bap-logo
Local News

ညောင်ဇင်ကြီးရွာ စစ်ကြောင်းထိုးခံရပြီးနောက် စိတ်ကျန်းမာရေးမကောင်းသူတစ်ဦး သတ်ဖြတ်ခံရ

Cv4vpTcxl2Xt4WwSkbSSy-image

လွန်ခဲ့သော ၂ နှစ် က

မတ် - ၂၄

စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင် ထန်းကုန်းတိုက်နယ် ညောင်ဇင်ကြီးရွာ ရောက်ရှိနေသည့် စစ်ကောင်စီတပ်က စိတ်ကျန်းမာရေး မကောင်းသည့် အသက် ၂၀ အရွယ် အမျိုးသားတစ်ဦးကို မီးရှို့သတ်ဖြတ်သွားကြောင်း ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင်က ဆိုထားသည်။

 

ယမန်နေ့ မတ်လ ၂၃ ရက် ညနေ နာရီ ၃၀ မိနစ်ခန့်တွင် စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်၊ ထန်းကုန်းတိုက်နယ် ညောင်ဇင်ကြီးရွာကို စစ်ကောင်စီတပ်နှင့် ပျူစောထီး စုပေါင်းအင်အား ၁၅၀ ခန့်မှ ဝင်ရောက်မီးရှို့ ဖျက်ဆီး ခဲ့ကြောင်း သိရသည်။

 

ထို့အပြင် ၎င်းစစ်ကြောင်းသည့် ညောင်ဇင်ကြီးရွာမှ ဘုန်းကြီးတစ်ပါးအား ဖမ်းဆီးခေါ်ဆောင်သွားကြောင်း၊ ပြည်သူပိုင်ပစ္စည်းများအား ခိုးယူသယ်ဆောင်ကာ ပြန်လည်ဆုတ်ခွါသွားကြောင်းဆိုထားသည်။

 

အဆိုပါ စစ်‌ကောင်စီစစ်ကြောင်းသည့် မတ်လ ၂၂ ရက်တွင်လည်း ဆူးပုတ်ကုန်းရွာအား ဝင်ရောက်ခဲ့ပြီး ဘုန်းကြီး ကျောင်းတွင် မပြေးလွှားနိုင်သည့် သက်ကြီးရွယ်အိုများဆီမှ ဖုန်း၊ ပိုက်ဆံ ၈ သိန်းနှင့် နားကပ်ပါမကျန် ယူဆောင် သွားကြောင်း၊ ဘုန်းကြီးကျောင်းဝင်းအတွင်းရှိ ပြည်သူပိုင်ဆိုင်ကယ်များနှင့် နွားအကောင် ၄၀ ကျော်ကိုလည်း ယူဆောင်သွားကြောင်း သိရသည်။

 

လက်ရှိတွင် စစ်ကောင်စီတပ်နှင့် ပျူစောထီးများ စစ်ကြောင်းထိုး ဝင်ရောက်လာခြင်းကြောင့် ဆူးပုတ်ကုန်း၊ဘိုကုန်း၊ ဘိုတဲကုန်း၊ မကုန်း၊ ညောင်ဇင်ကြီး၊ ပေလည်နှင့် သရက်ခေါင်းရွာမှ အပြစ်မဲ့ပြည်သူ တစ်သောင်းခန့် အိုးအိမ်စွန့်ခွါပြီး ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ထုတ်ပြန်ချက်ကဆိုသည်။

 

Photo - ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင်

Burma Associated Press

 

 

အသတ်ခံရ
ကန့်ဘလူ
စစ်တပ်
စစ်ကိုင်း
အရပ်သား

Share With
bap-logo