Politics
မန္တလေး မြို့တော်ဝန်ဟောင်း ဒေါက်တာရဲလွင် ပြန်လွတ်လာ
လွန်ခဲ့သော တစ်နှစ် က
ဇန်နဝါရီ ၄။
မန္တလေးမြို့တော်ဝန်ဟောင်း ဒေါက်တာရဲလွင်၊ မန္တလေးအိုးဘိုထောင်ကနေ ဒီနေ့ ဇန်နဝါရီလ ၄ ရက် (လွတ်လပ်ရေးနေ့) လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွတ်လာတယ်လို့ မန္တလေးမြို့ခံနိုင်ငံရေးသမားတွေဆီက သိရပါတယ်။
မြို့တော်ဝန်ဟောင်း ဒေါက်တာရဲလွင်နဲ့ ချမ်းအေးသာစံမြို့နယ် စည်ပင်ကော်မတီဝင်ဟောင်း ဦးကျော်ဇေယျတို့ ပါဝင်လာတာဖြစ်ပါတယ်။
၎င်းတို့နှစ်ဦးဟာ စစ်တပ်အာဏာသိမ်းတဲ့ ဖေဖော်ဝါရီလအတွင်းမှာပဲ ဖမ်းဆီးထိန်း သိမ်းခံခဲ့ရပြီး ပုဒ်မ ၅၀၅ (ခ)နဲ့ ထောင်ဒဏ် ၂ နှစ် ချမှတ်ခံခဲ့ ရတာဖြစ်ပါတယ်။
အဲဒီနောက် ၂၀၂၂ နိုဝင်ဘာလမှာ စစ်တပ်က နိုင်ငံပိုင်ပစ္စည်း အလွဲသုံးစားမှု ပုဒ်မ- ၄၀၉ နဲ့ တရားစွဲဆိုခံရပြီး အိုးဘိုထောင်တွင်းတရားရုံးက ထောင်ဒဏ် ၂ နှစ်ထပ်မံ ချမှတ်ခံတာပါ။
၇၆ နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် ဒီကနေ့ ဇန်နဝါရီ ၄ ရက်မှာ အကျဉ်းသား/သူ ၉,၆၅၂ ဦးနဲ့ နိုင်ငံခြားသား အကျဉ်းသား၊ အကျဉ်းသူ ၁၁၄ ဦးကို လွတ်ငြိမ်းခွင့်နဲ့ လွှတ်ပေးနေတယ်လို့ သိရပါတယ်။
ဒါ့အပြင် ယနေ့ လွတ်ငြိမ်းမှာ NLD အစိုးရလက်ထက် ဧရာ၀တီတိုင်း အစိုးရ အဖွဲ့ဝင် လူမှုရေး၀န်ကြီး ဒေါက်တာလှမြတ်သွေးလည်း ပုသိမ်အကျဉ်းထောင် ကနေလွတ်မြောက်လာတယ်လို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီနဲ့ နီးစပ်သူတွေထံက သိရပါတယ်။
ဓာတ်ပုံ - လူမှုကွန်ရက်
Top News
လွန်ခဲ့သော ၄ ရက် က
လွန်ခဲ့သော ၆ ရက် က
လွန်ခဲ့သော ၁၀ ရက် က