bap-logo
Article

စစ်အာဏာသိမ်းမှုမှ ရလာတဲ့ မြန်မာတိုင်းရင်း သားလက်နက်ကိုင်တွေရဲ့ အကျိုးအမြတ်

dC3Nx3Gy6hGP_3ajMIMcl-image

လွန်ခဲ့သော တစ်နှစ် က

မြန်မာစစ်တပ်နဲ့ ဆယ်စုနှစ်ချီတဲ့ပဠိပက္ခတွေရှိခဲ့ပြီး စစ်အာဏာသိမ်းပြီးကတည်းက စစ်တပ်နဲ့ ထိပ်တိုက်တွေ့ဆုံမှု အသစ်တွေ ဖြစ်ပေါ်လာတဲ့ TNLA (တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်) တပ်ဖွဲ့ဝင်တချို့ဟာ နံနက်ခင်းအရုံတက်ချိန်မှာ အာဏာသိမ်းစစ်အုပ်စုရဲ့စခန်းတည်နေရာများကို မှတ်သားရင်း သူတို့ရဲ့ ရှေ့တန်း စစ်မျက်နှာမှာ ကင်းလှည့်လည်နေပါတယ်။

 

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဖို့နဲ့ အကျိုးအမြတ်များတဲ့ သဘာဝသယံဇာတတွေကို ထိန်းချုပ်ခွင့်ရဖို့အရေး မြန်မာ စစ်တပ်နဲ့ ကာလရှည်တိုက်ပွဲများဖြစ်နေတဲ့ နယ်စပ်ဒေသရှိ တစ်ဒါဇင်ခန့်သော တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များထဲမှာ TNLA လည်း တစ်ဖွဲ့အပါအဝင်ဖြစ်ပါတယ်။

 

မိမိဒေသမိမိအုပ်ချုပ်ခွင့်ရဖို့အရေးနဲ့ စစ်တပ်ရဲ့လူ့အခွင့်အရေးချိုးဖေါက်မှုများအပေါ် ၎င်းတို့ရဲ့ ဆယ်စုနှစ်ချီပြီး တိုက်ပွဲဝင် တိုက်ခိုက်မှုတွေကို နိုင်ငံအတွင်းလူများစုဖြစ်တဲ့ ဗမာလူမျိုးတွေက မသိ၊ မမြင်ခဲ့ကြပါဘူး။

 

၂၀၂၁ မှာ စစ်တပ်က တိုင်းပြည်အာဏာကို သိမ်းပိုက်လိုက်ပြီးနောက် ဖြစ်ပွားလာခဲ့တဲ့ ဆန္ဒပြမှုများကို သွေးထွက် သံယို နှိမ်နင်းမှုများဖြစ်ပေါ်လာခဲ့ပါတယ်။

 

ယင်းနောက် ပကဖ (pdf) အဖွဲ့ဝင်များကို နေစရာပေးခြင်း၊ လေ့ကျင့်သင်တန်းပေးခြင်းဖြင့် TNLA ကဲ့သို့သော တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ဝင်များဟာ မြန်မာ့ဒီမိုကရေစီတိုက်ပွဲအတွက် အ‌ရေးပါလာပါတယ်။

 

စစ်အာဏာသိမ်းပြီးနောက် မြန်မာက တခြားပြည်သူများကိုလည်း ကျွန်တော်တို့ စာနာမှု၊ နားလည်မှုတွေနဲ့ ထောက်ပံ့ကူညီခဲ့တာတွေရှိပါတယ်။ ကျွန်တော်တို့ဘာကြောင့်တိုက်ပွဲဝင်ရတယ်ဆိုတာ လူတွေက အခုတော့ သိလာပါပြီ။ ဒါဟာ စစ်အာဏာသိမ်းမှုက ရလာတဲ့အကျိုးအမြတ်ပါပဲလို့ ရှမ်းပြည်မြောက်ပိုင်းက TNLA ရဲ့ ဗိုလ်ချုပ် တာဘုန်းကျော်က ဆိုခဲ့ပါတယ်။

 

စစ်အာဏာသိမ်းပြီးနောက် မြန်မာက တခြားပြည်သူများ ကိုလည်း ကျွန်တော်တို့ စာနာမှု၊ နားလည်မှုတွေနဲ့ ထောက်ပံ့ကူညီခဲ့တာတွေ ရှိပါတယ်။ ကျွန်တော်တို့ဘာကြောင့် တိုက်ပွဲဝင်ရတယ်ဆိုတာ လူတွေက အခုတော့ သိလာပါပြီ။ ဒါဟာ စစ်အာဏာသိမ်းမှုက ရလာတဲ့အကျိုးအမြတ်ပါပဲ

 

 

စစ်တပ်နဲ့အပစ်အခတ်ရပ်စဲထားတဲ့ TNLA ဟာ စစ်အာဏာသိမ်းပြီးနောက်မှာတော့ အာဏာသိမ်း စစ်အုပ်စုရဲ့ တပ်ဖွဲ့တွေနဲ့ ပုံမှန်ထိပ်တိုက်တွေ့ဆုံပစ်ခတ်မှုတွေ ရှိလာခဲ့ပါတယ်။

