bap-logo
Politics

မြန်မာ့တော်ဝင်နဂါးတပ်တော်အတွက် ထောက်ပံ့မှုများကို MOD ရှင်းလင်းလာ

nDh_w6nYg9ylZZSanCOkp-image

လွန်ခဲ့သော တစ်နှစ် က

စက်တင်ဘာ ၁၅။

 

ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်တွင် အခြေစိုက်သည့် မြန်မာ့တော်ဝင်နဂါးတပ်တော်- MRDA အတွက် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန- MODက ထောက်ပံ့ထားမှုများကို ယမန်နေ့ က ရှင်းလင်းတင်ပြလာခဲ့သည်။

 

MRDAက MOD၏ စစ်ရေးကွပ်ကဲမှုအောက် ရယူပြီးနောက် ၂၀၂၂ ခုနှစ်၊ မေလမှစ၍ မြန်မာငွေ ကျပ်သိန်းပေါင်း သုံးထောင်ကျော် (၃၁၈,၀၀၀,၀၀၀ ကျပ် တိတိ) ထောက်ပံ့ပြီးဖြစ်သည်ဟု ဆိုသည်။

 

မြန်မာ့တော်ဝင်နဂါးတပ်တော်- MRDA၏ တပ်ဖွဲ့များကို MOD၏ ယင်းမာပင်ခရိုင် တပ်ရင်းအမှတ် (၃)၊ (၄)၊ (၅)၊ (၆) အဖြစ် ၂၀၂၂ ခုနှစ်၊ မတ်လ (၁၄) ရက်တွင် အသိအမှတ်ပြုကွပ်ကဲမှု ရယူခဲ့ခြင်း ဖြစ်သည်။

 

ထိုကဲ့သို့ ကွပ်ကဲမှုမရယူမီကာလကလည်း MRDA ၏ ထုတ်လုပ်ရေးလုပ်ငန်းများအတွက် အမေရိကန် ဒေါ်လာ နှစ်သောင်းကျော်၊ ပြည်သူ့တော်လှန်ရေးထောက်ပို့တပ် (PRF)နှင့် ပြည်တွင်း၊ ပြည်ပ အလှူရှင်များ၏ အလှူငွေမှ အမေရိကန်ဒေါ်လာ သုံးသောင်းနီးပါးကိုလည်း ဆက်သွယ်ပေးပို့ခဲ့သည်ဟု ဆိုသည်။

 

၂၀၂၂ ခုနှစ်၊ မတ်လက MRDA အနေဖြင့် လက်နက်ပစ္စည်းဝယ်ယူနိုင်ရန်အတွက် မဟာမိတ်များနှင့် ချိတ်ဆက်ဆောင်ရွက်ပေးခဲ့ရုံသာမက MOD က အမေရိကန်ဒေါ်လာ ကိုးသောင်း ထောက်ပံ့ပေးခဲ့ သေးသည်ဟု ပြောသည်။

 

ဒါ့အပြင် ဗုံးပစ်လောင်ချာ ၁၅ လက်နှင့် မောင်းပြန်အပါအဝင် လက်နက်ခဲယမ်းများကိုလည်း ထောက်ပံ့ခဲ့ သေးသည်ဟု ဆိုသည်။

 

မြန်မာ့တော်ဝင်နဂါးတပ်တော်- MRDA အစား  ဗမာအမျိုးသားတော်လှန်ရေးတပ်မတော်- BNRAကို စက်တင်ဘာ ၉ ရက်တွင် ဗိုလ်နဂါးက ဦးဆောင်ပြီး MOD၏ အမိန့်ပေးကွပ်ကဲမှုစနစ် (CoC) အောက်တွင် မပါဝင်သည့် လက်နက်ကိုင်အင်အားစုများ၊ ဒေသခံ ကာကွယ်ရေးအဖွဲ့ (LDF တို့ဖြင့် ဖွဲ့စည်းခဲ့သည်။

 

BNRA ဖွဲ့စည်းမှုသည် ယာယီသမ္မတ၊ ကာကွယ်ရေးဝန်ကြီးတို့နှင့် ဆွေးနွေးကတိပြုခဲ့ခြင်း မရှိခဲ့ဘဲ ဗိုလ်နဂါး တစ်ကိုယ်တည်း လုပ်ဆောင်ချက်များသာ ဖြစ်သည်ဟုလည်း NUG သမ္မတရုံးက ရှင်းလင်းထားသည်။

 

Burma Associated Press

ကာကွယ်ရေးဝန်ကြီးဌာန
မြန်မာ့တော်ဝင်နဂါးတပ်တော်
အမျိုးသားညီညွတ်ရေးအစိုးရ
ဗမာအမျိုးသားတော်လှန်ရေးတပ်မတော်

Share With
bap-logo