bap-logo
Local News

မတူပီ-ပလက်ဝလမ်း တိုက်ပွဲ စစ်ကောင်စီ ၁၃ ဦး သေဆုံး

Qj5ywtd-A1xsPdJX6NUQa-image

လွန်ခဲ့သော ၂ နှစ် က

မတ် ၂၆

ချင်းပြည်နယ်၊ မတူပီမြို့နယ်အတွင်း မတူပီ-ပလက်ဝလမ်းမ၊ မိုင်တိုင်အမှတ် ၁၄ နှင့် ၁၅ အကြား တိုက်ပွဲတွင် စစ်‌ ကောင်စီတပ်သား ၁၃ ဦးသေဆုံးခဲ့ကြောင်း CDF-Matupi က ရုပ်သံနှင့် ထုတ်ပြန်သည်။

 

မတူပီမြို့မှ ထယ်ဘွေစခန်းသို့ ရိက္ခာဖြည့်ရန် ထွက်ခွာလာသော စစ်ကောင်စီစစ်ကား သုံးစီးနှင့် အင်အား ၈၀ ခန့်ကို မတ်လ ၂၄ ရက်က မတူပီ-ပလက်ဝ လမ်း၊ မိုင်တိုင် ၁၄ နှင့် ၁၅ အကြားတွင် မိုင်းဆွဲတိုက် ခိုက်မှုနှင့် ပစ်ခတ်တိုက်ခိုက်မှုများ ဆက်လက်လုပ်ဆောင်ခဲ့ရာ စစ်ကောင်စီတပ်ထား ၁၃ ဦး သေဆုံးပြီး ဦးဒဏ်ရာ ရရှိခဲ့သည်ဟုဆိုသည်။

 

အဆိုပါတိုက်ပွဲကို CDF-Matupi နှင့် Chin National Army တပ်ဖွဲ့၀င်များ ပူးပေါင်း တိုက်ပွဲ၀င်ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

 

မတူပီ-ပလက်ဝလမ်း မိုင်တိုင် ၁၆၊ ဝါပုန်းလမ်းခွဲအနီးအနား တစ်လျှောက်ကို စစ်ကောင်စီတပ်က နင်းမိုင်းများ ထောင်ထားသဖြင့် မိုင်းရှင်းလင်းပြီးဖြစ်ကြောင်း ထုတ်ပြန်မှသာ သွားလာကြရန် CDF-Matupi က အသိပေးထားသည်။

 

ပုံစာ- မတူပီ-ပလက်ဝ လမ်းမပေါ်တွင် သေဆုံးနေသည့် စစ်ကောင်စီ တပ်သားများ ( CDF-Matupi )

Burma Associated Press

စစ်တပ်
ချင်း

Share With
bap-logo