bap-logo
Politics

မျိုးစောင့်ဥပဒေကို ဖျက်သိမ်း၍ ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေဖြင့် အစားထိုးမည်ဟု NUG ဆို

c0T33LPxkFZ8nPnZStlGy-image

လွန်ခဲ့သော တစ်နှစ် က

စက်တင်ဘာ ၁၈။

၂၀၁၅ ခုနှစ် မျိုးစောင့်ဥပဒေကို ရုပ်သိမ်းခြင်းကို အခြေခံသော ဥပဒေအသစ်ဖြင့် ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေကို အစားထိုးမည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ- NUGက ယနေ့ ထုတ်ပြန်လိုက်သည်။

 

မြန်မာနိုင်ငံသားမိဘနှစ်ပါးက မြန်မာနိုင်ငံတွင်း မွေးဖွား‌သည့် (သို့မဟုတ်) မည်သည့်နေရာတွင်မဆို မွေးဖွား လာသည့် ကလေးသူငယ်များကို နိုင်ငံသားဖြစ်စေခြင်း၊ နိုင်ငံသားအဖြစ် အတည်ပြုမှုကဒ် လုပ်ငန်းစဉ်ကို တပြိုင်တည်း ဖျက်သိမ်းမည်ဟု ဆိုသည်။

 

ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ ၅၄ ကြိမ်မြောက် အစည်းအဝေးတွင် မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးဆိုင်ရာ ရပ်တည်ချက်အပေါ် ထုတ်ပြန်ကြေညာချက်တွင် ယခုကဲ့သို့ ဖော်ပြထားခြင်း ဖြစ်သည်။

 

ဒါ့အပြင် လိင်ပိုင်းဆိုင်ရာ တိမ်းညွတ်မှုနှင့် လိင်သတ်မှတ်ချက် တို့အပေါ် အခြေခံပြီး ခွဲခြားဆက်ဆံမှု တားမြစ်သည့် ဥပဒေကို ဖော်ဆောင်သွားမည်ဟုလည်း ဖော်ပြထားသည်။

 

NUG အနေဖြင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ- CRPH နှင့် လက်တွဲပြီး ဥပဒေပြုပြင် ပြောင်းလဲမှုများကို လုပ်ဆောင်နေသည်ဟု အသိပေးထားသည်။

 

ရိုဟင်ဂျာများ မိမိသဘောအလျောက် နေရပ်ပြန်လာနိုင်ရေးအတွက် ရိုဟင်ဂျာ ခေါင်းဆောင်တစ်ဦးကို လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန၏ ဒုတိယဝန်ကြီးအဖြစ် ခန့်အပ်ထားပြီး လိုအပ်သော အခြေအနေများကို ဖန်တီးလျက်ရှိသည်ဟု ဆိုသည်။

 

ပုံစာ- ၂၀၁၅ ခုနှစ်တွင် မျိုးစောင့်ဥပဒေ ပေါ်ပေါက်လာခြင်း ဂုဏ်ပြုပွဲတွင်တွေ့ရသည့် သီတဂူဆရာတော်

 

Burma Associated Press

အမျိုးသားညီညွတ်ရေးအစိုးရ
တရားဥပဒေ

Share With
bap-logo