bap-logo
Local News

မြောက်ဥက္ကလာ ဗကသ ကျောင်းသား ကိုကောင်းဆက်ပိုင် ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်ခံရ

cR3L26AguZGB7vXJRb713-image

လွန်ခဲ့သော ၂ နှစ် က

မတ် ၂၃

မြောက်ဥက္ကလာပမြို့နယ် ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) မြေပြင်လှုပ်ရှားမှုရေးရာ တာဝန်ခံ ကိုကောင်းဆက်ပိုင်ကို စစ်ခုံရုံးက ထောင်ဒဏ်တစ်သက်တစ်ကျွန်း ချလိုက်သည်ဟု ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများအဖွဲ့ချုပ်-ဗကသထံမှ သိရသည်။

 

ကိုကောင်းဆက်ပိုင်ကို နိုင်ငံတော်ဆူပူလှုံ့ဆော်မှုဆိုင်ရာပုဒ်မ ၅၀၅(က)နှင့် အကြမ်းဖက် တိုက်ဖျက်ရေးဥပဒေ ၅၀() တို့ဖြင့် မြောက်ဥက္ကလာပ စစ်ခုံရုံးက ထိုသို့ အမိန့်ချခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

 

အသက် ၂၀ နှစ်အရွယ်ရှိ ဗကသကျောင်းသား ကိုကောင်းဆက်ပိုင်သည် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ရက်တွင် ဖမ်းဆီးခံခဲ့ရပြီး ယခုကဲ့သို့ မတရားအမိန့် ချမှတ်ခံရခြင်းဖြစ်သည်ဟု ဗကသက ဆိုသည်။

 

ယခုနှစ် ဖေဖော်ဝါရီလ ရက်တွင်လည်း အထက () မြောက်ဥက္ကလာပ ကျောင်းသားများသမဂ္ဂ (ဗကသများ အဖွဲ့ချုပ်) ဒုတိယဥက္ကဌဖြစ်သူ ကိုဟိန်းထက် () ကိုပိုပိုကိုလည်း စစ်ခုံရုံးက ထောင်ဒဏ် တသက်တကျွန်း ချမှတ်ခဲ့ကြောင်းသိရသည်။

 

ဓာတ်ပုံ- သတင်းနှင့်ပြန်ကြားရေးဗျူရို (ဗကသများအဖွဲ့ချုပ်)

Burma Associated Press

စစ်ကောင်စီ
ကျောင်းသား/သူ
တစ်သက်တစ်ကျွန်း

Share With
bap-logo