Local News
ကွီလုံတိုင်စခန်းသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ် ကြားဖြတ် တိုက်ခံခဲ့ရ
လွန်ခဲ့သော ၂ နှစ် က
မတ် ၂၄
ကရင်အမျိုးသားအစည်းအရုံး-KNU၊ တပ်မဟာ (၆) ထိန်းချုပ်နယ်မြေ ကြာအင်းဆိပ််ကြီးမြို့နယ်အတွင်း ကျူးကျော်တပ်စွဲထားသော ကွီလုံတိုင်စခန်းသို့ ရိက္ခာပို့ရန်နှင့်လူနာသယ်ရန် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို KNLA တပ်ဖွဲ့ဝင်များ၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ - S.O.F နှင့် နဂါးနီ စစ်ကြောင်းပူးပေါင်း အဖွဲ့ဝင်များမှ ကြားဖြတ် တိုက်ခိုက်ခဲ့ကြောင်းသိရသည်။
မတ်လ ၁၆၊ ၁၇၊ ၂၁ ရက်တို့တွင် ဖြစ်ပွားသည့် တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ဒုတပ်ရင်းမှူး တစ်ဦး အပါအဝင် ဆယ်ဦးခန့်ကျဆုံးခဲ့ပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိကာ M-A1 သုံးလက်၊ MA2 (စက်ကလေး) တစ်လက် စုစု ပေါင်း လက်နက်လေးလက်ကို တော်လှန်ရေးပူးပေါင်းအဖွဲ့များမှ သိမ်းဆည်းရမိခဲ့သည်ဟု အထူးစစ်ဆင်ရေးတပ်ဖွဲ့ - S.O.Fက ထုတ်ပြန်လာသည်။
တိုက်ပွဲအတွင်း စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် နှစ်ကြိမ်၊ MI-35 ရဟတ်ယာဥ်ဖြင့်သုံးကြိမ် ပစ်ခတ် တိုက်ခိုက် ခဲ့ရာ အနီးရှိကျေးရွာများသို့ ထိမှန်ခဲ့ပြီး နေအိမ်နှစ်လုံး မီးလောင်ပျက်စီးခဲ့၍ ရွာသားတစ်ချို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်းသိရသည်။
တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များမှလည်း အနည်းငယ် ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟုဆိုသည်။
စစ်ကောင်စီလက်ပါးစေ ခမရ ၅၆၁ နှင့် ခမရ ၄၃၂ အင်အား ၈၀ ကျော် စစ်ကြောင်းသည် တောင်ကလေး ကျေးရွာအုပ်စု ကွီလုံတိုင်ရွာသစ်အနီး တပ်စွဲထားပြီး အနီးရှိကျေးရွာများမှ ကျွဲ/နွားများ သိမ်းဆည်းခြင်း၊ ရိက္ခာနှင့် ငွေကြေးများဝင်ရောက် သိမ်းဆည်းခြင်း၊ ဒေသခံပြည်သူများအား ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်းများ ပြုလုပ်နေသည်ဟု အထူးစစ်ဆင်ရေးတပ်ဖွဲ့ - S.O.F ကဆိုသည်။
ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကွီလုံတိုင်စခန်းကို ပြီးခဲ့သည့်နှစ် အောက်တိုဘာလအတွင်းက တော်လှန်ရေးပူးပေါင်း အဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁၇ ဦး လက်နက်ချအညံ့ခံခဲ့ပြီး လက်နက်မျိုးစုံ ၄၀ ကျော် ရရှိခဲ့သည်။
ဓာတ်ပုံ - အထူးစစ်ဆင်ရေးတပ်ဖွဲ့ - S.O.F
Related Articles
- တောင်းဆိုချက်များကို မပူးပေါင်းပါက ထိုင်း PTT ကုမ္ပဏီကို စင်္ကာပူ အနုညာတ တရားရုံး တွင် NUG တရားစွဲမည်
- မူးမြို့နယ်အတွင်း လက်နက်ကြီး ပစ်ခတ်မှုကြောင့် ထောင်နှင့်ချီသည့် ဒေသခံများ စစ်ရှောင်နေရ
- ကရင်နီပြည်နယ်တွင် ထိုးစစ်ဆင်သည့် စစ်ကောင်စီထံမှ သိမ်းဆည်းရမိသည့် လက်နက်များ
- မြန်မာနှင့် ရုရှား ဥပဒေပညာများ အပြန်အလှန်သင်ကြားပေးမည်ဟု စစ်ခေါင်းဆောင်ဆို