Politics
လုံခြုံရေးအကြောင်းပြ၍ ပါဆယ်ပစ္စည်းတွေထဲက စားစရာပါမကျန် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဖောက်ယူနေ
လွန်ခဲ့သော တစ်နှစ် က
BAP၊ ဖေဖော်ဝါရီ ၂၁။
ရန်ကုန်၊ မန္တလေး၊ တောင်ကြီးအပါဝင် ကားဂိတ်တွေကနေ ပစ္စည်းပို့သူတွေရဲ့အထုပ်တွေကို စစ်ကောင်စီ တပ်တွေက လုံခြုံရေးဆိုင်ရာအကြောင်းပြချက်တွေနဲ့ ဖွင့်ဖောက်စစ်ဆေးပြီး ပစ္စည်းအချို့ယူဆောင် သွားတာ မျိုးတွေ ကြုံနေရတယ်လို့ ကိုယ်တိုင်ကြုံခဲ့ရတဲ့သူအချို့က BAP ကို ပြောပါတယ်။
စားစရာပစ္စည်းထုပ်တွေထဲက ပျောက်တာမျိုးတွေအဖြစ်များနေပြီး ဒီလိုပျောက်တာကို ဂိတ်တွေ ကလည်း တာဝန်ယူဖြေရှင်းပေးတာမျိုးမရှိဘူးလို့ နယ်တွေကနေ ရန်ကုန်ကို စားသောက်ကုန် ပစ္စည်းတင်ပို့နေသူတဦးက ပြောပါတယ်။
"အသင့်စား စားသောက်ကုန်တွေထဲကနေ တထုပ်စနှစ်ထုပ်စ ပျောက်တယ်၊ ဆိတ်သားခြောက် မီးကင်တို့၊ ဝက်အူ ချောင်း ငါးခြောက်ဖုတ် စတဲ့ဟာတစ်ခုမဟုတ်တစ်ခု ဖောက်ယူခံထားရတာမျိုး အခြားသူတွေလည်းဖြစ်နေတယ်၊ ဂိတ်ကလည်း သေချာမဖြေရှင်းပေးဘူး တခါပျောက်ရင်တသောင်း တန် နှစ်သောင်းတန်ပစ္စည်းဆိုတော့ကြာရင် အရင်းထဲက ထိလာပြီ"လို့ အွန်လိုင်းဈေးရောင်းလုပ်ငန်း လုပ်သူတဦးက ပြောပါတယ်။
ပဲနို့ဖာတွေထဲက ပဲနို့ကတ်ပျောက်တာ၊ လိမ္မော်သီးဖာတွေထဲက လိမ္မောသီးဆယ်လုံးပျောက်တာ၊ ဒေသထွက် မုန်ညင်းဆီဘူးပျောက်တာ၊ ကော်ဖီထုပ်ဘူးပျောက်တာ၊ အသင့်စားးမုန့်တွေပျောက်တာ မျိုးတွေ အဖြစ်များ နေတယ်လို့ သိရပါတယ်။
အဝေးပြေးယာဉ်သွားရာလမ်းတလျောက် စစ်တပ်နဲ့ပူးပေါင်းအဖွဲ့တွေရဲ့ စစ်ဆေးဂိတ်တွေရှိပြီး၊ အဝေးပြေးကားပေါ်ကို လူအခြေနေတက်ကြည့်တာ၊ လမ်းဆင်းလျှောက်ခိုင်းတာ၊ ပစ္စည်းတွေဖွင့်ဖောက် စစ်ဆေးတာ မျိုးတွေ လုပ်နေတာလို့ ပြည်သူအချို့က ပြောပါတယ်။
"ငတ်ပြတ်လို့နိုက်စားတာလား သက်သက်မဲ့ အချောင်လိုချင်လို့နိုက်စားတာလားမသိဘူး။ ဖာတွေဖောက်ပြီး အပေါ်ယူကလွယ်တဲ့အထုပ်တွေ ကောက်ယူတာမျိုးဖြစ်နေတယ်"လို့ စားသောက် ကုန်ဖာတွေ ဖောက်ခံရသူတဦး ကပြောပါတယ်။
စစ်ကောင်စီတပ်တွေကလက်ရှိ စစ်ပွဲဖြစ်ပွားရာ အရပ်ဒေသတွေကို ပို့မယ့်ပစ္စည်းတွေကို ဖွင့်ဖောက် စစ်ဆေးတာများပြီး အစစ်ဆေးကြမ်းနေတယ်လို့ သိရပါတယ်။
ပုံစာ - စစ်ကောင်စီတပ်ဖွဲ့များ ဖွင့်ဖောက်ယူငင်ထားသည့် ပါဆယ်ပုံးတစ်ပုံး
Burma Associated Press
Related Articles
Top News
လွန်ခဲ့သော တစ်ရက် က
လွန်ခဲ့သော ၂ ရက် က
လွန်ခဲ့သော ၆ ရက် က