Politics
ဘူးသီးတောင်နှင့် မောင်တောတွင် ရက်အကန့်သတ်မရှိ ညမထွက်ရအမိန့် AA ထုတ်ပြန်
လွန်ခဲ့သော တစ်နှစ် က
ဧပြီ ၂၇။
လက်ရှိတိုက်ပွဲပြင်းထန်နေသည့် ရခိုင်ပြည်နယ်၊ ဘူးသီးတောင်နှင့် မောင်တောမြို့နယ်တို့တွင် ရက်အကန့်သတ်မရှိ ညမထွက်ရအမိန့်ကို ရက္ခိုင့်တပ်တော်- AA က ယမန်နေ့ ဧပြီ ၂၆ ရက်က ထုတ်ပြန်လိုက်သည်။
စစ်ကောင်စီ၏ ဘူးသီးတောင် စစ်ဆင်ရေးကွပ်ကွဲမှုဌာနချုပ် စကခ (၁၅) ကို အပြီးသတ် သိမ်းပိုက်နိုင်ရန် စစ်ဆင်ရေးကြောင့် တိုက်ပွဲများ ပိုမိုပြင်းထန်နေခြင်းဖြစ်ကြောင်း AA က ဆိုသည်။
စစ်ကောင်စီနှင့် အခြား လက်နက်ကိုင် အဖွဲ့အစည်းများက ရခိုင်ဒေသတွင်းရှိ ပြည်သူများကို ပစ်မှတ်ထား တိုက်ခိုက်ခြင်း၊ ပစ္စည်းများခိုးယူခြင်း၊ လူနေအိမ်များကို မီးရှို့ခြင်းများ ပြုလုပ်နေသဖြင့် ရခိုင်ပြည်သူတို့၏ လုံခြုံရေး အတွက် ယခုကဲ့သို့ ထုတ်ပြန်ရခြင်းဖြစ်ကြောင်း AA က ဆိုသည်။
အဆိုပါ ညမထွက်ရအမိန့်ကို ည ၇ နာရီမှ မနက် ၆ နာရီအတွင်း သတ်မှတ်ထားပြီး ဧပြီ ၂၆ ရက်မှစတင် အသက်ဝင်မည်ဖြစ်ကာ AA ဘက်က ထုတ်ပြန်ချက်ကို ရုပ်သိမ်းကြောင်း မထုတ်ပြန်မချင်း မပျက်မကွက် လိုက်နာကြရန် တောင်းဆိုထားသည်။
ရက္ခိုင်ဒေသတွင်းရှိ ဘူးသီးတောင်၊ မောင်တော၊ အမ်းနှင့် သံတွဲမြို့များတွင် တိုက်ပွဲများ နေ့စဉ် ရက်ဆက်ရှိနေသည်ဟုလည်း AA က သတိပေးထားသည်။
ပုံစာ- ဘူးသီးတောင်အခြေစိုက် ခမရ ၅၆၄ စခန်းသိမ်းပွဲအပြီး AA တပ်ဖွဲ့ဝင်များကို တွေ့ရစဉ်
Related Articles
Top News
လွန်ခဲ့သော ၄ ရက် က
လွန်ခဲ့သော ၈ ရက် က
လွန်ခဲ့သော ၁၁ ရက် က