Data
ပြည်တွင်းနေရပ်စွန့်ခွာသူ ၁ ဒသမ ၉ သန်း ရှိလာပြီ
လွန်ခဲ့သော တစ်နှစ် က
ဇူလိုင် ၂၀။
ကုလ၏ နောက်ဆုံးကိန်းဂဏန်းများအရ ၂၀၂၃ ခုနှစ် ဇူလိုင် ၁၀ ရက်အထိ မြန်မာနိုင်ငံတွင် ပြည်တွင်း နေရပ်စွန့်ခွာသူ ၁ ဒသမ ၉ သန်းနီးပါး ရှိလာပြီဖြစ်ကြောင်း UNOCHA- Myanmar က ထုတ်ပြန်သည်။
အစီရင်ခံစဉ်ကာလအတွင်း ပြည်နယ် သုံးခုမှ လူဦးရေ ၃,၀၀၀ နီးပါးက လေကြောင်းတိုက်ခိုက်မှုနှင့် ပြင်းထန်သည့် တိုက်ပွဲများကြောင့် နေရပ်စွန့်ခွါထွက်ပြေးနေရသည်ဟု UNOCHA- Myanmar က ဆိုသည်။
နေရပ်စွန့်ခွာသူ ၁ ဒသမ ၉ သန်းအနက် လူဦးရေ ၁ ဒသမ ၆ သန်းနီးပါးသည် အာဏာသိမ်းပြီးနောက်ပိုင်း နေရပ်စွန့်ခွာနေရသူများ ဖြစ်သည်ဟုလည်း သိရသည်။
ဒါ့အပြင် စစ်ကောင်စီက မိုခါမုန်တိုင်းတိုက်ခိုက်ပြီး ၂လအကြာအထိ ရခိုင်ပြည်နယ်အတွင်းရှိ ကယ်ဆယ်ရေး လုပ်ငန်းလုပ်ဆောင်ခွင့်ကို ဆိုင်းငံ့ထားဆဲ ဖြစ်သည်ဟု UNOCHA- Myanmar က အသိပေးသည်။
ပုံစာ- ကရင်ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာနေရသူများ
မြန်မာ
အာဏာသိမ်း
ဒုက္ခသည်
Related Articles
- ပကဖ နှင့် LDF များ၏ စစ်လက်နက်ထုတ် လုပ်ရေးအတွက် အမေရိကန်ဒေါ်လာ ၁ ဒသမ ၉ သန်း ပေးပို့ခဲ့
- ကေအဲန်ယူ၊ တပ်မဟာ ၆ တွင် ဇွန်လအတွင်း စစ်ကောင်စီ၏ လူ့အခွင့်ရေး ချိုးဖောက်မှု များကြောင့် ပြည်သူ နှစ်ဦး သေဆုံး၊ ကိုးဦး ဒဏ်ရာရရှိခဲ့
- စစ်တပ်လက်ချက်ကြောင့် ကျဆုံးခဲ့သူ ၃,၈၀၅ ဦးရှိပြီ
- ဇူလိုင်လဝက်အတွင်း ကေအဲန်ယူ၊ တပ်မဟာ ၃ တွင် ပြည်သူ တစ်သောင်းကျော် စစ်ဘေးရှောင်နေရ
Share With