bap-logo
Weather

ပဲခူးရေကြီးမှု ပိတ်မိနေသူတွေ ရှိနေဆဲ

cd6jCpyeLLw8_GwIN2Lun-image

လွန်ခဲ့သော တစ်နှစ် က

အောက်တိုဘာ ၁၀။

ပဲခူးမြို့တွင် မိုးသည်းထန်ပြီး ရေကြီးမှုကြောင့် ကယ်ဆယ်ရေးတွေ လုပ်နေပေမယ့် ပိတ်မိနေသူတွေ ရှိနေဆဲဖြစ်တယ်လို့ ကယ်ဆယ်ရေးလုပ်နေသူတွေက BAP ကို ပြောပါတယ်။

 

မနေ့က တော်တော်များများ ထုတ်နိုင်ပြီ၊ အချင်းချင်း ကူညီနေကြတာပဲ ကူညီကယ်ဆယ်ရေးတွေ လုပ်နေတယ်၊ မိုးကတော့ မတိတ်သေးဘူးဆိုပြီး ကယ်ဆယ်ရေးလုပ်နေသူတွေက BAP ကို ပြောပါတယ်။

 

လက်ရှိအချိန်ထိ ဖုန်းလိုင်းတွေ ဆက်လက်ပြတ်တောက်နေဆဲဖြစ်ပြီး ooredooနဲ့ MPT ဖုန်းလိုင်းတွေ ပြတ်တောက်နေတယ်လို့လည်း ပြောပါတယ်။

 

အောက်တိုဘာ ရက် (စနေနေ့) ကစပြီး ပဲခူးမြို့ပေါ်မှာ ရေစတက်လာတာဖြစ်ပြီး ပဲခူးမြို့ရဲ့ ၈၀ ရာခိုင်နှုန်းမှာ ရေကြီးနစ်မြှုပ်နေတယ်လို့ ပဲခူးမြို့ခံတစ်ဦးက BAPကို ပြောပါတယ်။

 

ဒီနှစ်တစ်နှစ်ထဲမှာကို ပဲခူးမှာ ရေကြီးရေလျှံမှုဖြစ်တာ လေးကြိမ်မြောက် ရှိပြီလို့လည်း သိရပါတယ်။

 

Burma Associated Press

ပဲခူး
အင်တာနက်
ရေကြီး

Share With
bap-logo