 

ယခုအခါမှာတော့ တရုတ်ပြည်သွားရာအဓိကလမ်းမကြီးတလျှောက် ရှမ်းပြည်မြောက်ပိုင်းရဲ့နယ်မြေမှာ TNLAရဲ့ တပ်ဖွဲ့ဝင် အင်အား ၇,၀၀၀ ကျော်ရှိနေပြီပါတယ်။

 

လျို့ဝှက်နေရာတစ်ခုမှာရှိနေတဲ့ စစ်စခန်းတစ်ခုမှာတော့ စစ်သင်တန်းဆင်းနေကြသူများက အဟန့်အတားတွေကို ခက်ခက်ခဲခဲတွယ်တက်ခြင်း၊ မြစ်ကိုဖြတ်ပြီးချီတက်ခြင်း၊ AK-47 နဲ့ M-22 ရိုင်ဇယ်သေနတ်တွေကို အသင့် ပြင်ဆင်ချိန်ယူခြင်း၊ ရန်သူ့အသံကိုကင်းထောက်ခြင်း စတဲ့လေ့ကျင့်မှုများကို ပြုလုပ်နေကြပါတယ်။

 

စစ်အာဏာသိမ်းခံရပြီးနောက် အာဏာသိမ်းစစ်အုပ်စုကို တော်လှန်ရန်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အသက် ၂၄ နှစ်ရှိ မိုင်နိုင်အောင်ကြာ က TNLA ကို ဝင်ရောက်ခဲ့ပါတယ်။

 

မြို့တွေမှာ ကျွန်တော်တို့ ဆန္ဒပြလို့မရတော့ဘူး။ ဒါပေမယ့် TNLA ကို ဝင်ရောက်ခြင်းက နောက်နည်းလမ်း တမျိုးနဲ့ တိုက်ပွဲဝင်တာပါပဲလို့ သဲပြင်ကိုဖြတ်ပြီး ကျားသစ်သွားသွားခြင်းနဲ့ စစ်‌ရေးပြ လေ့ကျင့်ရေး ဆင်းခြင်းကနေ ခေတ္တနားနေချိန်မှာ ၎င်းက AFP ကို ပြောခဲ့ပါတယ်။

 

TNLA ဟာ ၎င်းတို့ဒေသက တအောင်းလူငယ်များအပြင် ၎င်းတို့ရဲ့နယ်မြေပြင်က ပကဖ တပ်ဖွဲ့ဝင်တွေကိုပါ စစ်ရေးဆိုင်ရာသင်တန်းတွေပေးခဲ့ပြီး လက်နက်များဝယ်ယူနိုင်ဖို့အတွက်လည်း ချိတ်ဆက်ဆောင်ရွက်မှုတွေ ပြုလုပ်ပေးခဲ့ကြောင်း ဗိုလ်ချုပ် တာဘုန်းကျော်က ဆိုခဲ့ပါတယ်။

 

လုံခြုံရေးအကြောင်းပြချက်ကြောင့် အသေးစိတ်အချက်အလက်တွေကိုတော့ ၎င်းကမပြောခဲ့ပါဘူး။

 

မြန်မာနိုင်ငံနဲ့ တရုတ်၊ ထိုင်း၊ အိန္ဒိယနယ်စပ်တလျှောက်ရှိ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေဟာ ထောင်နဲ့ ချီတဲ့ ပကဖ (PDF) တပ်ဖွဲ့ဝင်တွေကို စစ်သင်တန်းများပေးကာ လက်နက်များပါ တပ်ဆင်ပေးကြပါတယ်။

 

ယင်းအပြင် ၎င်းတို့ရဲ့ ဒုတိယတန်းအဆင့်ရှိအရာရှိများကို တိုက်ပွဲအတွေ့အကြုံမရှိသေးတဲ့ ပကဖ တပ်ဖွဲ့တွေရဲ့ ခေါင်းဆောင်အဖြစ်ခန့်ကာ အာဏာသိမ်းစစ်အုပ်စုနဲ့ဖြစ်တဲ့တိုက်ပွဲတွေကို ဦးဆောင်စေကြောင်း လေ့လာသူ တွေက ပြောကြပါတယ်။

 

ပကဖရဲ့ ထိရောက်တဲ့စစ်ဆင်ရေးတွေက စစ်အုပ်စုကို အံ့အားသင့်စေပြီး စစ်တပ်ကိုလည်း သွေးနွံတောထဲကို တဖြည်းဖြည်းဆွဲနစ်နေသလိုဖြစ်နေကြောင်း လေ့လာသူများကဆိုကြပါတယ်။

 

