Politics
စစ်မှုထမ်းတပ်သား စုဆောင်းနေသည့် မွန်ပြည်သူ့စစ်အဖွဲ့ထံက လက်နက်များကို MSRF သိမ်းဆည်း
လွန်ခဲ့သော ၉ လ က
ဧပြီ ၂၆။
မွန်ပြည်နယ်၊ ခေါဇာမြို့နယ်ခွဲတွင် စစ်မှုထမ်းတပ်သား စုဆောင်းနေသည့် ကျုံညှဲကျေးရွာ အုပ်ချုပ်ရေးမှူး ပြည်သူ့စစ် အဖွဲ့ထံက လက်နက်များကို မွန်ပြည်တော်လှန်ရေးတပ်- MSRF သိမ်းဆည်းခဲ့သည်ဟု အသိပေးသည်။
ပြီးခဲ့သည့် ဧပြီ ၂၃ ရက်က ကျုံညှဲကျေးရွာ ပြည်သူ့စစ်အဖွဲ့ဝင် ငါးဦးကို MSRFက ခေါ်ယူစစ်ဆေးခဲ့ပြီး ၎င်းတို့ထဲက သုံးဦးကို နေ့ချင်းပြန်လွှတ်ကာ ပြည်သူ့စစ်အဖွဲ့ခေါင်းဆောင်နှင့် ဒုခေါင်းဆောင်ကို တစ်ည ထိန်းသိမ်းထားခဲ့သည်ဟု ဖော်ပြထားသည်။
ပြည်သူ့စစ်အဖွဲ့ခေါင်းဆောင်နှင့် ဒုခေါင်းဆောင်က ဧပြီ ၂၄ ရက် မနက်ပိုင်းတွင် သိမ်းဆည်းထားသော လက်နက်များကို လုယူခဲ့သဖြင့် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး နှစ်ဦးလုံး သေဆုံးကာ MSRF ရဲဘော် တစ်ဦး ထိခိုက်ဒဏ်ရာရှိခဲ့သည်ဟု ဆိုသည်။
ကျုံညှဲကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့ထံက M4 Carbine ၂လက်၊ ကိုးလုံးပြောင်းချောသေနတ် ၂ လက်၊ 380 ပစ္စတို ၂ လက်၊ ကိုးလုံးအတို ၁ လက်၊ .23 အတို ၁ လက်၊ တူမီး ၁လက်၊ လက်ပစ်ဗုံး ၄ လုံး၊ 5.56 ကျည်ဘောက် ၄ ခု ၊ 5.56 ကျည် ၃၈၅ တောင့်၊ ကိုးလုံးကျည် ၄၇ တောင့်၊ 380 ကျည် ၅၀ တောင့်၊ .32 ကျည် ၄၁ တောင့်၊ ဓါးတစ်လက်၊ စကားပြောစက် ၃ လုံး၊ စကားပြောစက် အားသွင်းခုံ ၂ ခု၊ Equipment အီကွေးမင်း ၁ ခု၊ ရေဗူးတစ်လုံး၊ မှန်ပြောင်းတစ်ခု သိမ်းဆည်းရရှိခဲ့သည်ဟု ဆိုသည်။
ဓာတ်ပုံ- မွန်ပြည်တော်လှန်ရေးတပ် (MSRF)
Top News
လွန်ခဲ့သော ၅ နာရီ က
လွန်ခဲ့သော တစ်ရက် က
လွန်ခဲ့သော ၆ ရက် က