bap-logo
Politics

နိုင်ငံရေးအကျဉ်းသူ မနိုဘယ်လ်အေးကို စစ်တပ်က သတ်ဖြတ်

hTUnpoe1fJKVSzm4ldZsm-image

လွန်ခဲ့သော တစ်နှစ် က

BAP၊ ဖေဖော်ဝါရီ၊ ၁၆။

 

နိုင်ငံရေးအကျဉ်းသူဟောင်း မနိုဘယ်လ်အေးကို စစ်ကောင်စီတပ်က  ပစ်သတ်ဖြတ်ခဲ့တယ်လို့ မိသားစုနဲ့နီးစပ်သူအချို့က ပြောပါတယ်။

 

 

မနိုဘယ်လ်‌အေးကို ပြီးခဲ့တဲ့လ ဇန်နဝါရီ ၂၉ ရက်က ပဲခူးတိုင်း၊ ညောင်ခါးရှည်ဂိတ်မှာဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး ဖေဖော်ဝါရီ ၈ ရက်မှာ ပစ်သတ်ခံခဲ့ရတာဖြစ်ပါတယ်။

 

"သူနဲ့အတူ ဖမ်းဆီးခံရတဲ့ ကိုလေးခွင်းဆိုတာ နာမည်အရင်းမသိရတဲ့အခါ ဘယ်သူလဲဆိုတာကို မိသားစုက သိချင်မှ သိဦးမယ်။ မနိုဘယ်လ်အေးကို သူ့မောင်ခွင့်ပြုချက်ရမှ ကျွန်တော်တို့အသိပေးပြီးတင်တာပါ" လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောပါတယ်။

 

ပဲခူးတိုင်း၊ ဝေါမြို့နယ်ထဲမှာ ဖမ်းဆီးခံခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသူဟောင်း မနိုဘယ်လ်အေးကို စစ်ကောင်စီတပ်က သနပ်ပင်မြို့နယ်၊ ကျိုက်လတ်ရွာအနီးမှာ ပစ်သတ်ခဲ့ပြီး ကျန်ရစ်တဲ့ ရုပ်အလောင်းကို ဝေါဆေးရုံကို ပို့ဆောင်ခဲ့တယ်လို့  မနိုဘလ်အေးရဲ့ မောင်ဖြစ်သူ ကိုထက်မြက်က မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေး အကျဉ်းသားများကွန်ရက်(PPNM)ကို အတည်ပြုပြောထားပါတယ်။

 

“ကျွန်တော့်အစ်မ၊ အတူတူအဖမ်းခံရတဲ့ အမျိုးသားလေး နှစ်ယောက်ကို ဝေါမြို့နယ် တရားရုံးမှာ ရမန်ယူတယ်။ အဲဒီကအပြန်မှာ သနပ်ပင်မြို့နယ်၊ ကျိုက်လတ်ရွာအ‌‌ရောက် ကိုလေးခွင်း ထွက်ပြေးတယ်ဆိုပြီး ပစ်သတ်ခဲ့တယ်။ ပြီးတော့ဝေါဆေးရုံးကို ပို့လိုက်တယ်။ အဲဒီအချက်အလက်ကို ဝေါမြို့နယ် လွှတ်တော်ကိုယ်စားလှယ် မင်းထက်သာက မိသားစုထံ အတည်ပြုပေးပါတယ်။

 

“သူတို့ နှစ်ယောက်ကို လူမသိ၊သူ မသိ ပိုင်ရှင်မဲ့အလောင်းအနေနဲ့ သဂြိုလ်ခဲ့တယ်။ ဘယ်နေရာမှာ သဂြိုလ်တယ်ဆိုတာ ကိုတော့ မသိရဘူး” လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများ ကွန်ရက်(PPNM)ကို ပြောဆိုထားပါတယ်။

 

 

မနိုဘယ်လ်အေးဟာ ၁၉၉၆ ခုနှစ် ကျောင်းသားလှုပ်ရှားမှုမှာ ပါဝင်ခဲ့တာကြောင့် ထောင်ဒဏ် (၄၂) နှစ်အထိ ကျခံရဖူးသူ နိုင်ငံရေးအကျဉ်းသူတစ်ဦးဖြစ်ပါတယ်။

 

Covid-19 ကာလမှာ လူမှုရေးလုပ်ငန်းတွေကို လုပ်ကိုင်နေခဲ့ပြီး ၂၀၂၄ ခုနှစ် ဇန်နဝါရီ  ၂၉ ရက်မှာ ဖမ်းဆီးခံခဲ့ရတာလို့ နိုင်ငံရေးအသိုင်းဝိုင်းက သိရပါတယ်။

 

စစ်ကောင်စီရဲ့ ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေမှာ မနိုဘယ်လ်အေးဟာ လက်နက်တွေ ဝှက်သယ်ဆောင် လာတာကို သတင်းရတဲ့အတွက်လုံခြုံရေးအဖွဲ့တွေက ပဲခူးမြို့အဝင်မှာ မော်တော်ကားတစီးကို စစ်ဆေးရာကနေ ဖမ်းမိခဲ့တာလို့ ဆိုပါတယ်။

 

မနိုဘယ်လ်အေး ဝှက်သယ်လာတဲ့ စနိုက်ပါ တစ်လက်၊ အမ် (၁၆) သေနတ်တစ်လက်၊ ပစ္စတို တစ်လက်၊ ကျည်အိမ် ၅ ခု၊ ကျည် ၂၉၀၀ တောင့်၊ ယမ်းပျော့ ၆ ကီလိုဂရမ်တို့ကို သိမ်းဆည်းရမိတယ်ဆိုပြီး မနိုဘယ်လ်အေးနဲ့ အမျိုးသားတစ်ဦးနဲ့အတူရိုက်ထားတဲ့ ဓါတ်ပုံတွေနဲ့အတူ ဖော်ပြခဲ့ကြပါတယ်။

 

ဓာတ်ပုံ - လူမှုကွန်ရက်

 

Burma Associated Press

ပဲခူး
နိုဘယ်လ်အေး
အာဏာသိမ်းစစ်တပ်
သတ်ဖြတ်ခဲ့

Share With
bap-logo