ်အစိုးရဟာ လူနည်းစုကိုးကွယ်ရာဘာသာဝင်တွေရဲ့ ဝတ်ပြုဆုတောင်းရာအဆောက်အအုံတွေကို တစ်နှစ် ပတ်လုံး ပစ်မှတ်ထားကာ အကြမ်းဖက်တိုက်ခိုက်ခဲ့ပါတယ်။ စစ်တပ်ကလည်း လူနည်းစုကိုးကွယ်ရာ ဘာသာဝင် တွေ နေထိုင်တဲ့ရွာတွေကို မီးရှို့ဖျက်ဆီးခြင်း၊ ရွာသားတွေရဲ့နေအိမ်များ၊ စာသင်ကျောင်းများနဲ့ ဝတ်ပြု ကိုးကွယ်ရာ အဆောက်အအုံများကို ဖျက်ဆီးခြင်းတို့ကို ပြုလုပ်ခဲ့ပါတယ်လို့ မေ ရက်က ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာမှာ ရေးသားထားပါတယ်။

 

ခရစ်ယာန်အများစုနေထိုင်ရာ ကချင်၊ ကယား၊ ကရင်နဲ့ ချင်းပြည်နယ်ရှိ ဘုရားကျောင်းများ၊ ဘာသာရေး အသင်းအဖွဲ့များ၊ ဆေးပေးခန်းများ၊ သာသနာပြုကျောင်းများဟာ အာဏာသိမ်းစစ်အုပ်စုရဲ့ လေကြောင်း တိုက်ခိုက်မှုများနဲ့ လက်နက်ကြီးနဲ့တိုက်ခိုက်မှုများကိုခံခဲ့ရကာ ခရစ်ယာန်ဘုန်းတော်ကြီးများနဲ့ သင်းအုပ်ဆရာများ လည်းပဲ စစ်အုပ်စုရဲ့ ပစ်မှတ်ထားတိုက်ခိုက်မှုများကို ခံခဲ့ရပါတယ်။

 

ယင်းဒေသတွေမှာနေထိုင်တဲ့ ထောင်ပေါင်းများစွာသော ခရစ်ယာန်ဘာသာဝင်တွေဟာ ဘုရားကျောင်းတွေနဲ့ တောတောင်ထဲမှာ ဘေးရှောင်ကာ ကွန်းခိုနေရပါတယ်။

 

ကယားပြည်နယ် မြို့တော်လွိုင်ကော်မှာ အနည်းဆုံး ဘုရားကျောင်း ကိုးကျောင်းကို စစ်တပ်က တိုက်ခိုက် ဖျက်ဆီးခဲ့တာကို ကော်မရှင်ရဲ့နှစ်စဥ်အစီရင်ခံစာမှာ အလေးပေးရေးသားထားပါတယ်။

 

ထိုင်းနိုင်ငံနဲ့နယ်နိမိတ်ထိစပ်နေတဲ့ ကယားပြည်နယ်မှာရှိတဲ့ ခရစ်ယာန်အသင်းတော်နယ်ပယ် ၃၈ ခုထဲက အနည်းဆုံး ၁၆ ခုဟာ စစ်တပ်ရဲ့  ဆိုးဆိုးရွားရွားတိုက်ခိုက်ခြင်းကို ခံခဲ့ရပါတယ်။

 

ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ရွေးကောက်ခံ အရပ်သားအစိုးရကို ၂၀၂၁ မှာ စစ်တပ်က ဖြုတ်ချခဲ့ကာတိုင်းပြည်အာဏာသိမ်းခဲ့ပြီးနောက် နိုင်ငံကိုလည်း ပြည်တွင်းစစ်မီးလျှံထဲကို ဆွဲချခဲ့ပါတယ်။

 

ယင်းနောက် အာဏာသိမ်းစစ်အုပ်စုက စစ်ကောင်စီအမည်ခံပြီး တိုင်းပြည်ကို အုပ်ချုပ်နေပါတယ်။ စစ်အာဏာ သိမ်းပြီးနောက် ခရစ်ယာန်ဘာသာဝင်အများစုပါဝင်တဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ဝင်များကလည်း အာဏာသိမ်းစစ်အုပ်စုကို ဆန့်ကျင်တိုက်ခိုက်မှုတွေကို အင်အားဖြည့်ပါဝင်ခဲ့ပါတယ်။

 

မြန်မာ့လူဦးရေ ၅၄ သန်းမှာ ခရစ်ယာန်ဘာသာဝင် ရာခိုင်နှုန်းသာပါဝင်ပြီး တိုင်းပြည်ရဲ့အဓိကဘာသာဖြစ်တဲ့ ဗုဒ္ဓဘာသာက လူဦးရေ ရဲ့ ၈၉ ရာခိုင်နှုန်းရှိပါတယ်။ ခရစ်ယာန်ဘာသာပြီးနောက် အစ္စလာမ်ဘာသာက . ရာခိုင်နှုန်းနဲ့ ဒုတိယကိုးကွယ်မှုအနည်းဆုံး ဘာသာဖြစ်ပါတယ်။