တိုင်းပြည့်ရဲ့ မြို့နယ် သုံးပုံတစ်ပုံကျော်ကို ၎င်းတို့အနေနဲ့ အပြည့်အဝမထိန်းချုပ်နိုင်သေးကြောင်း ယခုနှစ် ဖေဖေါ်ဝါရီမှာ အာဏာသိမ်းစစ်အုပ်စုက ဝန်ခံပြောကြားခဲ့ပါတယ်။

 

စစ်တပ်က အကြမ်းဖက်အဖွဲ့လို့ အမည်တပ်ထားတဲ့ ၎င်းတို့ရဲ့ရန်သူအသစ်တွေအပေါ် စစ်သင်တန်းတွေ ပေးတာ က စစ်တပ်နဲ့ရှိရင်းစွဲပဠိပက္ခတွေအပေါ် မီးလောင်ရာလေပင့်သလိုဖြစ်စေပြီး အလွန်စွန့်စားရာလည်း‌ ရောက်ပါ တယ်။

 

TNLA ရဲ့ နယ်မြေအတွင်းရှိ တအောင်းရွာတစ်ရွာရဲ့ သူကြီးဖြစ်သူ အိုက်ဦးက ၎င်းရဲ့ရွာမှာ အာဏာသိမ်း စစ်အုပ်စုရဲ့ တပ်ဖွဲ့တွေ အကြမ်းဖက်စီးနင်း မီးရှို့သွားတဲ့ စာသင်ကျောင်းတစ်ကျောင်းကို AFP ကို ပြသခဲ့ပါတယ်။

 

အလုပ်သမားတွေက စာသင်ကျောင်းအသစ်တစ်ခုကို ပြန်ဆောက်နေပြီး ကျောင်းအနီးမှာလည်း စစ်တပ်ရဲ့ ရုရှနဲ့ တရုတ်ထုတ်တိုက်လေယာဥ်တွေနဲ့လေကြောင်းတိုက်ခိုက်မှုဒဏ်ကို အကာအကွယ်ပြုနိုင်မယ့် ဗုံးခိုကျင်းတွေကို တည်ဆောက်နေပါတယ်။

 

မြေပြင်မှာ တပ်ဆုတ်မှုတွေနဲ့ရင်ဆိုင်နေရတဲ့ အာဏာသိမ်းစစ်အုပ်စုဟာ ၎င်းရဲ့အတိုက်အခံတွေကို ပြင်းထန်တဲ့ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ ပစ်မှတ်ထားတိုက်ခိုက်နေပါတယ်။ ဒါဟာ စစ်ရာဇဝတ်မှုမြောက်ကြောင်း လူ့အခွင့်အရေးအဖွဲ့တွေက ဆိုကြပါတယ်။

 

ယခုလအစောပိုင်းမှာလည်း စစ်ကိုင်းတိုင်းရှိ ပဇီကြီးရွာကို လေကြောင်းနဲ့တိုက်ခိုက်မှုမှာ ကျောင်းနေအရွယ် ကလေးငယ်တွေအပါအဝင် လူ ၁၇၀ ကျော်ခန့် သေဆုံးခဲ့ကြောင်း ဒေသခံသတင်းထုတ်ပြန်ချက်များအရ သိရပါတယ်။

 

TNLA ထိန်းချုပ်နယ်မြေအတွင်းရှိ မီးရှို့ဖျက်ဆီးခံရွာကျောင်းလေးကို ပြန်လည်တည်ဆောက်နေစဥ်မှာ အသက် ၅၂ နှစ်ရှိ ဆရာမ ဒေါ်ခင်လေးယုက ကလေးငယ် ဒါဇင်ဝန်းကျင်ခန့်ကို တာပေါ်လင်စတွေ၊ သစ်သားတန်းတွေနဲ့ တည်ဆောက်ထားတဲ့ ယာယီကျောင်းလေးမှာ စာသင်ကြားပေးနေရပါတယ်။

 

ကျွန်မကျောင်းသားတွေအတွက် ဘန်ကာတွေကိုသာ အလိုရှိတယ်လို့ ဇွန်လမှာ စမယ့် ရှေ့နှစ်စာသင်နှစ် အသစ်အတွက် ဆရာမ ခင်လေးယုက ဆုတောင်းကြောင်း၊ ကျွန်မတို့ကျောင်းမှာ ကျောင်းသား ၅၀၀ ဝန်းကျင်ခန့် ရှိတာမို့ ဘန်ကာတွေကို ကျွန်မတို့တည်ဆောက်နိုင်လောက်ပါတယ်လို့ ဆရာမဒေါ်ခင်လေးယုက ဆိုခဲ့ပါတယ်။

 

(AFP သတင်းဌာန၏ “Profit from the coup; Myanmar ethnic rebels welcome pro-democracy fighters” ဆောင်းပါးကို ဘာသာပြန်သည်။)

 

Photo - AFP

Burma Associated Press

 

မြန်မာ
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့
တအာင်း အမျိုးသားလွတ်မြောက်ရေးတပ်
အာဏာသိမ်း

Share With
bap-logo