Politics
ကေအဲန်ယူအုပ်ချုပ်မှုနယ်မြေမှ ဒေသခံ သုံးဦး အကြောင်းမဲ့ ဖမ်းဆီးခံရ
လွန်ခဲ့သော တစ်နှစ် က
ဧပြီ ၂၇။
ကရင်အမျိုးသားအစည်းအရုံး- ကေအဲန်ယူ၊ ခလယ်လွီထူခရိုင်အတွင်းရှိ ဒေသခံသုံးဦး ယမန်နေ့ ဧပြီ ၂၆ ရက်က စစ်ကောင်စီတပ်ဖွဲ့၏ အကြောင်းမဲ့ ဖမ်းဆီးခြင်း ခံရသည်ဟု ကေအဲန်ယူ-ဗဟိုက အသိပေးသည်။
ဖမ်းဆီးခံရသူများတွင် အမျိုးသားတစ်ဦးနှင့် အမျိုးသမီး နှစ်ဦးပါဝင်ပြီး မူးမြို့နယ်အတွင်းရှိ ညောင်ပင် သာရဲစခန်းတွင် ဖမ်းဆီးခံရခြင်းဖြစ်သည်ဟု ကေအဲန်ယူက ဆိုသည်။
တစ်ရက်တည်းမှာပင် စစ်ကောင်စီတပ်က မူးမြို့နယ်ထဲကို လက်နက်ကြီးများ ရမ်းသမ်း ပစ်ခတ်ခဲ့သည့် အတွက် အရပ်သား သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့သေးသည်ဟု သိရသည်။
ပုံစာ- ဧပြီ ၂၆ ရက်က စစ်ကောင်စီ လက်နက်ကြီးကြောင့် ထိခိုက်ဒဏ်ရာ ရရှိသူတစ်ဦး
ကရင်အမျိုးသားအစည်းအရုံး
အရပ်သား
သေဆုံးခဲ့
လက်နက်ကြီး
Related Articles
Top News
စစ်ကောင်စီလေတပ်ဦးစီးချုပ်လက်ထက် လေယာဉ်၊ ရဟတ်ယာဉ် ၁၁ စီး ဆုံးရှုံးထား
လွန်ခဲ့သော ၄ ရက် က
ခုခံတော်လှန်ရေးနှင့် ကူညီထောက်ပံ့ရေးတို့အတွက် မိတ်ဖက် မြန်မာ့ဆင်များ
လွန်ခဲ့သော ၈ ရက် က
ရန်ကုန်မှာ အကျိုးတူ အထပ်မြင့်တိုက်ခန်း ဆောက်လုပ်မှုတွေ ရပ်နားလာနေရ
လွန်ခဲ့သော ၁၁ ရက် က
Articles
Share With