bap-logo
Local News

တရုတ်ဘာသာတွင် မကောင်းသည့်သဘော ဆောင်နေသည်ဟုဆိုကာ ကချင် ကန်ပိုက်တီ မြို့ကို ကံပိုင်တည်မြို့အဖြစ် စစ်ကောင်စီ အမည်ပြောင်း

UmbyAfwTbanHjfmWnGGOE-image

လွန်ခဲ့သော ၂ နှစ် က

ဖေဖော်ဝါရီ ၂၂

 

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်အတွင်းရှိ ကန်ပိုက်တီမြို့ကို ကံပိုင်တည်မြို့အဖြစ် စစ်ကောင်စီက ယခုနှစ် ဖေဖော်ဝါရီ ၁၄ ရက်စွဲဖြင့် အမည်ပြောင်းလဲလိုက်ကြောင်း စစ်ကောင်စီလက်အောက်ခံ သတင်းစာတွင် ယနေ့ ဖော်ပြထားသည်။

 

အဆိုပါမြို့သည် တရုတ်နယ်စပ်မြို့ဖြစ်ပြီး ကန်ပိုက်တီကို တရုတ်ဘာသာစကားဖြင့် အဓိပ္ပါယ် ဖွင့်ဆို ပါကကန်းပိုင်တီကန်း-ခြောက်သွေ့ခြင်း၊ ပိုင်-ပျက်စီးခြင်း၊ တီ-နေရာဟု အမည်ရသည့်အတွက် ယခုကဲ့သို့ ပြောင်းလဲပြင်ဆင်ရခြင်းဖြစ်သည်ဟု ဆိုသည်။

 

ယခု ပြောင်းလဲလိုက်သောအမည်သည် မြန်မာဘာသာတွင် ကံ-ကံကောင်းခြင်း၊ ပိုင်-ပြည်ထောင်စုက ပိုင်ဆိုင် ခြင်း၊ တည်-တည်ငြိမ်ခြင်း၊ တည်တံ့ခြင်း၊ တည်ရှိခြင်းဟု အဓိပ္ပါယ်ရသည်ဟုဆိုသည်။

 

ထိုသို့ အမည်ပြောင်းလဲခြင်းကို မြို့မိမြို့ဖများ၊ ကချင်အထူးဒေသ () ထာဝရ ငြိမ်းချမ်းရေးအဖွဲ့ချုပ် ဥက္ကဌ ဦးဇခုန်တိန့်ယိန်း၊ ကချင်ပြည်နယ်၊ အစိုးရအဖွဲ့ ဝန်ကြီးချုပ်တို့က တင်ပြခဲ့သည့်အပေါ် လုပ်ထုံးလုပ်နည်းများနှင့် အညီ ဆောင်ရွက်ခဲ့သည်ဟုလည်း ဆိုထားသည်။

 

မြန်မာ-တရုတ်နယ်စပ်မြို့ဖြစ်သည့် အဆိုပါမြို့ကို ၂၀၁၄ ခုနှစ်၊ မေလမှ စတင်ကာ မြို့အဖြစ် သတ်မှတ်ခဲ့ပြီး ပင်လယ်ရေမျက်နှာပြင်အထက် ၆,၅၃၄ ပေတွင် တည်ရှိကာ မြို့ဧရိယာမှာ ၂၀၈ ဒသမ ၅၉ စတုရန်းမိုင် ကျယ်ဝန်းသည်။

 

Burma Associated Press

မြန်မာ
ကချင်
စစ်ကောင်စီ

Share With
bap-logo