bap-logo
Weather

ပဲခူးရေကြီးမှုကြောင့် ရပ်ကွက် ၁၅ ခုထက်မနည်း နေအိမ်အတွင်း ရေဝင်ရောက်

kbHXPcS_tRQwxWQawXgaJ-image

လွန်ခဲ့သော တစ်နှစ် က

ဩဂုတ် ၁၃။

ပဲခူးမြို့တွင် ယမန်နေ့ နာရီခန့်မှစတင်ကာ မိုးသည်းစွာရွာသွန်းပြီးနောက် ပဲခူးမြစ်ရေတက်လာသဖြင့် ရပ်ကွက်ပေါင်း ၁၅ ခုထက်မနည်းထံ ရေများ ဝင်ရောက်ခဲ့သည်ဟု ကူညီကယ်ဆယ်ရေးလုပ်နေသူများကဆိုသည်။

 

ဇိုင်းဂနိုင်းတောင်/မြောက်ရပ်ကွက်၊ ကျွန်းသာယာရပ်ကွက်၊ မဇင်းရပ်ကွက်၊ ပုဏ္ဏားစုရပ်ကွက်၊ ကျောက်ကြီးစုရပ်ကွက်၊ မြို့သစ် () ရပ်ကွက်၊ ရွာသစ်ရပ်ကွက်၊ ဉဿာ() ရပ်ကွက်၊ ဉဿာ()ရပ်ကွက်၊ ကလျာဏီ ရပ်ကွက်၊ ဘုရားကြီးမြို့ ရွှေပြည်အေးကျေးရွာ၊ ပဲခူးမြို့ ကလိကျေးရွာ၊ အဝိုင်းကျေးရွာ၊ မုန်တိုင်းကျေးရွာ၊ တာဝဘူတာကျေးရွာရှိ နေအိမ်များအတွင်းသို့ ရေများ ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။

 

လတ်တလောတွင် ရေဘေးသင့်ပြည်သူများကို ရေဘေးလွတ်ရာ ဘုန်းကြီး ကျောင်းများ၊ စာသင်ကျောင်းများသို့ ယာယီရွေ့ပြောင်း ပေးထားကြောင်း သိရသည်။

 

လက်ရှိအချိန်တွင်လည်း ပဲခူးမြစ်ရေသည် စိုးရိမ်ရေမှတ်ထက် တစ်ပေခွဲခန့် ကျော်လွန်ရောက်ရှိနေပြီး နောက်တစ်ရက်အထိ ယင်းအခြေအနေတွင် ရှိနေနိုင်သည်ဟု မိုးလေဝသနှင့်ဇလဗေဒဌာနက အသိပေးထားသည်။

 

ပုံစာ - ပဲခူးရေဘေးသင့်ပြည်သူများအား ကူညီကယ်ဆယ်ရေးလုပ်နေပုံ

(ဓာတ်ပုံ - မေတ္တာ သီတာရေစင် ပရဟိတအသင်း)

 

Burma Associated Press

မြန်မာ
ပဲခူး
ရေကြီး

Share With
bap-logo