Local News
ကေအဲန်ယူ တပ်မဟာ ၅တွင် လေကြောင်း တိုက်ခိုက်ခံရ၍ စာသင်ကျောင်းနှင့် လူနေအိမ်များ မီးလောင်
လွန်ခဲ့သော ၂ နှစ် က
ဖေဖော်ဝါရီ ၁၇
ကေအဲန်ယူ −ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်နယ်မြေသို့ ဖေဖော်ဝါရီလ ၁၄ ရက် နှင့် ၁၅ ရက်များတွင် စစ်ကောင်စီတပ်က တိုက်လေယာဉ် ၆ စင်းဖြင့်လေကြောင်း တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာ စာသင်ကျောင်းအပါအဝင် လူနေအိမ်များ မီးလောင်ပြာကျခဲ့ကြောင်း သိရသည်။
ဖေဖော်ဝါရီလ ၁၄ ရက် ညပိုင်းက စစ်ကောင်စီ၏ တိုက်လေယာဉ် ၃ စင်းက ကေအဲန်ယူ၊ မူတြော်ခရိုင် တပ်မဟာ (၅)၊ လူသောမြို့နယ်၊ ဒေဘုနိုကျေးရွာ အတွင်းသို့ ဗုံးသီး(၆)လုံးအား လာရောက်ကြဲချခဲ့ပြီး၊ ယင်းဗုံးသီးသည် နေအိမ် ၆ လုံးကိုထိမှန်ကာ မီးလောင်ပြာကျပျက်စီးသွားခဲ့ရကြောင်း KNU ကထုတ် ပြန်သည်။
ထို့အပြင် ဖေဖော်ဝါရီလ ၁၅ ရက် ညပိုင်းတွင်လည်း စစ်ကောင်စီတပ်၏ တိုက်လေယာဉ် (၃) စင်းက အထက်ပါမြို့နယ်မှ ပေးကေးဒဲကျေးရွာအုပ်စုအတွင်းရှိ ထော့ထီးပယ်ကျေးရွာအတွင်းသို့ တိုက်လေယာဉ် တစ်စင်းလျှင် ဗုံးသီး (၂) လုံးနှုန်းဖြင့် စုစုပေါင်းဗုံးသီး (၆)လုံး ကြဲချခဲ့ကြောင်းသိရသည်။
အဆိုပါတိုက်ခိုက်မှုကြောင့် အဆောက်အဦး (၇) ခုပါရှိသည့်စာသင်ကျောင်း (၁) ကျောင်း၊ နေအိမ် (၆) လုံး၊ ဈေးဆိုင် (၃) ဆိုင်နှင့် စပါးကျီ (၂) လုံးအားထိမှန်ကာ မီးလောင်ပြာကျခဲ့ပြီး လယ်ထွန်စက် (၄) စီး၊ ဆိုင်ကယ်(၂)စီး၊ အင်တာနက် ဝိုင်ဖိုင် စလောင်း (၁)ချပ်နှင့် ဆန်စက်(၁)လုံးလည်း ထိခိုက်ပျက်စီးသွားကား ပျက်စီးဆုံးရှုံးမှုမှာ စုစုပေါင်းကာလတန်ဖိုး ထိုင်းဘတ် ငွေ (၃) သန်းကျော် ရှိကြောင်းသိရသည်။
Photo -KNU
Top News
လွန်ခဲ့သော ၆ ရက် က
လွန်ခဲ့သော ၇ ရက် က
လွန်ခဲ့သော ၁၁ ရက် က