 

USCIRF ရဲ့ အစီရင်ခံစာမှာ လူနည်းစု ဖြစ်တဲ့ ခရစ်ယာန်တွေ နဲ့ ရခိုင်ပြည်နယ်က ရိုဟင်ဂျာမူဆလင်တွေအကြား စစ်တပ်ရဲ့ ဖိစည်းနှိပ်စက်မှုတွေကို နှိုင်းယှဥ်သုံးသပ်ထားပါတယ်။

 

၂၀၁၇ ခုနှစ်က ရိုဟင်ဂျာတွေအပေါ် စစ်တပ်က တပ်ဖြန့်နှိမ်နင်းခဲ့သလို အခုလည်း ခရစ်ယာန် အသိုင်းအဝိုင်း အပေါ်လည်း အလားတူနည်းဗျူဟာတွေနဲ့ နှိမ်နင်းနေတာပါလို့ အစီရင်ခံစာမှာရေးသားထားပါတယ်။

 

၂၀၁၇ ခုနှစ်က ရိုဟင်ဂျာတွေအပေါ် စစ်တပ်က တပ်ဖြန့်နှိမ်နင်းခဲ့သလို အခုလည်း ခရစ်ယာန် အသိုင်းအဝိုင်း အပေါ်လည်း အလားတူ နည်းဗျူဟာတွေနဲ့ နှိမ်နင်းနေတာပါ

 

 

၂၀၁၇ ခုနှစ်က ရိုဟင်ဂျာအမြောက်အမြားကို သတ်ဖြတ်မှု၊ မုဒိန်းကျင့်မှု၊ ညှင်းပမ်းနှိပ်စက်မှု အစရှိတဲ့ စစ်တပ်ရဲ့ ကျူးလွန်မှုတွေဟာ ရိုဟင်ဂျာ ၇၄၅,၀၀၀ ဦးကျော်ကို မြန်မာနိုင်ငံကနေ ထွက်ပြေးတိမ်းရှောင်စေခဲ့ပါတယ်။ ယင်းဖြစ်စဥ်ကို အမေရိကန်အစိုးရက ၂၀၂၂ ခုနှစ်မှာ လူမျိုးသုဥ်းသတ်ဖြတ်မှုအဖြစ် သတ်မှတ်ခဲ့ပါတယ်။

 

မြန်မာမှာကိုးကွယ်မှုဆိုင်ရာလွတ်လပ်မှုရရှိဖို့ရာ မညစ (အမျိုးသားညီညွတ်ရေးအစိုးရ)နဲ့ အပြုသဘော ဆောင်တဲ့စေ့စပ်ဆောင်ရွက်မှုတွေပြုလုပ်ဖို့ USCIRF က ဘိုင်ဒင်အစိုးရကို တိုက်တွန်းထားပါတယ်။

 

တရုတ်၊ အီရီထရီးယား၊ အီရန်၊ မြောက်ကိုရီးယား၊ ပါကစ္စတန်၊ ရုရှ၊ ဆော်ဒီအာရေးဗီးယား၊ တာဂျစ်ကစ္စတန်၊ တာ့မစ်နစ္စတန် တို့နဲ့အတူ မြန်မာကိုပါ အမည်ပျက်စာရင်းထဲကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထည့်ထားပြီး စစ်အာဏာသိမ်းပြီးနောက် အရပ်သားများအပေါ် ညှင်းပမ်းနှိပ်စက်မှုများနှင့်စပ်လျဥ်းကာ စစ်တပ်နဲ့ ဆက်စပ်နေတဲ့ကုမ္ပဏီများနဲ့ စစ်ခေါင်းဆောင်များကိုပါ ပိတ်ဆို့အရေးယူဒဏ်ခတ်မှုတွေကို ချမှတ်ခဲ့ပါတယ်။

 

(UCA သတင်းလွှာရဲ့ “US body highlights declining religious freedom in Myanmar” ဆောင်းပါးကို ဘာသာပြန်သည်။)

 

ပုံစာ - ၂၀၂၃ခုနှစ်၊ ဧပြီလအတွင်း စစ်တပ်ရဲ့တိုက်ခိုက်မှုများကြောင့် ပျက်စီးခဲ့ရတဲ့ မြဝတီမြို့နယ်၊ မဲကနယ် ကျေးရွာရှိ ခရစ်ယာန်ဘုရားရှိခိုးကျောင်းတစ်ကျောင်း။

 

Burma Associated Press

 

မြန်မာ
အာဏာသိမ်း

Share With
bap-logo