bap-logo
Local News

KNDF မှ ရဲဘော် နှစ်ဦး တိုက်ပွဲတွင် ကျဆုံး

CwyySslpJOVZ4Knt_Keti-image

လွန်ခဲ့သော ၂ နှစ် က

တ် ၂၄

ကရင်နီပြည်သို့ ထိုးစစ်ဆင်တိုက်ခိုက်နေသည့် စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်ရင်း KNDF တပ်ရင်း အမှတ် (၁၀) မှ ရဲဘော်နှစ်ဦး ကျဆုံးခဲ့ရကြောင်း KNDF ထံမှသိရသည်။

 

မတ်လကနေစပြီး ဒေါညေးခူ၊ ဒေါတမကြီးကျေးရွာဖက်ကို စစ်ကြောင်း သုံးကြောင်းနဲ့ ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီကို ခုခံတိုက်ခိုက်နေတဲ့ တိုက်ပွဲမှာ KNDF တပ်ရင်း အမှတ် (၁၀) ရဲ့ ရဲဘော်တွေဖြစ်တဲ့ ရဲဘော် ခူးဦးရယ်နဲ့ ရဲဘော် နိုရယ် ကျဆုံးခဲ့ပါတယ်ဟု KNDF ကဆိုသည်။

 

ရဲဘော် ခူးဦးရယ်မှာ မတ်လ ၂၁ ရက် တိုက်ပွဲအတွင်လည်းကောင်း ရဲဘော် နိုရယ်မှာ မတ်လ ၂၂ရက် တိုက်ပွဲတွင် လည်းကောင်း ကျဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

တိုင်းပြည်နှင့် လူမျိုးအတွက် စစ်ကောင်စီအား ရဲရင့်စွာ တိုက်ခိုက်ရင်း မြင့်မြတ်စွာ ကျဆုံးခဲ့ရသော ရဲဘော် နှစ်ဦးကို အာဇာနည် သူရဲကောင်းအဖြစ် အစဥ်အမြဲ ဂုဏ်ယူမှတ်တမ်းတင်ထားမည်ဟု KNDF တပ်ရင်းအမှတ် (၁၀)က ဆိုသည်။

 

စစ်ကောင်စီတပ်သည် ယခုနှစ် ဖေဖော်ဝါရီလ မှစ၍ ကရင်နီပြည်အတွင်းသို့ ပင်လောင်းမြို့နယ်၊ ရှားတောမြို့နယ်၊ ဒီးမော့ဆိုမြို့နယ်နှင့် ဘောလခဲမြို့နယ် အသီးသီးတို့မှ စစ်မျက်နှာ () ခုဖွင့်ကာ စုစုပေါင်း စစ်ကြောင်း (၁၂) ကြောင်းဖြင့် အပြင်းအထန် ထိုးစစ်ဆင်လျက်ရှိသည်။

 

စစ်အာဏာသိမ်းခဲ့သည့်အချိန်မှ ယခုနှစ် ဖေဖော်ဝါရီလကုန်အထိ ကရင်နီပြည်တွင် တိုက်ပွဲပေါင်း ၆၀၀ နီးပါး ဖြစ်ပွားခဲ့ပြီး KNDF/PDF/KA ကျဆုံးသူ (၂၂၄) ဦး ကျဆုံးခဲ့ပြီးဖြစ်ကြောင်း တိုးတက်သောကရင်နီ ပြည်သူ့ အင်အားစု-PKPF ထံမှ သိရသည်။

 

ဓာတ်ပုံ- KNDF တပ်ရင်းအမှတ် (၁၀)

Burma Associated Press

 

ကရင်နီ
KNDF
စစ်တပ်

Share With
bap-logo