bap-logo
Politics

အင်းစိန်​ထောင်မှ လွတ်လာသူများတွင် နိုင်ငံ​ရေးအကျဥ်းသား ၂၀၀ ပါဝင်

Us3vyAjqVuxGNYELj1rOT-image

လွန်ခဲ့သော တစ်နှစ် က


ဇန်နဝါရီ ၅

 

၇၆ နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်လွတ်မြောက်လာခဲ့တဲ့ နိုင်ငံတဝန်းလုံးက နိုင်ငံရေးအကျဉ်းသားများတွေထဲမှာမှ အင်းစိန်အကျဥ်းထောင်ကနေ အကျဉ်းသားစုစုပေါင်း ၂၀၀ လွတ်မြောက်လာ တယ်လို့ နိုင်ငံရေးအကျဥ်းသားတွေကို ကူညီပေးသူအချို့ဆီက သိရပါတယ်။

 

မန္တလေးအိုးဘိုအကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသားစုစုပေါင်း (၁၄၀) ခန့်၊မွန်ပြည်နယ်အကျဉ်းထောင်နဲ့ အချုပ်‌ထောင်က နိုင်ငံရေးအကျဉ်းသား (၃၁) ဦးခန့် လွတ်မြောက်လာပြီး၊ အခြားအကျဉ်းထောင်တွေကနေ နိုင်ငံရေးအကျဉ်းသားလွတ်‌မြောက်လာမှုမှာ () ဦးအောက်သာရှိပြီး အချို့အကျဉ်းထောင်မှာဆို တဦးမှ လွတ်မြောက်လာခြင်းမရှိဘူးလို့ နိုင်ငံရေးအကျဥ်းသားတွေကို ကူညီပေးနေတဲ့ Eat My Heart အဖွဲ့က အသိပေးထားပါတယ်။

 

ဇန်နဝါရီလ ၄ ရက် လွတ်လပ်ရေးနေ့မှာ မြန်မာနိုင်ငံတနိုင်လုံးက အကျဉ်းထောင်တွေမှာ အကျဉ်းသား/သူ ,၆၅၂ ဦးနဲ့ နိုင်ငံခြားသား အကျဉ်းသား၊ အကျဉ်းသူ ၁၁၄ ဦးကို စစ်ကောင်စီက လွတ်ငြိမ်းခွင့်ပေးထားပါတယ်။

 

လွှတ်ပေးတဲ့အထဲမှာ ရန်ကုန် အင်းစိန်အကျဉ်းထောင်က အကျဉ်းသား နှစ်ထောင်ကျော် လွှတ်မြောက်ခဲ့တယ်လို့ သိရပါတယ်။

 

လွတ်မြောက်လာတဲ့နိုင်ငံရေးအကျဥ်းသားတွေဟာ လွတ်ရက်ပြည့်ခါနီးသူတွေသာ ဖြစ်နေတယ်လို့ လွတ်မြောက် လာသူတွေက ပြောပါတယ်။

 

လွတ်မြောက်လာသူတွေထဲမှာ မန္တလေးမြို့တော်ဝန်ဒေါက်တာရဲလွင်နဲ့ မန္တလေးမြို့စည်ပင်ကော်မတီဝင် ဦးကျော်ဇေယျ၊ ဧရာဝတီတိုင်းလူမှုရေးဝန်ကြီး ဒေါက်တာလှမြတ်သွေးတို့ ပါဝင်လာပြီး လွတ်ရက်ပြည့်ခါနီးလို့ လွတ်မြောက်လာကြတာလို့ သိရပါတယ်။

 

စစ်အာဏာသိမ်းပြီးတဲ့နေ့က စပြီး ဒီကနေ့အချိန်အထိ မတရားဖမ်းဆီးခံပြည်သူပေါင်း ၂၅,၇၃၀ ဦးရှိပြီး ၁၉,၉၃၀ ဦးမှာ ထိမ်းသိမ်းခံထားရဆဲဖြစ်ပြီး သက်ဆိုင်ရာမိဘများနဲ့ အဆက်အသွယ်လုံးဝမရတော့ပဲ ပျောက်ကွယ် သွားရတဲ့ နိုင်ငံရေးအကျဉ်းသားများရှိနေသေးတယ်လို့သိရပါတယ်။

 

ပုံစာ - ဇန်နဝါရီ ရက် အင်းစိန်ထောင်မှ ပြန်လွတ်လာသူ အချို့ကိုတွေ့ရစဥ်

 

Burma Associated Press

လွတ်လပ်ရေးနေ့
အင်းစိန်
နိုင်ငံရေးအကျဉ်းသား

Share With
bap-logo