bap-logo
Local News

မယ်တရိထာစခန်းမှ ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်သားများ ထိုင်းတွင် ဆေးကုနေ

WaFkPssbKcsQL1TAdTN90-image

လွန်ခဲ့သော ၂ နှစ် က

မတ် ၃၀

သံလွင်မြစ်ကမ်းနားတွင်တည်ရှိသည့် မယ်တရိထာ(ခေါ်) မယ်ခါးထာစခန်းကို KNLA-ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်နှင့် ပူးပေါင်းတပ်က သိမ်းယူစဉ်ဒဏ်ရာရထွက်ပြေးသည့် စစ်ကောင်စီ တပ်သား အချို့ကို ထိုင်းတော်ဝင်တပ်မတော်က ဆေးကုသပေးနေသည်ဟု ကရင်အမျိုးသား အစည်းအရုံးတပ်မဟာ () က သတင်းထုတ်ပြန်သည်။

 

မယ်တရိထာ(ခေါ်)မယ်ခါးထာစခန်းသည် ယခင် KNLA-ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်၊ တပ်ရင်း(၂၀)အခြေစိုက်ရာဒေသဖြစ်ကာ ၁၉၉၅ ခုနှစ် KNUဗဟိုဌာနချုပ်-မာနယ်ပလောကျဆုံးအပြီး စစ်ကောင်စီတပ်က အလုံးအရင်းဖြင့်ထိုးစစ်ဆင်သိမ်းယူထားသည့် KNLA စခန်းဟောင်း ဖြစ်သည်ဟု KNU ကဆိုသည်။

 

အဆိုပါ စခန်းကို KNLA-ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်နှင့် ပူးပေါင်းတပ်က မတ်လ ၂၈ ရက် မနက် နာရီအချိန်တွင် ပြန်လည် တိုက်ခိုက်သိမ်းယူလိုက်သည်။ အဆိုပါ စခန်းသိမ်းတိုက်ပွဲသည် ၄၅ မိနစ်သာ ကြာမြင့်သည်ဟုလည်း သိရသည်။

 

တိုက်ပွဲအပြီး စစ်ကောင်စီတပ်ဖွဲ့ ၁၆ ဦး သေဆုံးကာ ဦး ဒဏ်ရာရရှိခဲ့သည်ဟု KNU ကဆိုသည်။

 

ဒဏ်ရာရသူများအနက် ဦးသည် ထိုင်းနိုင်ငံဖက်ခြမ်းသို့ ကူးခတ် လွတ်မြောက်သွားပြီး ယခုအချိန်တွင် ထိုင်း တော်ဝင်တပ်မတော်က နီးစပ်ရာ ထိုင်းပြည်သူ့ဆေးရုံတွင် ဆေးကုသမှုပေးလျှက်ရှိနေသည်ဟုလည်း ဖော်ပြထား သည်။

 

စခန်းပြန်လည်သိမ်းယူအပြီး စစ်ကောင်စီ၏လက်နက်မျိုးစုံဖြစ်သည့် MA-1, MA-2, MA-4, RPG-7, ၆၀ မမ စိန်ပြောင်း၊ စက်လတ်နှင့် စနိုက်ပါ စုစုပေါင်း ၂၃ လက်နှင့် ကျည် ,၃၆၀ တောင့်အပြင် ဆက်သွယ်ရေးစက်()လုံး၊ စကားပြောစက်()လုံး၊ ဖုန်း()လုံး၊ ဓာတ်ခဲဗူး()ဗူးနှင့် စစ်ဘောင်းဘီ()ထည် သိမ်းဆည်းရမိသည်ဟု KNU ထံမှ သိရသည်။

 

တိုက်ပွဲအတွင်း မိမိတို့ KNLA-ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်နှင့် FFD ပူးပေါင်းတပ်မှ တစ်ဦး ကျဆုံးပြီး ရှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

BAP သတင်းဌာနက စုစည်းထားသည့် အချက်အလက်များအရ အာဏာသိမ်းပြီးနောက် စစ်ကောင်စီသည် ကရင် ပြည်နယ်အတွင်းရှိ ခြေကုပ်စခန်း ၁၁ ခု ထက်မနည်းကို လက်လွှတ်ခဲ့ရပြီး ဖြစ်သည်။

 

ပုံစာ - စစ်ကောင်စီလက်လွှတ်ခဲ့ရသည့် သံလွင်မြစ်ကမ်းပေါ်ရှိ မယ်တရိထာစခန်း( ဓာတ်ပုံ - KNU တပ်မဟာ () )

Burma Associated Press

KNU/KNLA
စစ်တပ်
ထိုင်းနိုင်ငံ

Share With
bap-logo