Local News
မြဝတီ ကုန်သွယ်ရေးဇုံအနီးတိုက်ပွဲတွင် စစ်ကောင်စီ ၁၁ ဦးသေ၊ အမျိုးသမီး တစ်ဦးအပါအဝင် ၈ ဦး အရှင်မိ
လွန်ခဲ့သော ၂ နှစ် က
မတ် ၂၆
ကရင်ပြည်နယ်၊ မြဝတီကုန်သွယ်ရေးဇုံအနီး ယမန်နေ့ မတ်လ ၂၅ ရက် က ဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ၁၁ ဦးသေဆုံးကာ သုံးဦး ဒဏ်ရာခဲ့ပြီး အမျိုးသမီးတစ်ဦး အပါအဝင် စစ်သုံ့ပန်း ၈ ဦး ဖမ်းမိခဲ့သည်ဟု စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။
ထို့အတူ တော်လှန်ရေးပူးပေါင်းအဖွဲ့များက စစ်ကောင်စီထံမှ လက်နက်မျိုးစုံ ၁၇ လက်၊ ကျည်မျိုးစုံ ၆၈၅ တောင့် သိမ်းဆည်းရမိခဲ့သည်ဟုဆိုသည်။
ယမန်နေ့ မတ်လ ၂၅ ရက်တွင် ကရင်ပြည်နယ်၊ ကျုံဒိုး၊ ကော့ကရိတ်၊ သင်္ကန်းညီနောင် မြန်မာ-ထိုင်း အာရှလမ်းမတလျှောက် တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ မြေပြင်တိုက်ပွဲတွင် အထိနာသည့် စစ်ကောင်စီ သည် လေကြောင်းပစ်ကူ အသုံးပြုခြင်းနှင့် ကျေးရွာအတွင်း လက်နက်ကြီးများ ပစ်ချခြင်းများ ပြုလုပ်ခဲ့သည့် အတွက် အရပ်သား ထိခိုက်သေဆုံးမှုအချို့ရှိခဲ့သည်။
ယနေ့မတ်လ ၂၆ ရက်တွင်ကလည်း ကော့ကရိတ်မြို့တွင်း တိုက်ပွဲများ ဖြစ်ပေါ်နေပြီး စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်လျှက် ရှိသည်။
ပုံစာ - စစ်ကောင်စီက ကျေးရွာအတွင်းပစ်ချခဲ့သည့် လက်နက်ကြီးကျည် အပိုင်းအစများ