bap-logo
Weather

စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ကချင်နှင့် ရှမ်းပြည်နယ်တို့တွင် မိုခါမုန်တိုင်း အညိုရောင်အဆင့်အဖြစ် ဆက်လက်ရွေ့ လျားနေ

8rk-rPZeGVpgAZLJcDw_y-image

လွန်ခဲ့သော တစ်နှစ် က

မေ ၁၅။

 

လက်ရှိအချိန်ထိ မိုခါမုန်တိုင်းသည် စစ်ကိုင်းတိုင်း၊ ကသာမြို့အနီး ရောက်ရှိနေပြီး၊ မြောက်-အရှေ့မြောက်ဘက်ရှိ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ကချင်နှင့် ရှမ်းပြည်နယ်တို့တွင် အညိုရောင်အဆင့် အဖြစ် ဆက်လက်ရွေ့ လျားနေသည်ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်သည်။

 

မုန်တိုင်းဖြတ်ကျော်ပြီးသည့် ချင်းနှင့် ရခိုင်တွင် အစိမ်းရောင်အဆင့် သတ်မှတ်ထားသည့်အတွက် စိတ်ချရသည့် ကူညီကယ်ဆယ်ရေးများ လုပ်ဆောင်နိုင်သည့် အခြေနေသို့ ရောက်ရှိနေပြီ ဖြစ်သည်။

 

ဆိုင်ကလုန်းမုန်တိုင်းမိုခါသည် နောက်()နာရီအတွင်း ကုန်းတွင်း မုန်တိုင်းငယ်အဖြစ် အားလျော့ သွားနိုင်ပြီး၊ မြောက်-အရှေ့မြောက်ဘက်သို့ ဆက်လက် ရွေ့လျားကာ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း (မြောက်ပိုင်း) ကချင်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)သို့ ရောက်ရှိနိုင်သည်၊

 

ထို့နောက် ကချင်ပြည်နယ်တွင် လေဖိအားနည်းရပ်ဝန်းအဖြစ် တဖြည်းဖြည်း အားလျော့သွားနိုင်သည်ဟု မိုးဇလက ခန့်မှန်းထားသည်။

 

Burma Associated Press

 

မုန်တိုင်း
မိုချာ

Share With
bap-logo