Politics
ရန်ကုန်မှာလည်း ရခိုင်တိုင်းရင်းသားတွေ စောင့်ကြည့်ခြိမ်းခြောက်ခံနေရ
လွန်ခဲ့သော တစ်နှစ် က
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၆။
ရခိုင်မှာ မြို့သိမ်းတိုက်ပွဲတွေဆက်ဖြစ်လာပြီးနောက် စစ်တပ်နဲ့ ယင်းကိုထောက်ခံသူတွေက ရန်ကုန်နဲ့ မန္တလေးမြို့ ကြီးတွေက ရခိုင်တိုင်းရင်းသားတွေနဲ့ သူတို့ရဲ့ စီးပွားရေးလုပ်ငန်းတွေကို ပစ်မှတ်ထားပြီး လူမျိုးရေး ပဋိပက္ခအသွင်ဖြစ်အောင် ဖန်တီးလာနေကြပါတယ်။
ရန်ကုန်တိုင်း၊ မြောက်ဒဂုံမြို့နယ်ထဲက ရခိုင်တိုင်းရင်းသားတွေနေတဲ့ အိမ်တွေကို ဒီရက်ပိုင်းအတွင်း ဧည့်စားရင်း စစ်ပြီးတင်းကြပ်မူတွေလုပ်နေတယ်လို့ မြောက်ဒဂုံမြို့နေသူအချို့ကပြောပါတယ်။
"ဧည့်စားရင်းစစ်တာထက် ရခိုင်မို့ဖိနှိပ်ချင်တဲ့သဘောရှိတယ်၊ ရပ်ကွက်ကလမ်းလူကြီးတွေရော အုပ်ချုပ်ရေး အဖွဲ့တွေ ပါပါတယ်၊ ဧည့်စားရင်းထဲကလူအတိုင်း ဟုတ်မဟုတ် တယောက်ချင်းစစ်တာ၊ အခြား အိမ်တွေ မပါဘူး ရခိုင်တွေနေတဲ့အိမ်ကို အဓိကထားစစ်တာ"လို့ အစစ်ဆေးခံခဲ့ရတဲ့ မြောက်ဒဂုံမြို့နေသူတဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းကလဲ ပုဇွန်တောင်မြို့နယ်က ရခိုင်ဆိုင် တဆိုင်ကို စစ်ကောင်စီက ဧည့်စာရင်းစစ်ဆေးရာ အမျိုးသား ၅ ဦး ဖမ်းဆီးသွားတယ်ဆိုပြီး သတင်းတချို့ထွက်ပေါ်ခဲ့ပါတယ်။
ရန်ကုန်တိုင်းက မြို့နယ်အချို့က ရခိုင်လူမျိုးအများအပြားနေတဲ့နေရာတွေမှာလည်း ဧည့်သည်လာရင် အကြောင်း ကြားပေးဖို့၊ ဧည့်စာရင်းတိုင်တဲ့အချိန်မှာလဲ တင်းတင်းကြပ်ကြပ် စစ်ဆေးမေးမြန်းတာတွေ ပြုလုပ်နေတယ်လို့ ရပ်ကွက်နေသူအချို့က ပြောပါတယ်။
"ဧည့်စားရင်းတိုင်ရင်အရင်လိုမှတ်ပုံတင်နဲ့တိုင်လို့မရဘဲ ဧည့်သည်ရဲ့ ဓာတ်ပုံရိုက်ထားတဲ့ပုံနဲ့မှ တိုင်လို့ရတယ်၊ ရခိုင်နေတဲ့အိမ်မို့ သတိထားစောင့်ကြည့်တာတွေ လုပ်နေတယ်"လို့ သာကေတ မြို့နေသူတဦးက ပြောပါတယ်။
မန္တလေးမြို့မှာ ဖေဖော်ဝါရီ၁၂ရက်နေ့ကလဲ ရခိုင်လူမျိုးရေးပဋိပက္ခဖြစ်စေရန် လှုံ့ဆော်ရေးသားထားတဲ့ စာရွက်တွေကို ကပ်ထားခဲ့ပြီး“ မန္တလေးမြို့ပေါ်က ရခိုင်ဆိုင် မှန်သမျှကို ဝယ်ယူ စားသောက်အားပေးခြင်း ရှောင်ကြဉ်ကြဖို့ လူအချို့က လာရောက်ကပ်ထားကြတာလို့ သိရပါတယ်။
"ရခိုင်စားသောက်ဆိုင်နဲ့ အရောင်းဆိုင်တွေ ခုချက်ချင်းပိတ်၊ မန္တလေးမြို့ပေါ်မှာ ရခိုင်ဆိုင်တွေမှန်သမျှ လုံးဝလုံးဝ အလိုမရှိ၊ ရခိုင်ဆိုင်တွေမှန်သမျှ မန္တလေးမြို့ပေါ်က ထွက်သွား၊ ရခိုင်ဆိုင် အလိုမရှိ၊ ရခိုင်ဆိုင်မှာ စျေးမဝယ်ယူရေး”စတဲ့ စာသားများရေးထားသော စာရွက်များကို ဖြန့်ဝေတာတွေ၊ လူစည်ကားရာနေရာအချို့မှာ ကပ်ထားတာတွေပြုလုပ်ခဲ့တာပါ။
စစ်ဆင်ရေးအမှတ် - ၁၀၂၇ နဲ့ ရှမ်းမြောက်မှာ အရှုံးကြီးရှုံးခဲ့တဲ့ စစ်တပ်ဟာ ရခိုင်မှာလည်း မရှုမလှ အရေးနိမ့်လာပြီးနောက်မှာ တိုင်းရင်းသား လူမျိုးစုတွေကို ပစ်မှတ်ထားတဲ့ ပဋိပက္ခတွေကို ဖန်တီးလာနေတာတွေ့ရပါတယ်။
ပုံစာ - ရန်ကုန်မှာ ပြုလုပ်ခဲ့တဲ့ ၇၅ နှစ်ပြည့် ဆရာတော် ဦးဥတ္တမ နေ့ အခမ်း အနား ( ပုံဟောင်း)
Top News
လွန်ခဲ့သော တစ်ရက် က
လွန်ခဲ့သော ၂ ရက် က
လွန်ခဲ့သော ၇ ရက် က